မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၁

ဘုရားသခင်သည် မိမိ၏မိတ်ဆွေဖြစ်လာရန် သင့်အားဖိတ်ခေါ်

ဘုရားသခင်သည် မိမိ၏မိတ်ဆွေဖြစ်လာရန် သင့်အားဖိတ်ခေါ်

ဘုရား​သခင်​သည် သင့်​အား​ကိုယ်​တော့်​မိတ်​ဆွေ​ဖြစ်​စေ​လို​သည်။ သင်​သည် စ​ကြ​ဝ​ဠာ​တွင် အကြီး​မြတ်​ဆုံး​ပု​ဂ္ဂိုလ်၏​မိတ်​ဆွေ​ဖြစ်​နိုင်​ကြောင်း​ကို စဉ်း​စား​ခဲ့​ဖူး​ပါ​သလော။ ရှေး​ခေတ်​က​အသက်​ရှင်​ခဲ့​သော အာဗြဟံ​သည် ဘုရား​သခင့်​အဆွေ​ဟု အခေါ်​ခံ​ခဲ့​ရ​သည်။ (ယာကုပ် ၂:၂၃) ကျမ်း​စာ​၌​ဖော်​ပြထား​သော အခြား​သူ​များ​သည်​လည်း ဘုရား​သခင့်​မိတ်​ဆွေ​ဖြစ်​ခဲ့​ကြ​ပြီး ကောင်း​ချီး​များ​စွာ​ခံ​စား​ခဲ့​ကြ​သည်။ ယနေ့ ကမ္ဘာ့​ဒေ​သအသီး​သီး​မှ​သူ​တို့​သည် ဘုရား​သခင့်​မိတ်​ဆွေ​များ​ဖြစ်​လာ​ကြ​ပြီ။ အသင်​လည်း ဘုရား​သခင့်​မိတ်ဆွေ​ဖြစ်​နိုင်​ပါ​သည်။

ဘုရား​သခင့်​မိတ်​ဆွေ​ဖြစ်​ခြင်း​သည် မည်​သည့်​လူ​သား​၏​မိတ်​ဆွေ​ဖြစ်​ခြင်း​ထက်​မဆို သာ​လွန်​၏။ ဘုရား​သခင်​သည် မိမိ​၏​သစ္စာ​ရှိ​မိတ်​ဆွေ​များ​ကို မည်​သည့်​အခါ​မျှ​စိတ်​မပျက်​စေ​ပါ။ (ဆာလံ ၁၈:၂၅) ဘုရား​သခင့်​မိတ်​ဆွေ​ဖြစ်​ခြင်း​သည် စည်း​စိမ်​ဥစ္စာ​ရှိ​ခြင်း​ထက် သာ​လွန်​၏။ ချမ်း​သာ​သူ​တစ်​ဦး​သေဆုံး​သော​အခါ သူ့​ငွေ​ကို သူ​တစ်​ပါး​ရ​သွား​သည်။ သို့​သော် ဘုရား​သခင့်​မိတ်​ဆွေ​ဖြစ်​ရ​သူ​တို့​သည် မည်​သူ​မျှ​ယူ​မသွား​နိုင်​သော ဘဏ္ဍာ​ကို​ရ​ထား​ကြ​သည်။—မဿဲ ၆:၁၉

လူ​အချို့​က ဘုရား​သခင်​အကြောင်း သင်​ လေ့​လာ​နေ​သည်​ကို​တားဆီး​ဖို့ ကြိုး​စား​ကြ​ပေမည်။ သင့်​မိတ်​ဆွေ​အချို့​နှင့် မိ​သား​စု​က​ပင် ထို​သို့​ပြု​ပေမည်။ (မဿဲ ၁၀:၃၆၊ ၃၇) အခြား​သူ​တို့​က သင့်​ကို​ လှောင်​ပြောင်​မည် သို့​မဟုတ် ခြိမ်းခြောက်​မည်​ဆို​လျှင် ‘မည်​သူ့​နှစ်​သက်​မှု​ကို ကျွန်ုပ်​ရ​လို​သနည်း—လူသား​များ​လော သို့​မဟုတ် ဘုရား​သခင်​လော’ ဟူ၍​သင့်​ကိုယ်​သင်​မေးပါ။ ဤ​အချက်​ကို​စဉ်း​စား​ကြည့်​ပါ– တစ်​စုံ​တစ်​ဦး​က သင့်​ကို​အစာ​မစား​ဖို့​တား​ဆီး​လျှင် သူ့​စကား​ကို​နား​ထောင်​မည်​လော။ လုံး​ဝ​နား​ထောင်​မည်​မဟုတ်! အသက်​ရှင်​ဖို့​အစာ​လို​သည်။ သို့​သော် ဘုရား​သခင်​သည် သင့်ကို​ထာ​ဝ​စဉ်​အသက်​ရှင်​စေ​နိုင်​သည်​တ​ကား! သို့​ဖြစ်​၍ သင်​သည် ဘုရား​သခင့်​မိတ်​ဆွေ​ဖြစ်​ရန် သင်​ယူ​နေ​ခြင်း​အား​ရပ်​ဆိုင်း​ရန် ဘယ်​သူ​ကို​မျှ ဘယ်တော့​မှ ခွင့်​မပြု​ပါ​နှင့်။—ယောဟန် ၁၇:၃