မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၂

ဘုရားသခင်သည် သင်ရရှိနိုင်သမျှမိတ်ဆွေတွင် အကောင်းဆုံးဖြစ်

ဘုရားသခင်သည် သင်ရရှိနိုင်သမျှမိတ်ဆွေတွင် အကောင်းဆုံးဖြစ်

ဘုရား​သခင့်​မိတ်​ဆွေ​ဖြစ်​ခြင်း​သည် သင်​၌​ဖြစ်​နိုင်​သမျှတွင် အကောင်း​ဆုံး​အရာ​ဖြစ်​၏။ ဘုရား​သခင်​သည် သင့်​အား မည်​သို့​ပျော်​ရွှင်​နိုင်​ပုံ​နှင့် လုံ​ခြုံ​နိုင်​ပုံ​ကို သင်​ကြား​ပေး​မည်; မှား​ယွင်း​သော​ယုံ​ကြည်​ချက်​များ​နှင့် အန္တ​ရာယ်​ရှိ​သည့်​ဓ​လေ့​ထုံး​စံ​များ​စွာ​တို့​မှ လွတ်​မြောက်​စေ​မည်။ သင့်​ဆု​တောင်း​ချက်​များ​ကို ကိုယ်​တော်​နား​ညောင်း​တော်​မူ​မည်။ စိတ်​ငြိမ်​သက်​မှု​နှင့် ယုံ​ကြည်​စိတ်​ချ​မှု​ရှိ​ဖို့ ကိုယ်​တော်​ထောက်​ကူ​ပေး​မည်။ (ဆာလံ ၇၁:၅; ၇၃:၂၈) ဘုရား​သခင်​သည် ခက်​ခဲ​ချိန်​များ​တွင် သင့်​အား​ထောက်​မပေး​မည်။ (ဆာလံ ၁၈:၁၈) ထို့​အပြင် ဘုရား​သခင်​သည် ထာ​ဝ​ရ​အသက်​ဆု​ကို သင့်​အား​ကမ်း​လှမ်း​သည်။—ရောမ ၆:၂၃

ဘုရား​သခင်​နှင့်​  သင် ​ရင်း​နှီး​လာ​သည်​နှင့်​အမျှ ကိုယ်တော်​၏​မိတ်​ဆွေ​များ​နှင့် ရင်း​နှီး​လာ​လိမ့်​မည်။ သူ​တို့​လည်း သင့်​မိတ်​ဆွေ​များ​ဖြစ်​လာ​ကြ​မည်။ အမှန်​မှာ၊ သူ​တို့​သည် သင်​နှင့်​မောင်​နှ​မများ​ကဲ့​သို့​ဖြစ်​ကြ​မည်။ သူ​တို့​သည် ဝမ်း​မြောက်​ဝမ်း​သာ​စွာ သင့်​အား ဘုရား​သခင်​အကြောင်း သင်​ကြား​ပေး​၍ အား​ပေး​ထောက်​ကူ​ကြ​လိမ့်​မည်။

ကျွန်ုပ်​တို့​သည် ဘုရား​သခင်​နှင့်​ တန်း​တူ​မဟုတ်​ကြ​ပါ။ ဘုရား​သခင့်​မိတ်​ဆွေ​ဖြစ်​ဖို့​ကြိုး​စား​နေ​စဉ် အရေး​ကြီး​သော​အရာ​တစ်​ခု​ကို သင်​သဘော​ပေါက်​ရ​မည်။ ဘုရား​သခင်​နှင့်​မိတ်​ဆွေ​ဖွဲ့​ခြင်း​သည် ဂုဏ်​ရည်​တူ​သူ​ချင်း မိတ်​ဖွဲ့​ခြင်း​မဟုတ်​ပါ။ ကိုယ်​တော်​သည် ကျွန်ုပ်​တို့​ထက်​များ​စွာ​အသက်​ကြီး​၍ ပညာ​ရှိ​ပြီး တန်​ခိုး​သာ​၍​ကြီး​မား​တော်​မူ​၏။ ကိုယ်​တော်​သည် ကျွန်ုပ်​တို့​၏​ပိုင်​သအုပ်​စိုး​ရှင်​ဖြစ်​တော်​မူ​၏။ ထို့​ကြောင့် ကိုယ်​တော့်​မိတ်​ဆွေ​ဖြစ်​လို​လျှင် ကိုယ်​တော့်​စ​ကား​နား​ထောင်​ပြီး မိန့်​မှာ​သမျှ​အတိုင်း​ပြု​ရ​မည်။ သို့​ပြု​ခြင်း​သည် အစဉ်​ကျွန်ုပ်​တို့​အား​ကောင်း​ကျိုး​ပြု​လိမ့်​မည်။—ဟေရှာယ ၄၈:၁၈