မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၃

ဘုရားသခင်အကြောင်း သင်လေ့လာဖို့လို

ဘုရားသခင်အကြောင်း သင်လေ့လာဖို့လို

ဘုရား​သခင့်​မိတ်​ဆွေ​ဖြစ်​ရန် ကိုယ်​တော့်​အကြောင်း လေ့​လာ​ဖို့​လို​သည်။ သင့်​မိတ်​ဆွေ​များ​သည် သင့်​နာ​မည်​ကို​သိ​ပြီး အသုံး​ပြု​သလော။ သူ​တို့​အသုံး​ပြု​ကြ​သည်။ ဘုရား​သခင်​လည်း နာမ​တော်​ကို​သိ​ပြီး အသုံး​ပြု​စေ​လို​တော်​မူ​၏။ ဘုရား​သခင့်​နာ​မတော်​မှာ ယေဟောဝါ​ဖြစ်​သည်။ (ဆာလံ ၈၃:၁၈; မဿဲ ၆:၉) ကိုယ်တော်​ကြိုက်​နှစ်​သက်​ရာ​နှင့် မနှစ်​သက်​ရာ​များ​ကို​လည်း သိ​ရှိ​ရ​ပေမည်။ ကိုယ်​တော့်​မိတ်​ဆွေ​များ​နှင့် ကိုယ်​တော့်​ရန်​သူ​များ​ကို သင်​သိ​ဖို့​လို​သည်။ တစ်​ဦး​တစ်​ယောက်​ကို​သိ​ကျွမ်း​လာ​ဖို့ အချိန်​ယူ​ရ​သည်။ ယေဟော​ဝါ​အကြောင်း​သင်​ယူ​လေ့​လာ​ဖို့ အချိန်​ဖယ်​ထား​ခြင်း​သည် ပညာ​ရှိ​၏ဟု သမ္မာ​ကျမ်း​စာ​က​ဆို​သည်။—ဧဖက် ၅:၁၅၊ ၁၆

ဘုရား​သခင့်​မိတ်​ဆွေ​များ​သည် ကိုယ်​တော်​နှစ်​သက်​ရာ​ကို​လုပ်​ဆောင်​ကြ​၏။ သင့်​မိတ်​ဆွေ​များ​အကြောင်း စဉ်း​စား​ကြည့်​ပါ။ သူတို့​ကို​ကောင်း​ကောင်း​မဆက်​ဆံ၊ သူ​တို့​ရွံ​မုန်း​ရာ​များ​ကို​ပြု​လုပ်​ပါ​က သင်​နှင့်​မိတ်​မြဲမည်​လော။ လုံး​ဝ​မြဲမည်​မဟုတ်! ထို​နည်း​တူ ဘုရား​သခင့်​မိတ်​ဆွေ​ဖြစ်​လို​လျှင် ကိုယ်​တော်​နှစ်​သက်​ရာ​ကို ပြု​လုပ်​ဖို့​လို​သည်။—ယောဟန် ၄:၂၄

ဘာ​သာ​တရား​အား​လုံး ဘုရား​သခင်​နှင့်​ မိတ်​မဖွဲ့​စေ​ပါ။ ဘုရား​သခင်​၏​ အရင်း​နှီး​ဆုံး​မိတ်​ဆွေ​ဖြစ်​သော ယေရှု​က လမ်း​နှစ်​လမ်း​အကြောင်း​ပြော​ခဲ့​သည်။ လမ်း​တစ်​လမ်း​မှာ ကျယ်​ဝန်း​ပြီး​လူ​ပြည့်​လျက်​ရှိ​၏။ ထို​လမ်း​သည် ပျက်​စီး​ခြင်း​သို့​ဦး​တည်​သည်။ နောက်​တစ်​လမ်း​မူ ကျဉ်း​မြောင်း​၍ လူ​အနည်း​ငယ်​သာ​သွား​လာ​လျက်​ရှိ​သည်။ ထို​လမ်း​သည် ထာ​ဝ​ရ​အသက်​သို့​ပို့​ဆောင်​သည်။ ဆိုလို​သည်​ကား သင်​သည် ဘုရား​သခင့်​မိတ်​ဆွေ​ဖြစ်​လို​လျှင် ကိုယ်​တော်​အား​ဝတ်​ပြု​နည်း​အမှန်​ကို သင်​ယူ​ရ​မည်​ဖြစ်​သည်။—မဿဲ ၇:၁၃၊ ၁၄