မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၁၆

ဘုရားသခင်အား မေတ္တာရှိကြောင်း တင်ပြပါ

ဘုရားသခင်အား မေတ္တာရှိကြောင်း တင်ပြပါ

မိတ်​ဆွေ​မြဲရန် ထို​သူ​နှင့်​စ​ကား​ပြော​ဖို့​လို​သည်။ သင်​က​သူ့​ကို​နား​ထောင်​၍ သူ​က​လည်း​သင့်​ကို​နား​ထောင်​တတ်​သည်။ သင့်​မိတ်ဆွေ​၏​ကောင်း​ကြောင်း​ကို​လည်း အခြား​သူ​များ​အား​ပြောပြ​သည်။ ဘုရား​သခင့်​မိတ်​ဆွေ​ဖြစ်​ခြင်း​လည်း ထို​နည်း​တူ​ပင်။ ယင်း​နှင့်​စပ်​လျဉ်း​၍ သမ္မာ​ကျမ်း​စာ​မည်​သို့​ဆို​သည်​ကို သုံး​သပ်​ကြည့်​ပါ–

ဆု​တောင်း​ခြင်း​ဖြင့် ယေဟောဝါ​နှင့်​မှန်​မှန်​စ​ကား​ပြော​ပါ။ “ဆု​တောင်း . . . ခြင်း​ကို အမြဲပြု​ကြ​လော့။”—ရော​မ ၁၂:၁၂

ဘုရား​သခင့်​နှုတ်​ကပါဌ်​တော်၊ သမ္မာ​ကျမ်း​စာ​ကို​ဖတ်ရှု​ပါ။ “ထို​ကျမ်း​စာ​ရှိ​သမျှ​သည် ဘုရား​သခင်​မှုတ်​သွင်း​တော်​မူ​သော​အား​ဖြင့်​ဖြစ်​၍ . . . သြဝါဒ​ပေး​ခြင်း၊ အပြစ်​ကို​ဖော်​ပြခြင်း၊ ဖြောင့်​မတ်​စွာ​ပြု​ပြင်​ခြင်း၊ တရား​ကို​သွန်​သင်​ခြင်း​ ကျေး​ဇူး​များ​ကို ပြု​တတ်​၏။”—၂ တိမောသေ ၃:၁၆၊ ၁၇

ဘုရား​သခင်​အကြောင်း သူ​တစ်​ပါး​ကို​သင်​ပေး​ပါ။ “သင်​တို့​သွား​၍ လူ​မျိုး​တ​ကာ​တို့​ကို​ငါ့​တ​ပည့်​ဖြစ်​စေ​လျက်၊ . . . ငါ​သည် သင်​တို့​အား​ပေး​သမျှ​သော​ပညတ်​တော်​တို့​ကို စောင့်​ရှောက်​စေ​ခြင်း​ငှာ ဆုံး​မ . . . ပေး​ကြ​လော့။”—မဿဲ ၂၈:၁၉၊ ၂၀

ဘုရား​သခင့်​မိတ်​ဆွေ​များ​ထံ​ချဉ်း​ကပ်​ပါ။ “ပညာ​ရှိ​တို့​နှင့်​ပေါင်း​ဖော်​သော​သူ​သည် ပညာ​ရှိ​တတ်​၏။”—သုတ္တံ ၁၃:၂၀

နိုင်​ငံ​တော်​ခန်း​မ၌ အစည်း​အဝေး​များ​ကို​တက်​ရောက်​ပါ။ “မေတ္တာ​စိတ်​ရှိ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ကောင်း​သော​အကျင့်​ကို​ ကျင့်​စေ​ခြင်း​ငှာ​လည်း​ကောင်း တိုက်တွန်း​နှိုး​ဆော်​ရ​သော​အခွင့်​ကို​ရှာ​၍၊ အချင်း​ချင်း​တစ်​ယောက်​ကို​တစ်​ယောက် ထောက်​စာ​ကြည့်​ရှု​ကြ​ကုန်​အံ့။”—ဟေဗြဲ ၁၀:၂၄၊ ၂၅

နိုင်​ငံ​တော်​လုပ်​ငန်း​ကို ထောက်​ပံ့​ကူ​ညီ​ပါ။ “လူ​တိုင်း ကိုယ်​အလို​အလျောက်​လှူ​ရ​၏။ နှ​မြော​သော​စိတ်​နှင့်​မလှူ​ရ၊ မလှူ​ဘဲ​မနေ​ရ​ဟု စိတ်​ထင်​နှင့်​မလှူ​ရ၊ အကြောင်း​မူ​ကား စေတနာ​စိတ်​နှင့်​လှူ​သော​သူ​ကို​သာ ဘုရား​သခင်​နှစ်​သက်​တော်​မူ​၏။”—၂ ကောရိန္သု ၉:၇