မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၁၀

မှန်သောဘာသာကို ရှာတွေ့နိုင်ပုံ

မှန်သောဘာသာကို ရှာတွေ့နိုင်ပုံ

သင်​သည် ဘုရား​သခင့်​မိတ်​ဆွေ​တစ်​ဦး​ဖြစ်​လို​လျှင် ဘုရား​သခင်​နှစ်​သက်​လက်​ခံ​သော ဘာ​သာ​တရား​ကို​လိုက်​စား​ရမည်။ ယေရှု​က “စစ်​မှန်​စွာ​ဝတ်​ပြု​သူ​တို့​သည်” ဘုရား​သခင်​အား ‘အမှန်​တရား’ နှင့်​အညီ​ဝတ်​ပြု​ရ​မည်​ဟု​ဆို​သည်။ (ယောဟန် ၄:၂၃၊ ၂၄က​ဘ) ဘုရား​သခင်​အား​ဝတ်​ပြု​ရန်​နည်း​လမ်း​အမှန် တစ်​ခု​တည်း​သာ​ရှိ​၏။ (ဧဖက် ၄:၄-၆) စစ်​မှန်​သော​ဘာ​သာ​သည် ထာ​ဝ​ရ​အသက်​သို့​ပို့​ဆောင်​ပြီး မှား​သော​ဘာ​သာ​သည် ပျက်​စီး​ခြင်း​သို့​ပို့​ဆောင်​သည်။—မဿဲ ၇:၁၃၊ ၁၄

မှန်​သော​ဘာ​သာ​လိုက်​စား​သူ​များ​ကို အကဲ​ခတ်​ခြင်း​ဖြင့် ၎င်း​ဘာ​သာ​ကို​သိ​ရှိ​နိုင်​၏။ ယေဟောဝါ​သည် ကောင်း​မြတ်​တော်​မူ​သော​ကြောင့် ကိုယ်​တော်​၏​စစ်​မှန်​သော​ဝတ်​ပြု​သူ​များ​လည်း လူကောင်း​များ​ဖြစ်​ကြ​ရ​မည်။ ကောင်း​သော​လိမ္မော်​ပင်​တစ်​ပင်​သည် လိမ္မော်​သီး​ကောင်း​များ​ကို ဖြစ်​ထွန်း​စေ​သကဲ့​သို့ မှန်​သော​ဘာ​သာ​သည် လူ​ကောင်း​များ​ကို​ဖြစ်​ပေါ်​စေ​သည်။—မဿဲ ၇:၁၅-၂၀

ယေဟောဝါ​၏​မိတ်​ဆွေ​များ​သည် သမ္မာ​ကျမ်း​စာ​ကို လေးနက်​စွာ​တန်​ဖိုး​ထား​ကြ​၏။ သမ္မာ​ကျမ်း​စာ​သည် ဘုရား​သခင်​ထံ​မှ​ဖြစ်​ကြောင်း သူ​တို့​သိ​ကြ​သည်။ ၎င်း​မိန့်​ဆို​ချက်​များ​က သူ​တို့​၏​အသက်​တာ​ကို​လမ်း​ညွှန်​ပေး​ရန်၊ သူ​တို့​၏​ပြဿနာ​များ​ကို​ဖြေရှင်း​ပေး​ရန်​နှင့် ဘုရား​သခင်​အား​သိ​ကျွမ်း​စေ​ရန် ထောက်ကူ​ခွင့်​ပြု​ကြ​သည်။ (၂ တိမောသေ ၃:၁၆၊ ၁၇) သူတို့​ဟော​သည်​အတိုင်း လက်​တွေ့​ကျင့်​ရန်​ကြိုး​စား​ကြ​သည်။

ယေဟောဝါ​၏​မိတ်​ဆွေ​များ​သည်  တစ်​ဦး​ကို​တစ်​ဦး​မေတ္တာ​ပြကြ​သည်။ ယေရှု​သည် ဘုရား​သခင်​အကြောင်း​သွန်သင်​ပေး​ခြင်း၊ ဖျား​နာ​သူ​များ​ကို​ကု​သပေး​ခြင်း​ဖြင့် လူ​တို့​အား​မေတ္တာ​ပြခဲ့၏။ မှန်​သော​ဘာ​သာ​ကို လိုက်​စား​သူ​များ​သည်​လည်း သူ​တစ်​ပါး​ကို​မေတ္တာ​ပြကြ​သည်။ ယေရှု​ကဲ့​သို့​ပင် သူ​တို့​သည် ဆင်း​ရဲ​သူ​များ သို့​မဟုတ် လူ​မျိုး​စု​မတူ​သူ​များ​ကို အထင်​မသေး​ကြ​ချေ။ ယေရှု​က အချင်း​ချင်း​ပြသသည့်​မေတ္တာ​အား​ဖြင့် ကိုယ်​တော်​၏​တ​ပည့်​များ​ကို လူ​တို့​သိ​ကြ​မည်​ဟု​မိန့်​တော်​မူ​သည်။—ယောဟန် ၁၃:၃၅

ဘုရား​သခင့်​မိတ်​ဆွေ​များ​သည် ယေဟောဝါ​ဟူ​သော ဘုရား​သခင့်​နာ​မတော်​ကို ဂုဏ်​တင်​ကြ​၏။ တစ်​ဦး​ဦး​က သင့်​အမည်​ကို​သုံး​ဖို့​ငြင်း​ဆို​ပါ​က ထို​သူ​သည် သင်​၏​ရင်း​နှီး​သော​မိတ်​ဆွေ​ဖြစ်​ပါ​မည်​လော။ ဖြစ်​မည်​မဟုတ်! ကျွန်ုပ်​တို့​၌​မိတ်​ဆွေ​တစ်​ဦး​ရှိ​လျှင် သူ့​အမည်​ကို​ကျွန်ုပ်​တို့​အသုံး​ပြု​ကြ​ပြီး ထို​မိတ်​ဆွေ​၏​ကောင်း​ကြောင်း​များ​ကို သူ​တစ်​ပါး​အား​ပြော​ပြကြ​သည်။ ထို့ကြောင့် ဘုရား​သခင့်​မိတ်​ဆွေ​များ​ဖြစ်​လို​သူ​တို့​သည် ကိုယ်​တော်​၏​နာ​မတော်​ကို​အသုံး​ပြု​၍ ကိုယ်​တော့်​အကြောင်း​ကို အခြား​သူ​များ​အား​ပြော​ပြသင့်​သည်။ ကျွန်ုပ်​တို့​ထို​သို့​ပြု​ရန် ယေဟောဝါ​အလို​ရှိ​တော်​မူ​၏။—မဿဲ ၆:၉; ရော​မ ၁၀:၁၃၊ ၁၄

ဘုရား​သခင့်​မိတ်​ဆွေ​များ​သည် ယေရှု​ကဲ့​သို့​ပင် ဘုရား​သခင့်​နိုင်​ငံ​တော်​အကြောင်း လူ​တို့​ကို​သွန်​သင်​ပေး​ကြ​သည်။ ဘုရား​သခင့်​နိုင်​ငံ​တော်​မှာ မြေကြီး​ကို​ပရ​ဒိ​သု​ဖြစ်​စေ​မည့် ကောင်း​ကင်​အစိုး​ရ​ဖြစ်​သည်။ ဘုရား​သခင့်​မိတ်​ဆွေ​များ​သည် ဘုရား​သခင်​၏​နိုင်​ငံ​တော်​သတင်း​ကောင်း​ကို သူ​တစ်​ပါး​အား​ဝေမျှ​ကြ​သည်။—မဿဲ ၂၄:၁၄

ယေဟောဝါ​သက်​သေများ​သည် ဘုရား​သခင့်​မိတ်​ဆွေ​များ​ဖြစ်​ဖို့ ကြိုး​စား​ကြ​၏။ သူ​တို့​သည် ကျမ်း​စာ​ကို​တန်ဖိုး​ထား​ကြ​ပြီး အချင်း​ချင်း​မေတ္တာ​ထား​ကြ​သည်။ သူ​တို့​သည် ဘုရား​သခင့်​နာ​မတော်​ကို​အသုံး​ပြု​ကြ​ပြီး ဂုဏ်​တင်​ကာ ဘုရား​သခင့်​နိုင်​ငံ​တော်​အကြောင်း​ကို အခြား​သူ​များ​အား​သွန်​သင်​ပေး​ကြ​သည်။ ယ​နေ့ မြေကြီး​ပေါ်​တွင် ယေဟောဝါ​သက်​သေများ​သည် မှန်သော​ဘာ​သာ​ကို​လိုက်​စား​ကြ​သည်။