မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၁၃

မှော်အတတ်နှင့် စုန်းအတတ်တို့သည် မကောင်းပါ

မှော်အတတ်နှင့် စုန်းအတတ်တို့သည် မကောင်းပါ

စာ​တန်​သည် သင့်​ကို မှော်​အတတ်​လိုက်​စား​စေ​လို​၏။ လူ​များ​စွာ​သည် မိမိ​တို့​ကိုယ်​ကို​ဘေး​အန္တ​ရာယ်​မှ​ကာ​ကွယ်​ရန် ဘိုး​ဘေး​များ သို့​မဟုတ် နာမ်​ဝိညာဉ်​များ​ကို ပူ​ဇော်​ပသကြ​သည်။ နာမ်​ဝိညာဉ်​ဘုံ​မှ​စွမ်း​အား​များ​ကို သူ​တို့​ကြောက်​သော​ကြောင့် ထို​သို့​ပြု​ကြ​ခြင်း​ဖြစ်​၏။ မှော်​အတတ်​ပညာ​ဆိုင်​ရာ​လက်​စွပ်​များ သို့​မဟုတ် လက်​ကောက်​များ​ကို သူ​တို့​ဝတ်​ဆင်​ကြ​သည်။ ဆန်း​ကြယ်​သော​စွမ်း​ပကား​ရှိ​သည်​ဟု​ယူ​မှတ်​ကြ​သည့် “ဆေး​များ” ကို​သူ​တို့​သောက်​ကြ သို့​မဟုတ် ကိုယ်​ခ​န္ဓာ​များ​ပေါ်​ပွတ်​လိမ်း​ကြ​၏။ အချို့​က ကာကွယ်​ပေး​နိုင်​စွမ်း​ရှိ​သည်​ဟု​ယူ​မှတ်​ကြ​သော အရာ​ဝတ္ထု​များ​ကို မိမိ​တို့​၏​နေ​အိမ်​များ သို့​မဟုတ် မြေကြီး​ထဲ​တွင်​ဝှက်​ထား​ကြ​သည်။ အခြား​သူ​တို့​မူ မှော်​အတတ်​ဆိုင်​ရာ “ဆေး” သည် စီး​ပွား​ရေး၊ ကျောင်း​စာ​မေး​ပွဲ သို့​မဟုတ် ပိုး​ပန်း​ရာ​တွင် အောင်​မြင်​စေ​လိမ့်​မည်​ဟု ယုံ​ကြည်​ကြ​သော​ကြောင့် ယင်း​ကို​အသုံး​ပြု​ကြ​သည်။

ယေဟောဝါ​အား သင့်​ မိတ်​ဆွေ​အဖြစ်​ထား​ခြင်း​သည် စာတန့်​ရန်​မှ​ အကောင်း​ဆုံး​ကာ​ကွယ်​နည်း​ဖြစ်​သည်။ ယေဟော​ဝါ​နှင့်​ကိုယ်​တော်​၏ ကောင်း​ကင်​တ​မန်​များ​သည် စာ​တန်​နှင့်​သူ​၏​နတ်​ဆိုး​များ​ထက် သာ​၍​တန်​ခိုး​ကြီး​မား​သည်။ (ယာကုပ် ၂:၁၉; ဗျာဒိတ် ၁၂:၉) ယေဟောဝါ​သည် မိမိ​၏​မိတ်​ဆွေ​များ​ဖြစ်​သော—ကိုယ်​တော်​အား လုံး​လုံး​လျား​လျား​သစ္စာ​စောင့်​သူ​များ—အတွက် တန်​ခိုး​တော်​ကို​ပြလို​စိတ်​ပြင်း​ပြတော်​မူ​၏။—၂ ရာဇဝင်​ချုပ် ၁၆:၉

ဘုရား​သခင့်​နှုတ်​ကပါဌ်​တော်​က “ကာ​လ​ဗေ​ဒင်​ကို​ မကြည့်​ရ” ဟု​ဆို​သည်။ ယေဟောဝါ​သည် မှော်​အတတ်​နှင့် စုန်း​အတတ်​ကို​ ရှုတ်​ချ​တော်​မူ​၏၊ အကြောင်း​မှာ ထို​အမူ​အကျင့်​များ​သည် လူ​တစ်​ဦး​ကို စာ​တန့်​တန်​ခိုး​အောက်​သို့ တိုက်​ရိုက်​ရောက်​စေ​နိုင်​သော​ကြောင့်​ပင်​ဖြစ်​သည်။—ဝတ်ပြုရာ ၁၉:၂၆