မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အုပ်ချုပ်ရေးအဖွဲ့ထံမှ စာ

အုပ်ချုပ်ရေးအဖွဲ့ထံမှ စာ

ယေဟောဝါ​ဘုရားနဲ့ စကားတော် သမ္မာကျမ်းစာကို ချစ်မြတ်နိုးသူတို့–

“အမှန်တရားကိုပါ သိ​ရလိမ့်မယ်။ အဲဒီ​အမှန်တရားက ခင်ဗျားတို့ကို လွတ်မြောက်​စေ​လိမ့်မယ်” လို့ ယေရှု ပြောတယ်။ (ယောဟန် ၈:၃၂) ကျမ်းစာ​အမှန်တရား သိရှိ​စ​အချိန်မှာ ခံစားခဲ့​ပုံကို စဉ်းစား​ကြည့်ပါ။ မုသာ​ဝါဒ ပြည့်နှက်​နေတဲ့ လောကမှာ အမှန်တရားကို သိနိုင်တယ်​ဆိုတာ စိတ်လှုပ်ရှားစရာပါပဲ။—၂ တိမောသေ ၃:၁

ယေဟောဝါ​ဘုရားက ကျွန်တော်တို့ကို အမှန်တရား သိစေချင်​တ​ယ်။ လူတွေကို ကျွန်တော်တို့ ချစ်တဲ့​အတွက် အမှန်တရား ပြောပြချင်​ကြတယ်။ ဒါပေမဲ့ ဘုရား​အမှုတော်​ဆောင်ခြင်း​မှာ ဒီထက်မက ပါတယ်။ ယေဟောဝါရဲ့ အခြေခံ​မူတွေကို အလွန်​လေးစားလို့ ခရစ်ယာန်တွေ​အဖြစ် အတတ်နိုင်ဆုံး နေထိုင်​ကြရမယ်။ ဘုရားသခင်ကို ချစ်ကြောင်း သက်သေထူ​နိုင်ဖို့ အရေးကြီးတဲ့​နည်းကို ယေရှု ရှင်းပြခဲ့တယ်။ “ကျွန်တော်က အဖ​ဘုရားရဲ့ ပညတ်တွေ​ကို လိုက်နာ​တဲ့​အတွက် အဖ​ဘုရားရဲ့ မေတ္တာကို အမြဲ​ခံစားရတယ်။ ခင်ဗျားတို့လည်း ကျွန်တော့်​ပညတ်တွေ​ကို လိုက်နာမယ်​ဆိုရင် ကျွန်တော့်​မေတ္တာကို အမြဲ​ ခံစားရ​လိမ့်မယ်” လို့ ပြောခဲ့တယ်။—ယောဟန် ၁၅:၁၀

ယေရှု​က အဖ​ဘုရားကို အမှန်တကယ် ချစ်တယ်။ အဖဘုရား တောင်းဆို​သမျှ လုပ်ဆောင်တယ်။ ကိုယ့်​အသက်ရှင်နေ​ထိုင်​ပုံ​မှာ ယေရှုကို တုပ​မ​ယ်​ဆိုရင် ကျွန်တော်တို့ကို ယေဟောဝါ ချစ်​မ​ယ်။ ကျွန်တော်တို့လည်း အမှန်တကယ် ပျော်ရွှင်​ကြ​မ​ယ်။ ယေရှု ပြောခဲ့​သလိုပဲ “ဒါတွေကို ခင်ဗျားတို့ သိထားပြီ​ဆိုတော့ သိတဲ့​အတိုင်း လုပ်မယ်​ဆိုရင် ပျော်ရွှင်​ချမ်းမြေ့​ရလိမ့်မယ်။”—ယောဟန် ၁၃:၁၇

ကျမ်းစာ​အမှန်တရား​အတိုင်း နေထိုင်ဖို့၊ ဘုရားသခင့်​မိတ်ဆွေ ဖြစ်ဖို့ ဒီစာအုပ်​က ကူညီ​ပေးမယ်လို့ မျှော်လင့်​ပါတယ်။ ဘုရားသခင်ကို ချစ်တဲ့​မေတ္တာ တိုးပွား​နေဖို့၊ ‘ထာဝရ​အသက်ကို စောင့်မျှော်​ရင်း ဘုရားသခင့်​မေတ္တာတော်’ ဆက်ခံစား​နေဖို့ ကျွန်တော်တို့ ဆုတောင်းပေး​လိုက်​ကြပါတယ်။—ယုဒ ၂၁

ယေဟောဝါ​သက်သေ​များ​ရဲ့ အုပ်ချုပ်ရေးအဖွဲ့