အခန်း ၁၄
အရာရာမှာ ရိုးသားပါ
‘ကျွန်တော်တို့ဟာ အရာရာမှာ ရိုးရိုးသားသား ကျင့်ကြံပြုမူချင်စိတ် ရှိတယ်။’—ဟီဘရူး ၁၃:၁၈။
၁၊ ၂။ ရိုးသားမှုရှိဖို့ ကျွန်တော်တို့ ကြိုးစားတာကို ယေဟောဝါ ဘာကြောင့် နှစ်သက်သလဲ။ ဥပမာပေးပါ။
မိခင်နဲ့ သားငယ်လေးဟာ ဆိုင်ထဲက ထွက်လာတယ်။ အဲဒီအခါ ကလေးဟာ ထိတ်လန့်တဲ့ မျက်နှာထားနဲ့ ရပ်လိုက်တယ်။ ဆိုင်ထဲမှာ သူကောက်ကိုင်ကြည့်တဲ့ အရုပ်လေးတစ်ခု လက်ထဲမှာ ပါလာတယ်။ စင်ပေါ် ပြန်မထားမိဘဲ၊ အဲဒီအရုပ်ကို ဝယ်မဝယ် မိခင်ကို မမေးဘဲ ယူခဲ့မိတယ်။ ကလေးငယ်ဟာ ဝမ်းနည်းပြီး မိခင်ကို အသိပေးတယ်။ မိခင်ဟာ ကလေးကိုချော့ပြီး ဆိုင်ထဲ ပြန်ခေါ်သွားတယ်။ အရုပ်လေးကို ယူသွားမိကြောင်း တောင်းပန်ခိုင်းတယ်။ အရုပ်ကို ကလေးငယ် ပြန်အပ်ပြီး တောင်းပန်တဲ့အခါ မိခင်ဟာ ဂုဏ်ယူဝမ်းသာနေတယ်။ ဘာကြောင့်လဲ။
၂ ရိုးသားမှုရှိဖို့ အရေးကြီးမှန်း သားသမီးတွေ သိလာတဲ့အခါ မိဘတွေ ဝမ်းသာကြတယ်။ အဲဒီလိုပဲ ကျွန်တော်တို့ရဲ့ ကောင်းကင်ဖခင်၊ “အမှန်တရားရဲ့ဘုရား” လည်း ဝမ်းသာတယ်။ (ဆာလံ ၃၁:၅) ကိုယ်တော်နဲ့ ဆက်ဆံရေး ပိုကောင်းလာပြီး ရိုးသားဖို့ ကျွန်တော်တို့ အတတ်နိုင်ဆုံး ကြိုးစားတာကို ကိုယ်တော် နှစ်သက်တယ်။ ကျွန်တော်တို့ဟာ အလိုတော်နဲ့တွေ့ပြီး ဘုရားရဲ့မေတ္တာ အမြဲ ခံစားချင်တဲ့အတွက် တမန်တော်ပေါလု ပြောတဲ့အတိုင်း “အရာရာမှာ ရိုးရိုးသားသား ကျင့်ကြံပြုမူချင်” ကြတယ်။ (ဟီဘရူး ၁၃:၁၈) တစ်ခါတလေမှာ ရိုးသားဖို့ အလွန်ခက်မယ့် အဓိက ဘဝကဏ္ဍလေးခုကို အာရုံစိုက် ဆွေးနွေးကြည့်ကြစို့။ အဲဒီနောက် ရိုးသားတဲ့အတွက် ရရှိတဲ့ ကောင်းချီးတချို့ကို သုံးသပ်ကြမယ်။
မိမိကိုယ်ကို ရိုးရိုးသားသား ဆန်းစစ်ပါ
၃-၅။ (က) ကိုယ့်ကိုယ်ကိုယ် လှည့်စားခြင်းရဲ့ အန္တရာယ်တွေအကြောင်း ကျမ်းစာ ဘယ်လို သတိပေးသလဲ။ (ခ) မိမိကိုယ်ကို ရိုးရိုးသားသား ဆန်းစစ်ဖို့ ဘာက ကူညီပေးမလဲ။
၃ ကျွန်တော်တို့ အခက်တွေ့တတ်တဲ့ ပထမကဏ္ဍဟာ မိမိကိုယ်ကို ရိုးရိုးသားဗျာဒိတ် ၃:၁၇) ကိုယ့်ကိုယ်ကိုယ် လှည့်စားနေတာဟာ သူတို့ရဲ့ အခြေအနေကို အန္တရာယ် ပိုရှိစေတယ်။
သား ဆန်းစစ်တဲ့ကိစ္စ ဖြစ်တယ်။ မစုံလင်သူတွေအနေနဲ့ မိမိကိုယ်ကို လှည့်စားဖို့ သိပ်လွယ်တယ်။ ဥပမာ၊ လောဒိကိမြို့က ခရစ်ယာန်တွေဟာ မိမိတို့ကြွယ်ဝတယ်လို့ ယူမှတ်ပြီး ကိုယ့်ကိုယ်ကိုယ် လှည့်စားနေကြတယ်လို့ ယေရှု ပြောတယ်။ တကယ်တော့ သူတို့ဟာ ဝတ်ပြုရေးမှာ ‘ဆင်းရဲမွဲတေပြီး မျက်စိကန်းနေတယ်၊ အဝတ်ဗလာ ဖြစ်နေတယ်။’ သူတို့ရဲ့ အခြေအနေဟာ သနားစရာပဲ။ (၄ “ဘုရားသခင်ကို ဝတ်ပြုနေတယ်လို့ ကိုယ့်ကိုယ်ကိုယ် ထင်နေပေမဲ့ နှုတ်ကို မစောင့်စည်းရင် ကိုယ့်ကိုယ်ကိုယ် လှည့်စားနေတာပဲ။ သူ့ရဲ့ဝတ်ပြုမှုဟာ အချည်းနှီးပဲ” ဆိုပြီး တပည့်ဖြစ်သူ ယာကုပ် သတိပေးခဲ့တာ သင် အမှတ်ရမှာပါ။ (ယာကုပ် ၁:၂၆) ကျွန်တော်တို့ရဲ့လျှာကို တလွဲသုံးပြီး တစ်ချိန်တည်းမှာ ယေဟောဝါ လက်ခံနိုင်တဲ့နည်းနဲ့ ဝတ်ပြုနိုင်တယ်လို့ ယူမှတ်မယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် လှည့်စားနေတာ ဖြစ်တယ်။ ကျွန်တော်တို့ရဲ့ ဝတ်ပြုမှုဟာ အချည်းနှီးပဲ၊ အချိန်ကုန်ရုံပဲ ဖြစ်မယ်။ မကောင်းတဲ့ ဒီလမ်းစဉ်ကို ဘယ်လို ရှောင်ရှားနိုင်သလဲ။
၅ အဲဒီကျမ်းပိုဒ်မှာ ယာကုပ်က ကျမ်းစာအမှန်တရားဟာ မှန်နဲ့တူတယ်လို့ ဆိုတယ်။ ဘုရားသခင်ရဲ့ ပြည့်ဝစုံလင်တဲ့ပညတ်ကို အသေအချာ ကြည့်ရှုပြီး လိုအပ်သလို ပြုပြင်ပြောင်းလဲကြဖို့ သူ အကြံပြုတယ်။ (ယာကုပ် ၁:၂၃–၂၅ ကိုဖတ်ပါ။) ကျမ်းစာဟာ မိမိကိုယ်ကို ရိုးရိုးသားသား ဆန်းစစ်ဖို့၊ တိုးတက်အောင် ဘာလုပ်ရမယ်ဆိုတာ သိရှိဖို့ ကူညီပေးနိုင်တယ်။ (မြည်တမ်းစကား ၃:၄၀။ ဟဂ္ဂဲ ၁:၅) ဒါ့အပြင် ကျွန်တော်တို့ကို စစ်ဆေးပေးပါ၊ ဆိုးရွားတဲ့ ချို့ယွင်းချက်တွေကို မြင်တတ်ပြီး ပြုပြင်ပြောင်းလဲနိုင်ဖို့ ကူညီပေးပါလို့ ယေဟောဝါဆီ ဆုတောင်းရမယ်။ (ဆာလံ ၁၃၉:၂၃၊ ၂၄) မရိုးသားတာဟာ တဖြည်းဖြည်း ဆိုးကျိုးသက်ရောက်စေတဲ့ အားနည်းချက်ဖြစ်ပြီး အဲဒါကို ကျွန်တော်တို့ရဲ့ ကောင်းကင်ဖခင် ရှုမြင်သလို ရှုမြင်ရမယ်။ ပညာအလိမ္မာ ၃:၃၂ မှာ “ယေဟောဝါဟာ စဉ်းလဲသူကို ရွံရှာတယ်။ ရိုးဖြောင့်သူကိုတော့ ခင်မင်ရင်းနှီးတယ်” လို့ ပြောတယ်။ ယေဟောဝါဟာ မိမိခံစားသလို ခံစားတတ်ဖို့၊ မိမိရှုမြင်သလို ရှုမြင်တတ်ဖို့ ကျွန်တော်တို့ကို ကူညီပေးနိုင်တယ်။ “ကျွန်တော်တို့ဟာ အရာရာမှာ ရိုးရိုးသားသား ကျင့်ကြံပြုမူချင်” တယ်လို့ ပေါလုပြောတာကို သတိရပါ။ ကျွန်တော်တို့ဟာ အခု စုံလင်သူတွေ မဖြစ်နိုင်သေးပေမဲ့ အမှန်တကယ် ရိုးရိုးသားသား ကျင့်ကြံပြုမူချင်ကြတယ်။
မိသားစုအတွင်း ရိုးသားပါ
၆။ အိမ်ထောင်သည်တွေ အချင်းချင်း ဘာကြောင့် ရိုးသားဖို့လိုသလဲ။ ဒီနည်းနဲ့ ဘယ်အန္တရာယ်တွေကို သူတို့ ရှောင်နိုင်ကြသလဲ။
၆ ရိုးသားခြင်းဟာ ခရစ်ယာန်မိသားစုမှာ ထင်ရှားတဲ့ အမှတ်အသားတစ်ခု ဖြစ်သင့်တယ်။ ဒါကြောင့် လင်နဲ့မယားဟာ အချင်းချင်း ရိုးသားပွင့်လင်းစွာ စကားပြောဆိုကြရမယ်။ အိမ်ထောင်ဖက်မဟုတ်သူနဲ့ ဣန္ဒြေမဲ့စွာ အရောတဝင်နေတာ၊ အင်တာနက်ကနေ လျှို့ဝှက်ဆက်သွယ်တာ၊ ညစ်ညမ်းရုပ်ပုံစာပေတွေကြည့်တာ အစရှိတဲ့ မသန့်ရှင်းတဲ့ အကျင့်ဆိုးတွေ ခရစ်ယာန်အိမ်ထောင်မှာ လုံးဝမရှိသင့်ဘူး။ ခရစ်ယာန်အိမ်ထောင်သည်တချို့ဟာ အဲဒီလို မှားယွင်းတဲ့အကျင့်တွေကို အိမ်ထောင်ဖက် မသိအောင် လျှို့ဝှက်ပြုမူနေကြတယ်။ ဒါဟာ မရိုးသားမှုပဲ။ “လူလိမ်လူညာတွေနဲ့ မပေါင်းဘူး။ သရုပ်မှန် ဖုံးကွယ်ထားသူတွေကို ရှောင်တယ်” လို့ပြောခဲ့တဲ့ သစ္စာရှိဘုရင် ဒါဝိဒ်ရဲ့ စကားတွေကို သတိပြုပါ။ (ဆာလံ ၂၆:၄) သင်ဟာ အိမ်ထောင်သည်ဖြစ်ရင် အိမ်ထောင်ဖက် မသိအောင် လျှို့ဝှက်ပြုမူတာမျိုး ဘယ်တော့မှ မလုပ်ပါနဲ့။
၇၊ ၈။ ရိုးသားမှုရဲ့ အကျိုးကျေးဇူးကို သားသမီးတွေ သိအောင် ဘယ်ကျမ်းစာပုံနမူနာတွေက ကူညီပေးနိုင်သလဲ။
၇ သားသမီးတွေကို ရိုးသားမှုရဲ့ အကျိုးကျေးဇူးအကြောင်း သင်ပေးရာမှာ ကျမ်းစာပုံနမူနာတွေကို မိဘတွေ အသုံးပြုတာဟာ ပညာရှိတယ်။ မရိုးသားတဲ့ ပုံနမူနာတချို့ကတော့ မိမိရဲ့ခိုးမှုကို ဖုံးကွယ်ထားသူ အာခန်၊ ကိုယ်ကျိုးအတွက် လိမ်ပြောတဲ့ ဂေဟာဇိ၊ ငွေကို ခိုးယူတတ်ပြီး ယေရှုကို ရောင်းစားဖို့ မလိုတမာစိတ်နဲ့ လိမ်လည်သူ ယုဒရှကာရုတ်တို့ ဖြစ်တယ်။—ယောရှု ၆:၁၇-၁၉။ ၇:၁၁-၂၅။ ၂ ဘုရင်များ ၅:၁၄-၁၆၊ ၂၀-၂၇။ မဿဲ ၂၆:၁၄၊ ၁၅။ ယောဟန် ၁၂:၆။
ကမ္ဘာဦး ၄၃:၁၂။ တရားသူကြီး ၁၁:၃၀-၄၀။ ယောဟန် ၁၈:၃-၁၁) မိဘတွေဟာ ရိုးသားမှုရဲ့ အကျိုးကျေးဇူးကို သားသမီးတွေ သိပြီး မြတ်နိုးတတ်ဖို့ ကျမ်းစာမှာပါတဲ့ ဒီပုံနမူနာတွေသုံးပြီး သင်ပေးနိုင်တယ်။
၈ ရိုးသားမှုရှိတဲ့ ပုံနမူနာတချို့ကတော့ အိတ်ဝမှာ မှားထည့်မိတာဖြစ်နိုင်တဲ့ ငွေကို ပြန်အပ်ဖို့ တိုက်တွန်းခဲ့တဲ့ ယာကုပ်၊ ယေဖသနဲ့ ကိုယ်ကျိုးမငဲ့ဘဲ ဖခင်ရဲ့ကတိအတိုင်း ပြုမူခဲ့တဲ့ သမီး၊ ပရောဖက်ပြုချက် ပြည့်စုံဖို့နဲ့ မိတ်ဆွေတွေကို ကာကွယ်ဖို့ ရုန့်ရင်းကြမ်းတမ်းတဲ့ လူအုပ်ရှေ့ သတ္တိရှိရှိ ထွက်ရပ်တဲ့ ယေရှုတို့ ဖြစ်တယ်။ (၉။ မိဘတွေဟာ သားသမီးတွေရှေ့ ရိုးသားမှု ပုံသက်သေကောင်း ပြချင်ရင် ဘာကို ရှောင်ရမလဲ။ အဲဒီလို ပုံသက်သေပြဖို့ ဘာကြောင့် အရေးကြီးသလဲ။
၉ မိဘတွေဟာ အဲဒီလိုသင်ပေးနိုင်ဖို့ အရေးကြီးတဲ့ တာဝန်တစ်ခုကို လုပ်ဆောင်ရမယ်။ “သူတစ်ပါးကို သင်ကြားပေးပြီး ကိုယ်တိုင်ကျတော့ ဘာလို့ မသင်ယူသလဲ။ ‘မခိုးနဲ့’ လို့ သူတစ်ပါးကို ဆုံးမပြီး ဘာလို့ ကိုယ်တိုင် ခိုးနေသလဲ” လို့ တမန်တော်ပေါလု မေးခဲ့တယ်။ (ရောမ ၂:၂၁) မိဘတချို့ဟာ ရိုးသားဖို့ သင်ပေးပြီးနောက် ကိုယ်တိုင် မရိုးသားတဲ့အတွက် သားသမီးတွေ စိတ်ရှုပ်သွားတယ်။ အသေးအဖွဲလေးတွေ ခိုးတာ၊ လိမ်ပြောတာနဲ့ပတ်သက်ပြီး “ဒါလေးတွေ ယူတာကိုတော့ သူတို့ မမှုပါဘူး၊” “နည်းနည်းပါးပါး လိမ်ပြောတာ ဘာမှားလို့လဲ” ဆိုပြီး ဆင်ခြေပေးတတ်ကြတယ်။ တကယ်တော့ တန်ဖိုးနည်းတဲ့ အရာတစ်ခုကို ခိုးတာဟာ ခိုးမှုပါပဲ။ ဘယ်အကြောင်းကိုဖြစ်စေ၊ မမှန်တဲ့စကားကို ဘယ်အတိုင်းအတာအထိဖြစ်စေ လိမ်ပြောတာဟာ လိမ်လည်မှုပဲ။ * (လုကာ ၁၆:၁၀ ကိုဖတ်ပါ။) ကလေးတွေဟာ ဟန်ဆောင်မှုကို ချက်ချင်း သိမြင်ပြီး အတုယူတတ်တယ်။ (ဧဖက် ၆:၄) သူတို့ဟာ မိဘရဲ့ပုံသက်သေကနေ ရိုးသားဖို့ သင်ယူမယ်ဆိုရင်တော့ မရိုးသားတဲ့ ဒီလောကမှာ ယေဟောဝါကို ဂုဏ်တင်သူတွေအဖြစ် ကြီးပြင်းလာပါလိမ့်မယ်။—ပညာအလိမ္မာ ၂၂:၆။
အသင်းတော်မှာ ရိုးသားပါ
၁၀။ ယုံကြည်သူအချင်းချင်း ရိုးရိုးသားသား ဆက်ဆံတာနဲ့ပတ်သက်ပြီး ဘယ်သတိပေးချက်တွေကို စိတ်စွဲမှတ်ထားသင့်သလဲ။
၁၀ ခရစ်ယာန်အချင်းချင်း ပေါင်းသင်းရာမှာ ရိုးသားမှုပြဖို့ အခွင့်အရေး အများအခန်း ၁၂ မှာ သိခဲ့ရတဲ့အတိုင်း အထူးသဖြင့် အသင်းတော်မှာရှိတဲ့ ညီအစ်ကိုညီအစ်မတွေကြားမှာ စကားပြောနိုင်စွမ်း ဆုလက်ဆောင်ကို ဂရုတစိုက် အသုံးပြုဖို့ လိုတယ်။ စကားစမြည်ပြောရာကနေ အပုပ်ချပြီး မလိုတမာစိတ်နဲ့ မဟုတ်မမှန်ပြောတဲ့အထိ ဖြစ်သွားနိုင်တယ်။ မသေချာတဲ့ အကြောင်းတစ်ခုကို ပြန်ပြောမယ်ဆိုရင် မုသာစကားကို ဖြန့်ရာရောက်နိုင်တဲ့အတွက် နှုတ်ကို ချုပ်တည်းတာဟာ ပိုကောင်းတယ်။ (ပညာအလိမ္မာ ၁၀:၁၉) တစ်ဖက်ကကြည့်ရင် အကြောင်းအရာတစ်ခုဟာ မှန်နေရင်တောင် ပြောသင့်တဲ့အကြောင်း ဖြစ်ချင်မှဖြစ်မယ်။ ဥပမာ၊ ကိုယ်နဲ့မဆိုင်တဲ့ကိစ္စ ဒါမှမဟုတ် ထုတ်ပြောရင် ကြင်နာမှု မရှိရာရောက်တဲ့ကိစ္စ ဖြစ်နိုင်တယ်။ (၁ သက်သာလောနိတ် ၄:၁၁) တချို့က ရိုင်းပျတဲ့အပြောအဆိုကို ရိုးသားမှုလို့ ပြောတတ်ကြတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ပြောဆိုတဲ့စကားဟာ အမြဲ ယဉ်ကျေးသိမ်မွေ့ပြီး ကြင်နာမှု ရှိရမယ်။—ကောလောသဲ ၄:၆ ကိုဖတ်ပါ။
ကြီးရှိတယ်။၁၁၊ ၁၂။ (က) ကြီးလေးတဲ့အပြစ် ကျူးလွန်မိသူတချို့ဟာ ပြဿနာကို ဘယ်လိုနည်းနဲ့ ပိုကြီးစေသလဲ။ (ခ) ကြီးလေးတဲ့ အပြစ်တွေနဲ့ပတ်သက်ပြီး စာတန်မြေတောင်မြှောက်တဲ့ မုသာတချို့ဟာ ဘာလဲ။ အဲဒါတွေကို ဘယ်လို တွန်းလှန်နိုင်သလဲ။ (ဂ) ယေဟောဝါရဲ့ အဖွဲ့အစည်းမှာ ရိုးသားမှုကို ဘယ်လို ပြနိုင်သလဲ။
၁၁ အသင်းတော်မှာ ဦးစီးနေသူတွေနဲ့ ရိုးရိုးသားသား ဆက်ဆံဖို့ အထူးအရေးကြီးတယ်။ တချို့ဟာ ကြီးလေးတဲ့အပြစ် ကျူးလွန်ပြီးနောက် လျှို့ဝှက်ထားတယ်၊ အသင်းတော်အကြီးအကဲတွေ မေးမြန်းတဲ့အခါ လိမ်ပြောတယ်။ ဒီနည်းနဲ့ ပြဿနာကို ပိုကြီးစေတယ်။ သူတို့ဟာ ကြီးလေးတဲ့အပြစ်ကို ကျူးလွန်နေလျက်နဲ့ ယေဟောဝါရဲ့ဆာလံ ၁၂:၂) တချို့ကျတော့ အကြီးအကဲတွေကို အမှန်အတိုင်း အပြည့်အစုံ မပြောဘဲ အဓိကအချက်တွေကို ထိမ်ချန်ထားကြတယ်။ (တမန်တော် ၅:၁-၁၁) အဲဒီလိုမရိုးသားမှုဟာ စာတန်မြေတောင်မြှောက်တဲ့ မုသာကို ယုံတာကနေ အရင်းခံလေ့ရှိတယ်။—စာမျက်နှာ ၁၆၄-၁၆၅ မှာပါတဲ့ “ ကြီးလေးတဲ့ အပြစ်တွေနဲ့ဆိုင်တဲ့ စာတန်ရဲ့ မုသာတွေ” လေးထောင့်ကွက်ကို ကြည့်ပါ။
အမှုတော်မှာ ဟန်ဆောင်ပါဝင်ပြီး နှစ်ဘဝစံတတ်ကြတယ်။ ဒီလိုနဲ့ သူ့အသက်တာတစ်လျှောက် လိမ်လည်မှုနဲ့သာ ပြည့်နေတယ်။ (၁၂ ယေဟောဝါရဲ့ အဖွဲ့အစည်းနဲ့ဆက်ဆံတဲ့အခါမှာလည်း ရိုးသားမှုရှိဖို့ အရေးကြီးတယ်။ မေးခွန်းတွေကို မှန်မှန်ကန်ကန် ဖြေဖို့ လိုတယ်။ ဥပမာ၊ အမှုဆောင်မှတ်တမ်း သွင်းတဲ့အခါ အချက်အလက်တွေကို မှန်မှန်ကန်ကန် ရေးသွင်းရမယ်။ အဲဒီလိုပဲ လုပ်ငန်းတော် အခွင့်ထူးတစ်ခုခုအတွက် လျှောက်လွှာဖြည့်တဲ့အခါ ကျွန်တော်တို့ရဲ့ ကျန်းမာရေးအခြေအနေကိုဖြစ်စေ၊ တခြားကဏ္ဍတစ်ခုခုကိုဖြစ်စေ အတိအကျ ဖော်ပြသင့်တယ်။—ပညာအလိမ္မာ ၆:၁၆–၁၉ ကိုဖတ်ပါ။
၁၃။ ယုံကြည်သူချင်းတစ်ဦးနဲ့ စီးပွားရေးလုပ်မယ်ဆိုရင် ရိုးသားမှုကို ဘယ်လို ပြနိုင်သလဲ။
၁၃ ယုံကြည်သူချင်းတွေနဲ့ ရိုးရိုးသားသား ဆက်ဆံရာမှာ စီးပွားရေးကိစ္စတွေလည်း ပါဝင်တယ်။ တစ်ခါတလေ ညီအစ်ကိုညီအစ်မတွေဟာ စီးပွားရေး အတူလုပ်တတ်ကြတယ်။ ဒီကိစ္စတွေကို နိုင်ငံတော်ခန်းမမှာ ဒါမှမဟုတ် အမှုဆောင်မှာ အတူတကွဆောင်ရွက်တဲ့ ဝတ်ပြုရေးနဲ့ မရောမိစေဖို့ ဂရုစိုက်သင့်တယ်။ စီးပွားရေးအရ အလုပ်ရှင်နဲ့ အလုပ်သမားဆက်ဆံရေးလည်း ဖြစ်နိုင်တယ်။ ညီအစ်ကိုညီအစ်မတွေကို အလုပ်ခန့်မယ်ဆိုရင် သူတို့နဲ့ ရိုးရိုးသားသား ဆက်ဆံရမယ်။ အချိန်မှန် လခထုတ်ပေးရမယ်၊ သဘောတူထားတဲ့ အခငွေကို ပေးရမယ်၊ ဥပဒေအတိုင်း အကျိုးခံစားခွင့်တွေကိုလည်း ပေးရမယ်။ (၁ တိမောသေ ၅:၁၈။ ယာကုပ် ၅:၁-၄) အဲဒီလိုပဲ မိမိရဲ့အလုပ်ရှင်ဟာ ညီအစ်ကို ညီအစ်မ ဖြစ်နေမယ်ဆိုရင် မိမိရတဲ့ အခငွေနဲ့ ထိုက်တန်စွာ အလုပ်လုပ်ပေးရမယ်။ (၂ သက်သာလောနိတ် ၃:၁၀) ယုံကြည်သူချင်း ဖြစ်တဲ့အတွက် အလုပ်ရှင်ဟာ ကျွန်တော်တို့ကို တခြားအလုပ်သမားတွေထက် ဦးစားပေးပြီး ပိတ်ရက်၊ ခံစားခွင့် ဒါမှမဟုတ် အခွင့်အရေးတွေ ပိုပေးဖို့ မမျှော်လင့်သင့်ဘူး။—ဧဖက် ၆:၅-၈။
၁၄။ ခရစ်ယာန်တွေဟာ စွန့်စားရတဲ့ ဖက်စပ်လုပ်ငန်းတစ်ခုကို လုပ်တဲ့အခါ ဘာကို ကြိုလုပ်ဆောင်သင့်သလဲ။ ဘာကြောင့်လဲ။
ယေရမိ ၃၂:၉-၁၂။ ကမ္ဘာဦး ၂၃:၁၆-၂၀ ကိုလည်း ကြည့်ပါ။) ယုံကြည်သူချင်းတွေနဲ့ စီးပွားရေးလုပ်တဲ့အခါ စာချုပ်ထဲမှာ အသေးစိတ် ရေးမှတ်ပြီး သက်သေတွေရှေ့ လက်မှတ်ထိုးတာဟာ မယုံကြည်တဲ့သဘော မဟုတ်ဘူး။ အဲဒီအစား အထင်လွဲစရာ၊ စိတ်ပျက်စရာ၊ စိတ်ဝမ်းကွဲစရာတွေ မဖြစ်အောင် အထောက်အကူပြုတယ်။ ခရစ်ယာန်တွေဟာ စီးပွားရေးအတူလုပ်တဲ့အခါ ဘယ်စီးပွားရေးလုပ်ငန်းကြောင့်မှ အသင်းတော်ရဲ့ စည်းလုံးငြိမ်သက်မှုကို မထိခိုက်စေဖို့ စိတ်စွဲမှတ်ထားရမယ်။ *—၁ ကောရိန္သု ၆:၁-၈။
၁၄ ကျွန်တော်တို့ဟာ ငွေရင်းနှီးမြှုပ်နှံထားရတဲ့ ဒါမှမဟုတ် ငွေချေးယူပြီး စွန့်စားရတဲ့ ဖက်စပ်စီးပွားရေးလုပ်ငန်းကို လုပ်တယ်ဆိုပါစို့။ ကျမ်းစာမှာ အရေးပါပြီး လက်တွေ့ကျတဲ့ မူတစ်ခုရှိတယ်။ စာချုပ်စာတမ်းမှာ အသေးစိတ်ဖော်ပြ ရေးမှတ်ထားခြင်း ဖြစ်တယ်။ ဥပမာ၊ ယေရမိဟာ လယ်ကို ဝယ်ပြီး ငွေပေးချေတဲ့အခါ သက်သေတွေရှေ့ စာချုပ်ချုပ်ပြီး မိတ္တူလုပ်တယ်။ အဲဒီစာချုပ်ကို နောက်နောင် ထောက်ပြနိုင်ဖို့ လုံလုံခြုံခြုံ သိမ်းထားတယ်။ (လောကမှာ ရိုးသားပါ
၁၅။ စီးပွားရေးလုပ်တဲ့အခါ မရိုးသားတဲ့ အကျင့်တွေကို ယေဟောဝါ ဘယ်လို သဘောထားသလဲ။ လူအများလက်ခံထားတဲ့ အဲဒီအကျင့်တွေကို ခရစ်ယာန်တွေ ဘယ်လိုတုံ့ပြန်သလဲ။
၁၅ အသင်းတော်မှာပဲ ရိုးသားမှု ပြရမှာ မဟုတ်ဘူး။ ပေါလုက “ကျွန်တော်တို့ဟာ အရာရာမှာ ရိုးရိုးသားသား ကျင့်ကြံပြုမူချင်” တယ်လို့ ပြောတယ်။ (ဟီဘရူး ၁၃:၁၈) လောကစီးပွားရေးကိစ္စတွေမှာ ရိုးသားတာကို ကျွန်တော်တို့ရဲ့ ဖန်ဆင်းရှင် သိပ်စိတ်ဝင်စားတယ်။ ပညာအလိမ္မာကျမ်း တစ်ကျမ်းတည်းမှာ မမှန်တဲ့ချိန်ခွင်အကြောင်း တစ်ကြိမ်ထက်မက ညွှန်းထားတယ်။ (ပညာအလိမ္မာ ၁၁:၁။ ၂၀:၁၀၊ ၂၃) ရှေးခေတ်က ရောင်းဝယ်တဲ့ပစ္စည်းနဲ့ တန်ဖိုးငွေကိုပါ ချိန်ကြည့်ဖို့ ချိန်ခွင်တွေ၊ အလေးတွေကို အသုံးပြုလေ့ရှိတယ်။ မရိုးသားတဲ့ကုန်သည်တွေဟာ ဝယ်သူတွေကို လိမ်လည်လှည့်စားဖို့ အလေးနှစ်မျိုးနဲ့ မမှန်တဲ့ချိန်ခွင်ကို အသုံးပြုကြတယ်။ * အဲဒီအကျင့်တွေကို ယေဟောဝါ ရွံမုန်းတယ်။ ဒါကြောင့် ဘုရားရဲ့မေတ္တာ အမြဲခံစားချင်ရင် စီးပွားရေးလုပ်တဲ့အခါ မရိုးသားတဲ့ အကျင့်မှန်သမျှကို လုံးဝရှောင်ရမယ်။
၁၆၊ ၁၇။ ဒီလောကမှာ မရိုးသားတဲ့ ဘယ်အကျင့်တွေကို တွေ့မြင်နေရသလဲ။ ခရစ်ယာန်စစ်တွေဟာ ဘာလုပ်ဖို့ စိတ်ဆုံးဖြတ်ထားသလဲ။
၁၆ စာတန်ဟာ ဒီလောကရဲ့အုပ်စိုးရှင် ဖြစ်တဲ့အတွက် ကျွန်တော်တို့ရဲ့ ဝန်းကျင်မှာ မရိုးသားမှုတွေ တွေ့နေရတာ အံ့သြစရာ မဟုတ်ဘူး။ မရိုးမသားပြုမူဖို့ နေ့စဉ် သွေးဆောင်ခံရနိုင်တယ်။ လူအများဟာ အလုပ်လျှောက်ဖို့ ကိုယ်ရေးရာဇဝင် ရေးတဲ့အခါ လိမ်လည်ချဲ့ကားတာ၊ ထောက်ခံစာအတုတွေ ပူးတွဲတင်ပြတာ၊ အလုပ်အတွေ့အကြုံကို လိမ်ညာရေးသားတာတွေ ပြုလုပ်လေ့ရှိတယ်။ လူဝင်မှု၊ အခွန်၊ အာမခံ စတာတွေအတွက် ပုံစံစာရွက်တွေကို ဖြည့်တဲ့အခါ လိုရာရရှိဖို့ လိမ်လည်ဖြည့်စွက်လေ့ရှိကြတယ်။ စာမေးပွဲဖြေတဲ့အခါ ကျောင်းသူကျောင်းသားတွေ ခိုးချတတ်ကြတယ်။ ကျောင်းအတွက် စာစီစာကုံးတွေ၊ စာတမ်းတွေ ပြုစုတဲ့အခါ အင်တာနက်ထဲဝင်၊ သူတစ်ပါးရဲ့လက်ရာကို ခိုးချပြီး ကိုယ်တိုင်ရေးသလို လုပ်ဆောင်တတ်ကြတယ်။ အဂတိလိုက်စားတဲ့ အရာရှိတွေနဲ့ ဆက်ဆံရတဲ့အခါ မိမိတို့လိုဘပြည့်ဖို့ လာဘ်ပေးလေ့ရှိကြတယ်။ ဒီလောကမှာ “ကိုယ့်ကိုယ်ကိုယ်ပဲ ချစ်တဲ့သူ၊ ငွေကိုတပ်မက်သူ၊ . . . ကောင်းမြတ်ရာကို မုန်းတီးသူ” များတဲ့အတွက် အဲဒီလိုပဲ ဖြစ်ပါလိမ့်မယ်။—၂ တိမောသေ ၃:၁-၅။
၁၇ ခရစ်ယာန်စစ်တွေကတော့ အဲဒီလိုအကျင့်တွေကို မကျင့်ကြံဖို့ စိတ်ဆုံးဖြတ်ထားကြတယ်။ ဒါပေမဲ့ တစ်ခါတလေ ရိုးသားဖို့ အခက်တွေ့ရတာဟာ ဒီနေ့ လောကမှာ မရိုးသားသူတွေ ကြီးပွားအောင်မြင်နေပုံ ပေါက်နေလို့ပဲ။ (ဆာလံ ၇၃:၁-၈) ခရစ်ယာန်စစ်တွေကတော့ “အရာရာမှာ” ရိုးသားချင်တဲ့အတွက် ငွေရေးကြေးရေး အကျပ်အတည်းနဲ့ ကြုံရနိုင်တယ်။ အဲဒီလို ကိုယ်ကျိုးစွန့်တာ အကျိုးနပ်ရဲ့လား။ အကျိုးနပ်ပါတယ်။ ဘာကြောင့်လဲ။ ရိုးရိုးသားသား ကျင့်ကြံတဲ့အတွက် ဘာကောင်းချီးတွေ ခံစားရသလဲ။
ရိုးသားခြင်းကြောင့် ရရှိတဲ့ ကောင်းချီးတွေ
၁၈။ ရိုးသားတယ်ဆိုတဲ့ နာမည်ကောင်းဟာ ဘာကြောင့် အလွန်တန်ဖိုးရှိသလဲ။
၁၈ ရိုးသားသူ၊ ယုံကြည်အားထားရသူဆိုတဲ့ နာမည်ကောင်း ရထားတာထက် ပိုအဖိုးတန်တဲ့အရာကို လူ့အသက်တာတစ်လျှောက် မတွေ့နိုင်ဘူး။ (“ ငါ ဘယ်လောက် ရိုးသားသလဲ” လေးထောင့်ကွက်ကို ကြည့်ပါ။) စဉ်းစားကြည့်ပါ။ အဲဒီနာမည်ကောင်းမျိုးကို ဘယ်သူမဆို ရရှိနိုင်တယ်။ အဲဒီနာမည်ရရှိဖို့ သင့်ပင်ကိုစွမ်းရည်၊ စည်းစိမ်၊ ရုပ်ရည်၊ လူမှုရေးနောက်ခံ ဒါမှမဟုတ် သင် လက်လှမ်းမမီနိုင်တဲ့ အရာတစ်ခုခုအပေါ် မမူတည်ဘူး။ ဒါပေမဲ့ လူအများစုမှာ ဒီအဖိုးတန် နာမည်ကောင်း မရှိကြဘူး။ နာမည်ကောင်းရသူ အလွန်ရှားတယ်။ (မိက္ခာ ၇:၂) သင် ရိုးသားတာကို ကဲ့ရဲ့မယ့်သူတွေ ရှိနိုင်တယ်။ ဒါပေမဲ့ သင့်ရိုးသားမှုကို တန်ဖိုးထားသူတွေလည်းရှိပြီး သူတို့ဟာ သင့်ကို ယုံကြည်စိတ်ချ၊ လေးစားကြမယ်။ ရိုးသားမှုကြောင့် ငွေရေးကြေးရေးအရ အကျိုးခံစားရတာကို ယေဟောဝါသက်သေတွေ တွေ့ခဲ့ကြတယ်။ မရိုးသားတဲ့ အလုပ်သမားတွေ အလုပ်ဖြုတ်ခံရချိန်မှာ သူတို့ အလုပ်မပြုတ်ကြဘူး၊ ရိုးသားတဲ့အလုပ်သမားတွေ အထူးလိုအပ်တဲ့အခါမှာ အလုပ်ရခဲ့ကြတယ်။
၁၉။ ရိုးသားတဲ့ ဘဝလမ်းစဉ်ဟာ ကျွန်တော်တို့ရဲ့ အမှားအမှန်သိစိတ်အပြင် ယေဟောဝါနဲ့ဆက်ဆံရေးကို ဘယ်လို အကျိုးပြုနိုင်သလဲ။
၁၉ အဲဒီအဖြစ်မျိုးကို သင်ကိုယ်တိုင် ကြုံဖူးသည်ဖြစ်စေ၊ မကြုံဖူးသည်ဖြစ်စေ ရိုးသားတာဟာ ဒီထက်မက အကျိုးပြုကြောင်း တွေ့ရလိမ့်မယ်။ ကြည်လင်တဲ့ အမှားအမှန်သိစိတ် ရှိခြင်းဆိုတဲ့ ကောင်းချီးကို ရရှိလိမ့်မယ်။ ပေါလုက ‘ကျွန်တော်တို့ဟာ အမှားအမှန်သိစိတ် ကြည်လင်နေမှန်း ကိုယ့်ကိုယ်ကိုယ် ယုံတယ်’ လို့ ရေးခဲ့တယ်။ (ဟီဘရူး ၁၃:၁၈) ကျွန်တော်တို့ရဲ့ မေတ္တာရှင် ကောင်းကင်ဖခင်ဟာ သင့်ရဲ့ နာမည်ကောင်းကို သတိမပြုမိဘဲနေမှာ မဟုတ်ဘူး။ ကိုယ်တော်ဟာ ရိုးသားသူတွေကို ချစ်တယ်။ (ဆာလံ ၁၅:၁၊ ၂ နဲ့ ပညာအလိမ္မာ ၂၂:၁ ကိုဖတ်ပါ။) မှန်ပါတယ်၊ သင့်ရဲ့ ရိုးသားမှုဟာ ဘုရားရဲ့မေတ္တာ ခံစားရစေမယ့်အရာတွေကို အမြဲလုပ်ဆောင်နိုင်ဖို့ သင့်ကို ကူညီပေးတယ်။ ဒီထက်အဖိုးတန်တဲ့ အကျိုးကျေးဇူး မရှိနိုင်ဘူး။ အဲဒါနဲ့ဆက်နွှယ်တဲ့ အကြောင်းအရာ၊ အလုပ်အကိုင်နဲ့ပတ်သက်တဲ့ ယေဟောဝါရဲ့ ရှုမြင်ပုံအကြောင်း ဆက်သုံးသပ်ကြစို့။
^ စာပိုဒ်၊ 9 အသင်းတော်မှာ သူတစ်ပါးကို ထိခိုက်အောင် မလိုတမာစိတ်နဲ့ ဗြောင်လိမ်တဲ့အကျင့်ဟာ အကြီးအကဲတွေ အရေးယူရမယ့်ကိစ္စ ဖြစ်နိုင်တယ်။
^ စာပိုဒ်၊ 14 စီးပွားရေးလုပ်ငန်းတစ်ခု ပျက်သွားတဲ့အခါ ဘယ်လို လုပ်ဆောင်သင့်ကြောင်း “စီးပွားရေးကိစ္စတွေမှာ အငြင်းပွားမှုကို ဖြေရှင်းခြင်း” နောက်ဆက်တွဲကို သုံးသပ်ပါ။
^ စာပိုဒ်၊ 15 သူတို့ဟာ ဝယ်တဲ့အခါ အလေးတစ်မျိုး၊ ရောင်းတဲ့အခါ အလေးတစ်မျိုး သုံးပြီး အမြတ်ထုတ်ကြတယ်။ ဘယ်အရောင်းအဝယ်ကိစ္စမှာမဆို ဝယ်သူကို လိမ်လည်လှည့်ဖြားဖို့ ပိုရှည်တဲ့ ဒါမှမဟုတ် ပိုလေးတဲ့ လက်တံရှိတဲ့ ချိန်ခွင်ကိုလည်း အသုံးပြုတတ်ကြတယ်။