မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အပိုင်း ၅

ဂျော်ဒန်မြစ်အရှေ့ဘက်မှာ ယေရှုရဲ့နောက်ပိုင်းအမှုဆောင်လုပ်ငန်း

“လူ​အတော်များများ ယေရှုကို ယုံကြည်​လာကြတယ်။” —ယောဟန် ၁၀:၄၂

ဂျော်ဒန်မြစ်အရှေ့ဘက်မှာ ယေရှုရဲ့နောက်ပိုင်းအမှုဆောင်လုပ်ငန်း

ဒီအပိုင်းမှာ

အခန်း ၈၂

ပေရိယနယ်မှာ ယေရှုရဲ့ အမှုဆောင်လုပ်ငန်း

ယေရှုက ကယ်တင်ခြင်းရဖို့ ဘာလိုအပ်တယ်ဆိုတာ နားထောင်နေသူတွေကို ရှင်းပြတယ်။ သူ့ရဲ့ဆုံးမစကားဟာ အဲဒီအချိန်တုန်းက အရေးကြီးခဲ့တယ်။ ဒီနေ့အချိန်မှာကော။

အခန်း ၈၃

စားသောက်ပွဲတက်ဖို့ ဖိတ်ခေါ်ခြင်း

ဖာရိရှဲအိမ်မှာ စားသောက်နေတုန်း ယေရှုက ကြီးကျယ်ခမ်းနားတဲ့ စားသောက်ပွဲ ပုံဥပမာကို ပြောပြတယ်။ ဘုရားလူမျိုးအားလုံးအတွက် အရေးကြီးတဲ့ သင်ခန်းစာ ပေးခဲ့တယ်။ ဘာဖြစ်မလဲ။

အခန်း ၈၄

တပည့်ဖြစ်ခြင်း ကြီးလေးတဲ့တာ၀န်ဖြစ်

ခရစ်တော်ရဲ့တပည့်ဖြစ်ခြင်းဟာ ကြီးလေးတဲ့တာဝန်ဖြစ်တယ်။ တပည့်ဖြစ်ခြင်းမှာ ဘာတွေပါဝင်ကြောင်း ယေရှုပြောပြတယ်။ သူ့စကားကြောင့် နောက်လိုက်တချို့ လန့်သွားကြမှာပဲ။

အခန်း ၈၅

နောင်တရတဲ့အပြစ်သားအတွက် ၀မ်းမြောက်ခြင်း

ဖာရိရှဲနဲ့ကျမ်းတတ်တွေက သာမန်လူတွေနဲ့ ယေရှုပေါင်းသင်းတာကို ပြစ်တင်ဝေဖန်ကြတယ်။ ယေရှုက အပြစ်သားတွေနဲ့ ပတ်သက်တဲ့ ဘုရားရဲ့အမြင်ကို ပုံဥပမာတွေသုံးပြီး ဖော်ပြတယ်။

အခန်း ၈၆

ပျောက်တဲ့သား ပြန်လာပြီ

ယေရှုပြောတဲ့ သားမိုက်ပုံဥပမာကနေ ဘာသင်ခန်းစာတွေ ရရှိသလဲ။

အခန်း ၈၇

အမြော်အမြင်ရှိရှိ ကြိုတင်စီမံပါ

အကြံကြီးပြီး မရိုးသားတဲ့ဘဏ္ဍာစိုး ပုံဥပမာကိုသုံးပြီး အံ့သြစရာကောင်းတဲ့ အမှန်တရားကို ယေရှု သင်ပေးတယ်။

အခန်း ၈၈

သူဌေးနဲ့လာဇရုရဲ့ အပြောင်းအလဲ

အဓိကဇာတ်ကောင်နှစ်ကောင်က ဘယ်သူ့ကို ကိုယ်စားပြုတယ်ဆိုတာသိရင် ယေရှုရဲ့ပုံဥပမာကို နားလည်နိုင်တယ်။

အခန်း ၈၉

ယုဒနယ်ကိုအသွား ပေရိယနယ်မှာသွန်သင်ခြင်း

ကျွန်တော်တို့ကို ခဏခဏ ပြစ်မှားတဲ့သူတွေကိုတောင် ခွင့်လွှတ်တတ်ဖို့ ထောက်ကူပေးတဲ့ အရည်အသွေးတစ်ခုအကြောင်း ယေရှု အလေးပေးပြောတယ်။

အခန်း ၉၀

“ရှင်ပြန်ထမြောက်အောင်လုပ်ပေးတဲ့သူ၊ အသက်ရစေတဲ့သူ”

သူ့ကို သက်ဝင်ယုံကြည်တဲ့သူဟာ “ဘယ်တော့မှ သေရမှာမဟုတ်ဘူး” လို့ ယေရှု ပြောတာက ဘာကိုဆိုလိုသလဲ။

အခန်း ၉၁

လာဇရု အသက်ပြန်ရှင်လာ

ဒီဖြစ်ရပ်မှာ အဓိကအချက်နှစ်ချက်ကြောင့် ယေရှုရဲ့ ရန်သူတွေတောင် ဒီအံ့ဖွယ်အမှုကို မငြင်းနိုင်ခဲ့ကြဘူး။

အခန်း ၉၂

ကျေးဇူးသိတတ်တဲ့ အနာကြီးရောဂါသည်

ရောဂါပျောက်သွားတဲ့သူက ယေရှုတစ်ယောက်တည်းကို ကျေးဇူးတင်ကြောင်း ပြောတာမဟုတ်ဘူး။ နောက်တစ်ယောက်ကိုလည်း ကျေးဇူးတင်ကြောင်း ပြောတယ်။

အခန်း ၉၃

လူသားပေါ်ထွန်းမယ့်အချိန်

ခရစ်တော်ရောက်ရှိခြင်းက လျှပ်စီးလက်တာနဲ့ ဘယ်လို တူမလဲ။

အခန်း ၉၄

ဆုတောင်းခြင်းနဲ့ နှိမ့်ချခြင်း အရေးကြီးပုံ

မဖြောင့်မတ်တဲ့ တရားသူကြီးနဲ့ မုဆိုးမပုံဥပမာမှာ အထူးအရည်အသွေးတစ်ခုရဲ့ တန်ဖိုးကို ယေရှု အလေးပေး ဖော်ပြတယ်။

အခန်း ၉၅

ကွာရှင်းခြင်းအကြောင်းသွန်သင်၊ ကလေးတွေကိုချစ်ကြောင်းပြ

ကလေးတွေနဲ့ပတ်သက်တဲ့ ယေရှုရဲ့သဘောထားနဲ့ တပည့်တွေရဲ့သဘောထား သိပ်ကွာခြားတယ်။ ဘာကြောင့်လဲ။

အခန်း ၉၆

ချမ်းသာတဲ့လူငယ်အရာရှိကို ယေရှုအဖြေပေး

ဘုရားသခင်ရဲ့ နိုင်ငံတော်ထဲ ချမ်းသာတဲ့သူ၀င်တာထက် အပ်ပေါက်ထဲ ကုလားအုတ်လျှိုဝင်တာကမှ ပိုလွယ်ဦးမယ်လို့ ယေရှု ဘာကြောင့် ပြောသလဲ။

အခန်း ၉၇

စပျစ်ခြံလုပ်သားများ ပုံဥပမာ

ရှေ့ဆုံးကလူတွေ နောက်ဆုံးကို ရောက်မယ်၊ နောက်ဆုံးကလူတွေ ရှေ့ဆုံးကို ရောက်မယ်ဆိုတာ ဘာကို ပြောတာလဲ။

အခန်း ၉၈

ထင်ပေါ်ကျော်ကြားဖို့ တမန်တော်တွေထပ်ကြိုးစား

ယာကုပ်နဲ့ ယောဟန်က နိုင်ငံတော်မှာ ရာထူကြီးကြီးရဖို့ တောင်းဆိုတယ်။ ဒါပေမဲ့ သူတို့ပဲ ရာထူးလိုချင်တာ မဟုတ်ဘူး။

အခန်း ၉၉

မျက်မမြင်တွေကိုကုသပေး၊ ဇက်ခဲကိုကူညီပေး

ယေရိခေါမြို့နားမှာ မျက်မမြင်ကို ယေရှုကုသပေးတာနဲ့ ပတ်သက်တဲ့ ကျမ်းစာမှတ်တမ်းတွေက ရှေ့နောက်မညီတဲ့ပုံပဲ။ ဒါကို ဘယ်လို ရှင်းပြနိုင်သလဲ။

အခန်း ၁၀၀

ဆယ်မိုင်နာပုံဥပမာ

“ရှိထားတဲ့သူက ထပ်ပြီးရလိမ့်မယ်။ မရှိတဲ့သူကတော့ ရှိထားတာလေးတောင် အသိမ်းခံရလိမ့်မယ်” လို့ ယေရှုပြောတာ ဘာအဓိပ္ပာယ်လဲ။