အခန်း ၁၀၆
စပျစ်ခြံပုံဥပမာနှစ်ခု
မဿဲ ၂၁:၂၈-၄၆ မာကု ၁၂:၁-၁၂ လုကာ ၂၀:၉-၁၉
-
သားနှစ်ယောက် ပုံဥပမာ
-
စပျစ်ခြံလုပ်သားများ ပုံဥပမာ
ဗိမာန်တော်မှာ ယေရှုက သူ့အခွင့်အာဏာနဲ့ ပတ်သက်ပြီး မေးခွန်းထုတ်တဲ့ ပုရောဟိတ်ကြီးတွေ၊ အကြီးအကဲတွေကို အနိုင်ယူလိုက်တယ်။ ယေရှုပြန်ပြောတဲ့စကားကြောင့် သူတို့ နှုတ်ပိတ်သွားတယ်။ ဒါနဲ့ ယေရှုက သူတို့ ဘယ်လို လူစားမျိုးဖြစ်မှန်း ဖော်ထုတ်ဖို့ ပုံဥပမာတစ်ခု ပြောတယ်။
“လူတစ်ယောက်မှာ သားနှစ်ယောက်ရှိတယ်။ သူက သားကြီးကို ‘သား၊ ဒီနေ့ စပျစ်ခြံမှာ အလုပ်သွားလုပ်ပါ’ လို့ခိုင်းတော့၊ သားကြီးက ‘မသွားဘူး’ လို့ပြောတယ်။ နောက်မှ နောင်တရပြီး စပျစ်ခြံဆီ ထွက်သွားတယ်။ သားငယ်ဆီသွားပြီး အဲဒီအတိုင်း ခိုင်းတဲ့အခါ ‘ဟုတ်ကဲ့’ လို့ပြောပေမဲ့ မသွားဘူး။ အဲဒီသားနှစ်ယောက်ထဲမှာ ဘယ်သူက အဖေ့စကား နားထောင်သလဲ။” (မဿဲ ၂၁:၂၈-၃၁) အဖြေကတော့ ရှင်းပါတယ်၊ နောက်ဆုံးမှာ အဖေခိုင်းတဲ့အတိုင်းလုပ်တဲ့ သားကြီးပါပဲ။
ဒါကြောင့် အတိုက်အခံလုပ်သူတွေကို ယေရှုက “ကျွန်တော် မှန်တာကိုပြောမယ်။ အခွန်ခံတွေ၊ ပြည့်တန်ဆာတွေက ခင်ဗျားတို့ထက်အရင် ဘုရားသခင့်နိုင်ငံကို ဝင်ကြလိမ့်မယ်” လို့ပြောတယ်။ အခွန်ခံတွေ၊ ပြည့်တန်ဆာတွေက အစပိုင်းမှာ ဘုရားအမှုတော် မဆောင်ကြဘူး။ ဒါပေမဲ့ သားကြီးလိုပဲ သူတို့က နောက်ပိုင်းမှာ နောင်တရပြီး ဘုရားအမှုတော် ဆောင်နေကြတယ်။ ဘာသာရေး ခေါင်းဆောင်တွေကျတော့ သားငယ်နဲ့ တူတယ်။ ဘုရားအမှုတော် ဆောင်ပါတယ်လို့ ပြောနေပေမဲ့ တကယ်တမ်း အဲဒီလို လုပ်နေတာမဟုတ်ဘူး။ ဒါကြောင့် ယေရှုက “[နှစ်ခြင်းပေးသူ] ယောဟန်ရောက်လာပြီး ဖြောင့်မတ်ခြင်းတရားလမ်းကို ပြညွှန်ပေမဲ့ သူ့ကို ခင်ဗျားတို့ မယုံကြည်ဘူး။ အခွန်ခံတွေ၊ ပြည့်တန်ဆာတွေကတော့ ယုံကြည်တယ်။ ဒါကို ခင်ဗျားတို့ မြင်ပြီးနောက်မှာတောင် မယုံကြည်ကြဘူး။ နောင်တမရကြဘူး” လို့ မှတ်ချက်ချတယ်။—မဿဲ ၂၁:၃၁၊ ၃၂။
နောက်ပုံဥပမာတစ်ခုကို ဆက်ပြောတယ်။ ဒီတစ်ခါမှာတော့ ဘာသာရေးခေါင်းဆောင်တွေဟာ ဘုရားအမှုတော် မဆောင်ရုံတင် မကဘူး၊ အဲဒါထက် ပိုဆိုးညစ်တယ်လို့ ယေရှု ဖော်ပြတယ်။ ပုံဥပမာကတော့– “လူတစ်ယောက်က စပျစ်ခြံကို စိုက်ပျိုးပြီး ခြံစည်းရိုးခတ်တယ်။ စပျစ်သီးနယ်ဖို့ ကျင်းကိုတူးပြီး လင့်စင်ဆောက်တယ်။ ပြီးတော့ ခြံလုပ်သားတွေကို သီးစားချပြီးတဲ့နောက် ခရီးထွက်သွားတယ်။ အသီးခူးချိန် ရောက်တဲ့အခါ ခြံလုပ်သားတွေဆီ ကျွန်တစ်ယောက် လွှတ်ပြီး သူရမယ့် ဝေစုကို တောင်းခိုင်းတယ်။ ဒါပေမဲ့ ခြံလုပ်သားတွေက ကျွန်ကို ဖမ်းဆီးရိုက်နှက်ပြီး လက်ဗလာနဲ့ ပြန်လွှတ်လိုက်တယ်။ ကျွန်နောက်တစ်ယောက်ကို လွှတ်တဲ့အခါ ခြံလုပ်သားတွေက သူ့ခေါင်းကို ရိုက်ပြီး အရှက်ခွဲလိုက်တယ်။ နောက်တစ်ယောက်ကို ထပ်လွှတ်တော့လည်း သတ်လိုက်ပြန်တယ်။ ဒါနဲ့ ကျွန်အများကြီးကို လွှတ်တဲ့အခါ တချို့ကို ရိုက်နှက်ပြီး တချို့ကို သတ်ပစ်တယ်။”—မာကု ၁၂:၁-၅။
နားထောင်နေသူတွေဟာ ပုံဥပမာရဲ့ ဆိုလိုရင်းကို နားလည်ကြသလား။ သူတို့အနေနဲ့ ဟေရှာယကတစ်ဆင့် ဘုရားသခင်ပြောတဲ့ ဒီစကားတွေကို သတိရကြမှာပဲ– “အစ္စရေးအမျိုးဟာ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါရဲ့ စပျစ်ခြံပဲ။ ယုဒလူတွေဟာ ငါမြတ်နိုးတဲ့ စိုက်ခင်းပဲ။ တရားမျှတမှုကို ငါမျှော်လင့်နေပေမဲ့ မတရားမှုတွေပဲ ရှိနေတယ်။” (ဟေရှာယ ၅:၇) ယေရှုပြောတဲ့ ပုံဥပမာမှာလည်း စပျစ်ခြံပိုင်ရှင်ဟာ ယေဟောဝါဘုရားဖြစ်ပြီး စပျစ်ခြံကတော့ အစ္စရေးလူမျိုးဖြစ်တယ်။ သူတို့ကို ဘုရားပညတ်နဲ့ ခြံစည်းရိုးခတ်ထားပြီး ကာကွယ်ပေးထားတယ်။ ယေဟောဝါဘုရားက ပရောဖက်တွေ စေလွှတ်ပြီး သူ့လူမျိုးကို သွန်သင်ပေးတယ်၊ အသီးကောင်းတွေ သီးလာအောင် ကူညီပေးတယ်။
ဒါပေမဲ့ “ခြံလုပ်သားတွေက” ခြံပိုင်ရှင် စေလွှတ်လိုက်တဲ့ “ကျွန်တွေကို” ရိုက်နှက်ကြတယ်၊ သတ်ပစ်ကြတယ်။ ယေရှု ဒီလိုဆက်ပြောတယ်– “ခြံပိုင်ရှင်မှာ ချစ်ရတဲ့ သားတစ်ယောက် ရှိတယ်။ နောက်ဆုံးမှာ ‘ငါ့သားကိုတော့ လေးစားကြမှာပါ’ လို့တွေးပြီး သားကို လွှတ်လိုက်တယ်။ ဒါပေမဲ့ ခြံလုပ်သားတွေက ‘ဒီခြံကို အမွေဆက်ခံမယ့်သူပဲ။ သူ့ကို သတ်ပစ်ရအောင်။ ဒါဆိုရင် သူ့အမွေကို ငါတို့ရပြီ’ လို့တိုင်ပင်ကြတယ်။ ဒါနဲ့ သူ့ကို ဖမ်းဆီးသတ်ဖြတ်” လိုက်တယ်။—မာကု ၁၂:၆-၈။
“ဒီတော့ ခြံပိုင်ရှင် ဘာလုပ်မလဲ” ဆိုပြီး ယေရှုမေးတယ်။ (မာကု ၁၂:၉) “ဒီလူယုတ်မာတွေကို သတ်ပစ်မှာပေါ့။ စပျစ်ခြံကိုတော့ အသီးခူးချိန်မှာ သီးစားခပေးမယ့် တခြားခြံလုပ်သားတွေဆီ ငှားပါလိမ့်မယ်” လို့ ဘာသာရေးခေါင်းဆာင်တွေ ဖြေကြတယ်။—မဿဲ ၂၁:၄၁။
ဒီလိုနည်းနဲ့ သူတို့ကိုယ် သူတို့ ပြစ်ဒဏ်စီရင်မိလျက်သား ဖြစ်သွားတယ်။ အကြောင်းကတော့ သူတို့ဟာ ယေဟောဝါဘုရားရဲ့ “စပျစ်ခြံ” ထဲက “ခြံလုပ်သားတွေ၊” တစ်နည်းအားဖြင့် အစ္စရေးမာကု ၁၂:၁၀၊ ၁၁) ပြီးတော့ “ကျွန်တော်ပြောမယ်။ ဘုရားသခင့် နိုင်ငံတော်ကို ခင်ဗျားတို့ဆီကနေ ရုပ်သိမ်းပြီး သီးပွင့်ဖြစ်ထွန်းမယ့် လူမျိုးကို အပ်လိမ့်မယ်” ဆိုပြီး သူပြောချင်တဲ့အချက်ကို ရှင်းရှင်းလေး ပြောလိုက်တယ်။—မဿဲ ၂၁:၄၃။
လူမျိုးအဝင် ဖြစ်လို့ပဲ။ အဲဒီခြံလုပ်သားတွေဆီကနေ ယေဟောဝါဘုရားမျှော်လင့်တဲ့ အသီးကတော့ ဘုရားရဲ့သားတော်၊ မေရှိယကို ယုံကြည်ဖို့ပါ။ ယေရှုက အဲဒီ ဘာသာရေး ခေါင်းဆောင်တွေကို စူးစိုက်ကြည့်ပြီး “ဒီကျမ်းစကားကို ခင်ဗျားတို့ မဖတ်ဖူးကြဘူးလား– ‘တိုက်ကို တည်ဆောက်သူတွေ ပယ်ထားတဲ့ ကျောက်ဟာ ထိပ်ဆုံးက ထောင့်ချုပ်ကျောက် ဖြစ်လာပြီ။ ဒီကျောက်ဟာ ယေဟောဝါဆီက လာတယ်။ ငါတို့အမြင်မှာ အံ့ဩစရာပဲ’ ဆိုတဲ့ စကားပဲ” လို့ ပြောလိုက်တယ်။ (ကျမ်းတတ်နဲ့ ပုရောဟိတ်ကြီးတွေက ယေရှု “သူတို့ကိုရည်ရွယ်ပြီး ပြောနေမှန်း ရိပ်မိကြတယ်။” (လုကာ ၂၀:၁၉) ဒါကြောင့် “အမွေဆက်ခံသူ” ဖြစ်တဲ့ ယေရှုကို ပိုပြီးတော့တောင် သတ်ပစ်ချင်ကြတယ်။ ဒါပေမဲ့ ယေရှုကို ပရောဖက်လို့ ယူမှတ်နေတဲ့ လူအုပ်ကိုကြောက်လို့ ဒီအချိန်မှာ မဖမ်းရဲကြဘူး။