အခန်း ၁၀၇
ဘုရင်ကြီးက မင်္ဂလာပွဲတက်ရောက်ဖို့ လူတွေကိုဖိတ်ခေါ်ခိုင်း
-
မင်္ဂလာပွဲ ပုံဥပမာ
ယေရှုက သူ့ရဲ့အမှုဆောင်လုပ်ငန်း ပြီးဆုံးခါနီးမှာ ကျမ်းတတ်နဲ့ ပုရောဟိတ်ကြီးတွေ အကြောင်းကို ပုံဥပမာတွေသုံးပြီး ဆက်ဖော်ထုတ်တယ်။ ဒါကြောင့်လည်း သူတို့က ယေရှုကို သတ်ချင်နေတာ။ (လုကာ ၂၀:၁၉) ယေရှုကတော့ ဆက်ဖော်ထုတ်နေတုန်းပဲ။ နောက်ပုံဥပမာတစ်ခုကို သူပြောပြတယ်–
“ကောင်းကင်နိုင်ငံကို သားအတွက် မင်္ဂလာပွဲပြင်ဆင်တဲ့ ဘုရင်ကြီးတစ်ပါးနဲ့ ခိုင်းနှိုင်းနိုင်တယ်။ ဘုရင်ကြီးက ဖိတ်ခေါ်ထားသူတွေဆီ ကျွန်တွေ လွှတ်ပြီး ခေါ်ခိုင်းလိုက်ပေမဲ့ တစ်ယောက်မှ မလာချင်ကြဘူး။” (မဿဲ ၂၂:၂၊ ၃) ယေရှုက ပုံဥပမာကို “ကောင်းကင်နိုင်ငံ” နဲ့အစပြုတာကြောင့် “ဘုရင်ကြီး” က ယေဟောဝါဘုရား ဖြစ်ရမယ်။ ဒါဆို ဘုရင်ကြီးရဲ့ သားနဲ့ ဖိတ်ခေါ်ခံရသူတွေက ဘယ်သူတွေလဲ။ ဘုရင်ကြီးရဲ့သားဆိုတာ ဒီပုံဥပမာကို ပြောပြနေသူ၊ ယေဟောဝါဘုရားရဲ့ သားတော်ဖြစ်မှန်း သိနိုင်ပါတယ်။ ဖိတ်ခေါ်ခံရသူတွေကတော့ ကောင်းကင်နိုင်ငံတော်မှာ သားတော်နဲ့အတူ ရှိမယ့်သူတွေ ဖြစ်တယ်။
ဘယ်သူတွေ ဦးဆုံး ဖိတ်ခေါ်ခံရသလဲ။ ယေရှုနဲ့ တမန်တော်တွေက ဘယ်သူတွေကို နိုင်ငံတော်အကြောင်း ဟောပြောသလဲဆိုတာ စဉ်းစားကြည့်ပါ။ ဂျူးတွေကို မဟုတ်လား။ (မဿဲ ၁၀:၆၊ ၇။ ၁၅:၂၄) ဘီစီ ၁၅၁၃ မှာ ဒီလူမျိုးဟာ ပညတ်ပဋိညာဉ်ကို လက်ခံခြင်းအားဖြင့် “ပုရောဟိတ်အုပ်ချုပ်တဲ့နိုင်ငံ” ထူထောင်ဖို့ ဦးဆုံး လျာထားခံရသူတွေ ဖြစ်လာတယ်။ (ထွက်မြောက်ရာ ၁၉:၅-၈) ဒါပေမဲ့ ဘယ်အချိန်ရောက်မှ “မင်္ဂလာပွဲ” ကို သူတို့ တကယ် ဖိတ်ခေါ်ခံရသလဲ။ ကောင်းကင်နိုင်ငံတော်အကြောင်း ယေရှု စဟောပြောချိန်၊ အေဒီ ၂၉ ရောက်မှ ဖိတ်ခေါ်ခြင်း စခဲ့တာ။
အစ္စရေးလူမျိုးအများစု ဘယ်လို တုံ့ပြန်ခဲ့ကြသလဲ။ ယေရှုပြောတဲ့အတိုင်း “တစ်ယောက်မှ မလာချင်ကြဘူး။” ဘာသာရေးခေါင်းဆောင် အများစုနဲ့ လူတွေဟာ ယေရှုကို မေရှိယအဖြစ်၊ ဘုရားရွေးချယ်ထားတဲ့ ဘုရင်အဖြစ် လက်မခံခဲ့ကြဘူး။
ဒါပေမဲ့ ဂျူးတွေမှာ နောက်ထပ် အခွင့်အရေး ရှိသေးမှန်း အခုလို ပြောတယ်– “[ဘုရင်ကြီးက] တခြားကျွန်တွေ ထပ်လွှတ်ပြီး “‘စားသောက်ပွဲကို ငါပြင်ဆင်ထားပြီ။ နွားတွေ၊ ဆူဖြိုးတဲ့တိရစ္ဆာန်တွေကို သတ်ပြီးပြီ။ အားလုံး အသင့်ဖြစ်နေပြီ။ မင်္ဂလာပွဲကို လာကြပါ” လို့ ဖိတ်ခေါ်ထားသူတွေကို ပြောလိုက်’ ဆိုပြီး မှာတယ်။ ဒါပေမဲ့ သူတို့ အရေးမစိုက်ကြဘူး။ တစ်ယောက်က လယ်ထဲ ထွက်သွားတယ်။ နောက်တစ်ယောက်က အရောင်းအဝယ်မဿဲ ၂၂:၄-၆) အဲဒါက ခရစ်ယာန်အသင်းတော် တည်ထောင်ချိန်မှာ ဖြစ်ပျက်ခဲ့တာတွေနဲ့ တူညီတယ်။ အဲဒီအချိန်မှာ ဂျူးတွေက နိုင်ငံတော်ဝင်ဖို့ အခွင့်အရေး ရှိသေးတယ်။ ဒါပေမဲ့ အများစုက ဖိတ်ခေါ်ချက်ကို ငြင်းပယ်ခဲ့တယ်။ “ဘုရင်ကြီးရဲ့ကျွန်တွေ” ကိုတောင် နှိပ်စက်ညှဉ်းပန်းခဲ့တယ်။—တမန်တော် ၄:၁၃-၁၈။ ၇:၅၄၊ ၅၈။
လုပ်ဖို့ ထွက်သွားတယ်။ တချို့ကျတော့ လွှတ်လိုက်တဲ့ ကျွန်တွေကို ဖမ်းဆီး၊ ရိုက်နှက်ပြီး သတ်လိုက်တယ်။” (ဒါကြောင့် သူတို့ ဘာကြုံရသလဲ။ “ဒါနဲ့ ဘုရင်ကြီးက ဒေါသထွက်ပြီး စစ်သည်တွေကို လွှတ်လိုက်တယ်။ အဲဒီ လူသတ်သမားတွေကို ကွပ်မျက်ပြီး မြို့ကို မီးရှို့ပစ်တယ်” လို့ ယေရှုပြောတယ်။ (မဿဲ ၂၂:၇) အေဒီ ၇၀ မှာ ရောမတွေ ဂျေရုဆလင် “မြို့ကို” ဖျက်ဆီးတဲ့အခါ ဂျူးတွေ အဲဒီအဖြစ်ဆိုး ကြုံခဲ့ရတယ်။
ဘုရင်ကြီးရဲ့ ဖိတ်ခေါ်ချက်ကို သူတို့ ငြင်းလိုက်လို့ ဘယ်သူ့ကိုမှ မဖိတ်ခေါ်တော့ဘူးဆိုတဲ့ သဘောလား။ ပုံဥပမာအရ ဆိုရင်တော့ မဟုတ်ပါဘူး။ ယေရှု အခုလို ဆက်ပြောတယ်– “အဲဒီနောက် [ဘုရင်ကြီးက] သူ့ကျွန်တွေကို ‘မင်္ဂလာပွဲ အသင့်ဖြစ်နေပေမဲ့ အဲဒီလူတွေဟာ မင်္ဂလာပွဲတက်ဖို့ မထိုက်တန်ဘူး။ ဒါကြောင့် လမ်းမတွေကို သွားပြီး တွေ့သမျှလူတွေကို မင်္ဂလာပွဲလာဖို့ ဖိတ်ခေါ်ကြ’ လို့ပြောတယ်။ ကျွန်တွေလည်း လမ်းပေါ်ထွက်သွားပြီး လူဆိုးလူကောင်းမကျန် တွေ့သမျှကို ခေါ်လာတယ်။ ဒီလိုနဲ့ မင်္ဂလာခန်းမတစ်ခုလုံး လူပြည့်သွားတယ်။”—မဿဲ ၂၂:၈-၁၀။
မှတ်သားစရာက၊ နောက်ပိုင်းမှာ တမန်တော်ပေတရုက (ဂျူးလူမျိုးလည်း မဟုတ်၊ ဂျူးဘာသာ ပြောင်းဝင်လာသူလည်း မဟုတ်တဲ့) လူမျိုးခြားတွေကို ခရစ်ယာန်စစ်တွေ ဖြစ်လာအောင် ကူညီပေးခဲ့တယ်။ အေဒီ ၃၆ မှာ ရောမတပ်မှူး ကော်နေလိနဲ့ သူ့မိသားစုဟာ ဘုရားသခင့်စွမ်းအားတော် ရရှိပြီး ကောင်းကင်နိုင်ငံတော် ၀င်ခွင့်ရခဲ့တယ်။—တမန်တော် ၁၀:၁၊ ၃၄-၄၈။
ယေရှု အခုလို ဆက်ပြောတယ်– “ဘုရင်ကြီးက ဧည့်သည်တွေကို လာကြည့်တဲ့အခါ မင်္ဂလာပွဲတက်ဝတ်စုံ မဝတ်ထားတဲ့ လူတစ်ယောက်ကို တွေ့သွားတယ်။ ဒါနဲ့ ‘မိတ်ဆွေ၊ မင်္ဂလာပွဲတက်ဝတ်စုံ မဝတ်ဘဲ ဘာလို့ဝင်လာသလဲ’ ဆိုပြီး မေးတဲ့အခါ သူမဖြေနိုင်ဘူး။ ဘုရင်ကြီးက ‘သူ့ခြေလက်တွေကို ကြိုးတုပ်ပြီး အပြင်ဘက် မှောင်မိုက်အရပ်ဆီ ဆွဲထုတ်သွားကြ။ အဲဒီမှာ ငိုကြွေးပြီး အံကြိတ်ခံပြင်းနေပါစေ’ လို့ မင်းမှုထမ်းတွေကို အမိန့်ပေးတယ်။ ဖိတ်ခေါ်ခံရသူတွေ များပေမဲ့ ရွေးချယ်ခံရသူတွေ နည်းတယ်။” ဒီအချက်က ပွဲတက်လာသူတိုင်းကို “ဘုရင်ကြီး” လက်ခံမှာ မဟုတ်ကြောင်း ဖော်ပြနေတယ်။—မဿဲ ၂၂:၁၁-၁၄။
နားထောင်နေတဲ့ ဘာသာရေးခေါင်းဆောင်တွေက ယေရှုပြောတဲ့ စကားတွေရဲ့ ဆိုလိုရင်းကို နားလည်ပုံ မရဘူး။ ဘာပဲဖြစ်ဖြစ်၊ ယေရှုပြောတာတွေကို မကြိုက်တာတော့ အမှန်ပဲ။ ဒါကြောင့် သူတို့ကို စိတ်အနှောင့်အယှက် ပေးနေတဲ့လူကို ရှင်းပစ်မယ်ဆိုတဲ့ ဆုံးဖြတ်ချက် ပိုခိုင်မာလာတယ်။