အပိုင်း ၂
စိုးရိမ်ပူပန်မှု—“အဘက်ဘက်မှ ဖိနှိပ်ခံရ”
“အိမ်ထောင်သက် ၂၅ နှစ်အကြာမှာ ကျွန်မတို့ ကွာရှင်းလိုက်ကြတယ်။ သားသမီးတွေလည်း အမှန်တရားထဲမှာ မရှိတော့ဘူး။ ကျန်းမာရေးလည်း ဆိုးလာတော့ စိတ်ဓာတ်ကျလာတယ်။ ဘဝတစ်ခုလုံး ရစရာမရှိအောင် ကြေမွသွားပြီ။ ဘယ်လိုမှ အဖတ်ဆယ်လို့ရမှာ မဟုတ်တော့ပါဘူး။ အစည်းအဝေးတွေကိုလည်း မတက်တော့ဘူး။ ဘုရားနဲ့ တဖြည်းဖြည်း ဝေးသွားတယ်။” —ဂျူန်။
လူတိုင်း စိုးရိမ်ပူပန်မှုတွေ ရှိကြတယ်။ ဘုရားကျေးကျွန်တွေမှာလည်း ရှိပါတယ်။ ဆာလံဆရာကတောင် “စိုးရိမ်စိတ်တွေ သိပ်များနေ” တယ်လို့ ရေးတယ်။ (ဆာလံ ၉၄:၁၉) အထူးသဖြင့် နောက်ဆုံးကာလမှာ “ဘဝရဲ့ စိုးရိမ်ပူပန်စရာတွေ” ကြောင့် ယေဟောဝါကို ဝတ်ပြုဖို့ ခက်ခဲနိုင်တယ်လို့ ယေရှု ပြောတယ်။ (လုကာ ၂၁:၃၄) သင့်မှာကော ငွေကြေး၊ မိသားစု၊ ကျန်းမာရေးနဲ့ပတ်သက်ပြီး အလွန်အမင်း စိုးရိမ်တာတွေ ရှိသလား။ အဲဒါတွေကို ဖြေရှင်းနိုင်အောင် ယေဟောဝါ ဘယ်လို ကူညီပေးနိုင်မလဲ။
“သာမန်ထက် ထူးကဲတဲ့ တန်ခိုး”
စိုးရိမ်ပူပန်မှုတွေ ပျောက်သွားအောင် ကိုယ့်အစွမ်းအစနဲ့ မလုပ်နိုင်ပါဘူး။ “ကျွန်တော်တို့ဟာ အဘက်ဘက်ကနေ ဖိနှိပ်ခံရ” တယ်။ “ကြံရာမရဖြစ်နေ” တယ်၊ “လဲကျ” နေတယ်လို့ တမန်တော်ပေါလု ရေးတယ်။ ဒါပေမဲ့ ‘မလှုပ်နိုင်လောက်အောင် ပိတ်မိမနေပါဘူး။ ထွက်ပေါက်မရှိဘဲ မနေပါဘူး။ ဇာတ်သိမ်းမသွားပါဘူး’ လို့လည်း ပြောတယ်။ ဒါဆို ခံနိုင်ရည်ရှိဖို့ ဘာက ကူညီပေးမှာလဲ။ အနန္တတန်ခိုးရှင် ယေဟောဝါဆီကလာတဲ့ “သာမန်ထက် ထူးကဲတဲ့ တန်ခိုး” က ကူညီပေးမှာ ဖြစ်တယ်။—၂ ကောရိန္သု ၄:၇-၉။
“သာမန်ထက်ထူးကဲတဲ့ တန်ခိုး” ကို သင် ဘယ်လို ခံစားခဲ့ရတယ်ဆိုတာ ပြန်စဉ်းစားကြည့်ပါ။ အားရှိစေတဲ့ ဟောပြောချက်ကြောင့် ယေဟောဝါရဲ့ ခိုင်မြဲတဲ့မေတ္တာကို နက်နက်ရှိုင်းရှိုင်း လေးမြတ်ခဲ့တဲ့အချိန်ကို ပြန်မှတ်မိသလား။ ပရဒိသုမျှော်လင့်ချက်အကြောင်း တခြားသူတွေကို ပြောပြတဲ့အခါ ဘုရားရဲ့ကတိတွေကို ပိုယုံကြည်လာတယ် မဟုတ်လား။ အစည်းအဝေးတွေ တက်တဲ့အခါ၊ ကိုယ့်ယုံကြည်ချက်အကြောင်း တခြားသူတွေကို ပြောပြတဲ့အခါ ဘဝစိုးရိမ်ပူပန်မှုတွေကြား ခံနိုင်ရည်နဲ့ စိတ်ငြိမ်သက်မှု ရှိလာပြီး ယေဟောဝါကို ပျော်ရွှင်စွာ ကိုးကွယ်နိုင်မှာ ဖြစ်တယ်။
“ယေဟောဝါ ဘယ်လောက် ကောင်းမြတ်သလဲဆိုတာ မြည်းစမ်းပြီး ကိုယ်တိုင် ခံစားကြည့်ပါ”
ဖိစီးမှုတွေက တစ်ချိန်တည်းမှာ ဘက်ပေါင်းစုံကနေ လာတယ်လို့ သင် ခံစားရနိုင်တယ်။ ဥပမာ၊ ဘုရားနိုင်ငံတော်ကို ဦးစားထားဖို့၊ ဘုရားရေးရာလုပ်ငန်းမှာ မှန်မှန်ပါဝင်ဖို့ ယေဟောဝါ တောင်းဆိုထားတယ်။ (မဿဲ ၆:၃၃။ လုကာ ၁၃:၂၄) ဆန့်ကျင်မှုတွေ၊ ကျန်းမာရေးနဲ့ မိသားစုပြဿနာတွေကြောင့် စိတ်သွားတိုင်း ကိုယ်မပါဘူး ဆိုရင်ကော။ သင့်ရဲ့အလုပ်ကြောင့် ဘုရားရေးရာလုပ်ငန်းအတွက် အချိန်နဲ့ ခွန်အား မရှိတော့ဘူးဆိုရင်ကော။ အခက်အခဲပေါင်းစုံကလည်း ကြုံ၊ အဲဒါတွေကို ဖြေရှင်းဖို့ အချိန်နဲ့ ခွန်အားကလည်း မရှိတာကြောင့် စိတ်ဓာတ်ကျလာနိုင်ပါတယ်။ ယေဟောဝါရဲ့ တောင်းဆိုချက်တွေ များလွန်းနေလားဆိုပြီး သံသယဝင်လာနိုင်တယ်။
ယေဟောဝါဘုရားဟာ နားလည်ပေးတတ်ပါတယ်။ ပေးနိုင်တာထက် ပိုပြီး ဘယ်တော့မှ မတောင်းဆိုပါဘူး။ စိတ်ရောကိုယ်ပါ ခံစားရတဲ့ဒဏ်ရာတွေ ပြေပျောက်ဖို့ အချိန် လိုအပ်မှန်းလည်း သိတယ်။—ဆာလံ ၁၀၃:၁၃၊ ၁၄။
ဥပမာ၊ ပရောဖက်ဧလိယကို ယေဟောဝါဘုရား ဂရုစိုက်စောင့်ရှောက်ခဲ့ပုံကို သုံးသပ်ကြည့်ပါ။ ဧလိယ အရမ်းစိတ်ဓာတ်ကျပြီး ကြောက်ရွံ့လာလို့ တောထဲ ထွက်ပြေးတဲ့အခါ ယေဟောဝါက ပြစ်တင်ဆုံးမပြီး သူ့တာဝန်ကို ပြန်သွားလုပ်ခိုင်းသလား။ မလုပ်ခိုင်းပါဘူး။ ဧလိယဆီ ကောင်းကင်တမန်ကို နှစ်ကြိမ် စေလွှတ်ခဲ့တယ်။ ကောင်းကင်တမန်က သူ့ကို ညင်ညင်သာသာ လှုပ်နှိုးပြီး စားစရာ ပေးတယ်။ ဒါတောင် နောက်ရက် ၄၀ အထိ ဧလိယ စိုးရိမ်ကြောက်ရွံ့နေတုန်းပဲ။ သူ့ကို ကူညီဖို့ ယေဟောဝါ နောက်ထပ် ဘာလုပ်ပေးခဲ့သလဲ။ ပထမ၊ သူ့ကို ကာကွယ်ပေးနိုင်ကြောင်း သက်သေပြတယ်။ ဒုတိယ၊ “ညင်သာတဲ့ စကားသံ” နဲ့ ၁ ဘုရင်များ ၁၉:၁-၁၉) ဘာသင်ခန်းစာ ရသလဲ။ ဧလိယ စိုးရိမ်ပူပန်နေချိန်မှာ ယေဟောဝါက စိတ်ရှည်ရှည်၊ ထောက်ထားကြင်နာစွာ ပြောဆိုဆက်သွယ်ခဲ့တယ်။ ဘုရားဟာ အခုထိ မပြောင်းလဲပါဘူး။ ကျွန်တော်တို့ကိုလည်း အဲဒီအတိုင်း ဂရုစိုက်ကူညီပေးမှာ ဖြစ်တယ်။
နှစ်သိမ့်ပေးတယ်။ နောက်ဆုံး၊ ဘုရားအပေါ် သစ္စာရှိရှိဝတ်ပြုနေသူ ထောင်နဲ့ချီ ရှိသေးတယ်လို့ ပြောပြတယ်။ ဒါနဲ့ ဧလိယ အားရှိသွားပြီး ပရောဖက်အလုပ်ကို ဇွဲရှိရှိ ပြန်လုပ်တယ်။ (ယေဟောဝါအတွက် ဘာတွေ ပေးဆက်နိုင်မလဲဆိုတာ စဉ်းစားတဲ့အခါ လက်တွေ့ကျဖို့ လိုတယ်။ အခု လုပ်နိုင်တဲ့အရာတွေကို အရင်က လုပ်ခဲ့ရာတွေနဲ့ မနှိုင်းယှဉ်ပါနဲ့။ ဒီဥပမာကို သုံးသပ်ကြည့်ပါ– လပေါင်း၊ နှစ်ပေါင်းများစွာ လေ့ကျင့်မှု မလုပ်တော့တဲ့ အပြေးသမားတစ်ဦးဟာ အရင်တုန်းက ပုံမှန်လုပ်ခဲ့တဲ့ လေ့ကျင့်ခန်းတွေကို ချက်ချင်း ပြန်လုပ်နိုင်မှာ မဟုတ်ဘူး။ ခံနိုင်ရည်နဲ့ ခွန်အားရှိလာအောင် လေ့ကျင့်ခန်းတစ်ခုကို ပန်းတိုင်ထားပြီး ဖြည်းဖြည်းချင်း လုပ်ဆောင် ရမယ်။ ခရစ်ယာန်တွေလည်း အပြေးသမားတွေနဲ့ တူတယ်။ စိတ်ထဲမှာ သတ်သတ်မှတ်မှတ် ပန်းတိုင်ချပြီး လေ့ကျင့်ကြတယ်။ (၁ ကောရိန္သု ၉:၂၄-၂၇) သင်လည်း အခုချိန်ကစပြီး လုပ်နိုင်မယ့် ပန်းတိုင်တစ်ခု ချပြီး ကြိုးစားကြည့်ရင် မကောင်းဘူးလား။ ဥပမာ၊ အစည်းအဝေးတက်ဖို့ ပန်းတိုင်ထားနိုင်တယ်။ ပန်းတိုင်ကို လိုက်မီအောင် ကူညီပေးပါလို့ ဆုတောင်းနိုင်တယ်။ သင်က ဘုရားရေးရာခွန်အားတွေ ပြန်ရတဲ့အခါ “ယေဟောဝါ ဘယ်လောက် ကောင်းမြတ်သလဲဆိုတာ မြည်းစမ်းပြီး ကိုယ်တိုင်ခံစား” ရပါလိမ့်မယ်။ (ဆာလံ ၃၄:၈) ယေဟောဝါကို ချစ်ကြောင်း တင်ပြတဲ့ ဘယ်လုပ်ရပ်မဆို ဘယ်လောက်ပဲ သေးငယ်ပုံပေါက်နေပါစေ ဘုရား တန်ဖိုးထားကြောင်း သတိရပါ။—လုကာ ၂၁:၁-၄။
“ကျွန်မ လိုအပ်နေတဲ့ အားပေးမှု”
ယေဟောဝါဆီ ပြန်လာဖို့ ဂျူန် ဘယ်လို ခွန်အားရခဲ့သလဲ။ သူ ဒီလိုပြောပြတယ်– “ကျွန်မကို ကူညီပေးပါလို့ ယေဟောဝါဘုရားဆီ အမြဲဆုတောင်းတယ်။ ကျွန်မတို့မြို့မှာ အစည်းအဝေးပွဲတစ်ခု ရှိတယ်ဆိုပြီး ချွေးမ ပြောတယ်။ တစ်ရက်လောက်တော့ သွားတက်ဦးမယ်လို့ ဆုံးဖြတ်လိုက်တယ်။ ယေဟောဝါရဲ့လူမျိုးနဲ့အတူ ပြန်ဆုံဆည်းခွင့်ရလို့ ဝမ်းသာလိုက်တာ။ ဒီအစည်းအဝေးက ကျွန်မ လိုအပ်နေတဲ့ အားပေးမှုတစ်ခုပါပဲ။ အခုဆို ဘုရားသခင်ကို ဝတ်ပြုပြီး အမှုတော်မှာ ပျော်ပျော်ရွှင်ရွှင် ပြန်ပါဝင်နေပြီ။ ဒါကြောင့် ကျွန်မဘဝ ပိုအဓိပ္ပာယ်ရှိလာတယ်။ ညီအစ်ကို/မတွေနဲ့ သူတို့ရဲ့အကူအညီ လိုအပ်မှန်း အခု သဘောပေါက်လာပါပြီ။ ယေဟောဝါဆီ အချိန်မီ ပြန်လာနိုင်ခဲ့လို့ ကျေးဇူးတင် လိုက်တာ။”