မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကျောင်းနှင့်အလုပ်အကိုင်

ကျောင်းနှင့်အလုပ်အကိုင်

အပိုင်း ၅

ကျောင်း​နှင့်​အလုပ်အကိုင်

ကြိုက်​သည်​ဖြစ်စေ၊ မုန်းသည်​ဖြစ်စေ၊ သင်သည်​ဘဝ၏ ၁၂ နှစ်​တာ​မျှ​အချိန်ကို ကျောင်းတွင်​ကုန်လွန်​စေမည်​ဖြစ်သည်။ ငြီးငွေ့စရာ နှစ်များ​ဖြစ်​နိုင်​သည်။ သို့​မဟုတ် စူးစမ်း​ရှာဖွေ​သော နှစ်များ​လည်း​ဖြစ်​နိုင်​သည်။ သင့်​ကျောင်းနေ​သက်တမ်း အသုံးပြုပုံ​ပေါ်​များစွာ မူတည်​သည်။ ထို့​ကြောင့် ဤ​အပိုင်း​တွင်၊ ကျွန်ုပ်​တို့သည် ကျောင်း၊ အိမ်စာ၊ အမှတ်​နှင့်​ဆရာများ​အကြောင်းကို အတွင်းကျကျ​သုံးသပ်ကြည့်​ပါ​မည်။ ကျောင်းထွက်​ခဲ့​သူများ​အဖို့​မူ၊ စီးပွားရေး​လောက​၌​ရပ်တည်​နိုင်​ရန် လိုအပ်သော​အကြံ​ကောင်း​ဉာဏ်​ကောင်း​များ​ပေး​ပါ​မည်။