မိသားစုရေးရာ ကဏ္ဍ–မိသားစုပေါင်းသင်းဆက်ဆံရေး
အပိုင်း ၁
မိသားစုရေးရာ ကဏ္ဍ–မိသားစုပေါင်းသင်းဆက်ဆံရေး
“ချမ်းမြေ့သာယာသောအိမ်ထောင်။” အများနားယဉ်နေသော အထက်ပါစကားသည် တစ်ချိန်ကခံစားချက်ကို သရုပ်ဖော်ခဲ့သော်လည်း ယနေ့အဖတ်ဆယ်မရအောင် ခေတ်နှောင်းခဲ့လေပြီ။ အဆက်မပြတ်သော အိမ်တွင်းရေးပဋိပေက္ခများကြောင့် အိမ်ထောင်များစွာ စစ်တလင်းနှင့်မခြား ဖြစ်ခဲ့ရချေပြီ။ ပြောဆိုဆက်ဆံခြင်းပေါင်းကူးတံတား ကျိုးပျက်ပြီဖြစ်ရကား တဒင်္ဂစစ်ပြေငြိမ်းရေး လုံးပန်းမှုလည်း အထမမြောက်။
သင့်အိမ်ကို သင်မီးဟုန်းဟုန်းတောက်သော စစ်တလင်းအဖြစ်မြင်လိုသလော။ သို့မဟုတ်၊ အေးငြိမ်းသည့် သီရိဂေဟာလေးအဖြစ် မြင်လိုသလော။ အခြားအိမ်သားများ ကိုယ်စီတာဝန်ယူကြရမည်မှန်၏။ သို့သော်၊ သင်သည်အနည်းငယ်မျှသော ကျမ်းမူများကိုပိုင်နိုင်ရုံနှင့် သင့်မိသားစုဘဝ သာယာချမ်းမြေ့မှုကို များစွာပံ့ပိုးနိုင်ပေသည်။