မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လိင်နှင့်စာရိတ္တ

လိင်နှင့်စာရိတ္တ

အပိုင်း ၆

လိင်​နှင့်​စာရိတ္တ

လူငယ်​အမြောက်အမြား စာအုပ်​၏​ဤ​အပိုင်း​ကို အဦးဆုံး လှန်​၍​ဖတ်​မိ​ကြ​မည်​မှာ​မလွဲ။ အဘယ်ကြောင့်​နည်း။ လိင်​နှင့်​စာရိတ္တ ဘာသာရပ်​သည် အဘယ်​ဘာသာရပ်​ထက်​မဆို မေးခွန်းများ၊ အငြင်းအခုံ​မ​က—အရှုပ်အထွေး​ကို​ပါ—ဖြစ်ပွား​စေသော​ကြောင့်​ပင်​တည်း။ သို့ရာတွင် စာရိတ္တ​ဆို​ရာ​၌ လိင်ဆိုင်ရာ​အမူအကျင့်​တစ်ခု​တည်း​သာ ပါဝင်​သည်မဟုတ်။ ဥပမာ၊ လိမ်ညာ​လှည့်စား​သော​လူငယ်​တစ်ဦး​ကို စာရိတ္တ​ကောင်း​သူ​တစ်ယောက်​အဖြစ် သင်​သတ်မှတ်​မည်​လော။ သို့​တည်း​မဟုတ်၊ တစ်စုံတစ်ရာ​သော​အခြေအနေ​မျိုး​အောက်​၌ မရိုးသား​ခြင်း​သည် အို​ကေ​ဟု​ဆိုနိုင်​သလော။ ဝမ်းသာစရာ​ကား၊ သမ္မာကျမ်းစာ​က စာရိတ္တ​နှင့်​ဆိုင်သော ဤ​ကိစ္စရပ်​များနှင့်​ပတ်သက်​၍ အချို့​သော​လက်တွေ့ကျ​သည့် တိုက်ရိုက်​လမ်းညွှန်​များ​ပြ​ဌာန်း​ပေး​ပေ​သည်။