မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

တစ်ကိုယ်တည်း ရာဂစိတ်ဖြေခြင်း—ဘယ်မျှစိုးရိမ်ဖွယ်ဖြစ်သနည်း

တစ်ကိုယ်တည်း ရာဂစိတ်ဖြေခြင်း—ဘယ်မျှစိုးရိမ်ဖွယ်ဖြစ်သနည်း

အခန်း ၂၅

တစ်ကိုယ်တည်း ရာဂစိတ်​ဖြေခြင်း—ဘယ်​မျှ​စိုးရိမ်ဖွယ်​ဖြစ်​သနည်း

“တစ်ကိုယ်တည်း​ရာဂစိတ်​ဖြေတာ​ဟာ ဘုရားသခင်​ရှေ့မှာ အပြစ်​လား ဆိုပြီး​တွေးမိ​ပါ​တယ်။ နောက်နောင်​ကျွန်မ​ရဲ့​ကာယ​နဲ့ ဒါမှ​မဟုတ် စိတ္တ​ကျန်းမာ​ရေး​ကို​ထိခိုက်​မလား။ ကျွန်မ​အိမ်ထောင်ပြု​ခဲ့မယ်​ဆိုရင်ကော။”—ဆယ့်ငါး​နှစ်အရွယ် မ​လစ်​စာ။

အထက်ပါ​အတွေး​များသည် လူငယ်များစွာ​တို့အား စိတ်ဒုက္ခ​ပေး​၏။ အဘယ်ကြောင့်​နည်း။ တစ်ကိုယ်တည်း​ရာဂစိတ်​ဖြေခြင်း (ဟ​တ္ထ​မေထုန်ပြု​ခြင်း) သည်​နှံ့ပြား​လှ​၏။ မှတ်တမ်းအရ၊ အသက် ၂၁ နှစ်အရွယ်​ရောက်​သောအခါ ယောက်ျား ၉၇၊ မိန်း​မ ၉၀ ရာခိုင်နှုန်း တစ်ကိုယ်တည်း​ရာဂစိတ်​ဖြေ​ခဲ့​ကြပြီ​ဖြစ်၏။ ထို့ပြင်၊ ယင်း​အကျင့်​ကြောင့် ကြွက်နို့​နှင့်​မျက်​ခွန်​နီ​မှ​အစ ဝက်ရူးပြန်​နှင့်​စိတ္တ​ဇ​ရောဂါ​အဆုံး ရောဂါ​အမျိုးစုံ​ဖြစ်​ရသည်​ဟု​ဆို​ကြသည်။

နှစ်​ဆယ်ရာစု​နှစ် ဆေး​သုတေသီ​များ အထက်ပါ​ထိတ်လန့်ဖွယ်​အဆို​များ မဆို​ကြ​တော့​ချေ။ ယနေ့​ဆရာဝန်​များ​က ဟ​တ္ထ​မေထုန်​ကြောင့် ဘာ​ရောဂါ​မျှ​မဖြစ်​နိုင်​ဟု ယုံကြည်​ကြသည်။ သုတေသီ ဝီလျံ မာ​စ​တာ​နှင့် ဗာဂျီးနီးယား ဂျွန်​ဆင်​တို့​က “ဟ​တ္ထ​မေထုန်​ကို အကြိမ်ပေါင်း​မည်မျှ​ပင်​ပြု​စေ​ကာ​မူ၊ စိတ္တ​ဇ​ရောဂါ​ဖြစ်စေ​နိုင်​သည်​ဟူသော ခိုင်မာ​သည့်​ဆေး​ဘက်​အထောက်အထား မ​တွေ့ရှိ​ရ​ပါ” ဟု ထပ်လောင်း​တင်ပြ​ပါ​သည်။ သို့​တ​စေ၊ အခြားသော​မကောင်း​ကျိုး​များ​ဧကန်​ရှိပါ​သည်! ခရစ်ယာန်​လူငယ်​အများအပြား​လည်း ၎င်း​အကျင့်​ကြောင့်​စိုးရိမ်​ကြ​ခြင်း​မှာလည်း​ဆီလျော်​ပေ​သည်။ လူငယ်​တစ်ဦး​က “ကျွန်တော် [တစ်ကိုယ်တည်း​ရာဂစိတ်​ဖြေ] မိ​တဲ့​အခါ ယေဟောဝါ​ပေါ် တာဝန်​ပျက်ကွက်​ခဲ့​သလို​ခံစားရ​ပါ​တယ်။ ကျွန်တော်​တစ်ခါ​တ​လေ အင်မတန်​စိတ်​ညှိုးငယ်​မိတယ်” ဟူ၍​ရေးသားခဲ့​သည်။

ဟ​တ္ထ​မေထုန် (တစ်ကိုယ်တည်း​ရာဂစိတ်​ဖြေခြင်း) ဆို​သည်​မှာ​အဘယ်နည်း။ ၎င်း​သည် မည်မျှ​တိုင်​စိုးရိမ်ဖွယ်​ဖြစ်​သနည်း။ လူငယ်များစွာ အဘယ်ကြောင့်​၎င်း​အကျင့်ကို​တိုက်ဖျက်​ရန်​ခဲယဉ်း​သနည်း။

အဘယ်ကြောင့် လူငယ်များ လွယ်လွယ်​နှင့်​လုပ်မိ​ကြ​သနည်း

ဟ​တ္ထ​မေထုန်​ဆို​သည်​မှာ မိမိ​ရာဂစိတ်​ကို မိမိ​တမင်​နှိုးဆွ​ခြင်း​ဖြစ်သည်။ လူပျို​အပျို​ဖြန်း​အရွယ်​တွင် ရာဂစိတ်​ပြင်းထန်​လာ​၏။ အားကောင်း​သော​ဟော်မုန်း​များ​ထွက်​လာ​သဖြင့် မျိုးပွား​အင်္ဂါများ​ပေါ် ဩဇာ​သက်ရောက်​စေ​လေ​သည်။ သို့​နှင့်​လူငယ်​သည် မိမိ​အင်္ဂါများ​၌ သာယာမှု​ခံစား​နိုင်​သည့်​သတ္တိ​ရှိကြောင်း တွေ့ရှိ​လာ​သည်။ တစ်ခါတစ်ရံ လူငယ်​တစ်ဦး​သည် လိင်​အကြောင်းကို​မစဉ်းစားဘဲ​နှင့် လိင်စိတ်​ဝင်လာ​တတ်​သည်။

ဥပမာ၊ အမျိုးမျိုးသော​ပူပန်မှု၊ ကြောက်ရွံ့​မှု သို့​မဟုတ် စိတ်ပျက်​စ​ရာ​များ​ကြောင့် စိတ်​တ​ထ​င့်​ထ​င့်​ဖြစ်လာ​သောအခါ ယောက်ျားက​လေး​၏​အာရုံကြော​ဖွဲ့စည်းပုံ​စနစ်​သည် ဂယက်ရိုက်​ခံရ​ပြီး လိင်စိတ်​ထကြွ​လာ​လေ​သည်။ သုတ်​ရည်​များ​စုစည်း​၍​များ​လာ​သည်​နှင့်​အမျှ သူသည် အိပ်ရာ​မှ​နိုး​လာပြီး လိင်စိတ်​ကြွ​နေသည်​ကို​တွေ့ရ​ပေမည်။ သို့​မဟုတ်၊ တ​ဏှာ​ချစ်​အိပ်မက်​နှင့်အတူ၊ ည​အချိန်​သုတ်​သွေး​လွှတ်​တတ်​သည်။ မိန်းကလေး​များလည်း​ထို့​အတူ​ပင်။ အမှတ်တမဲ့ စိတ်ကြွ​လာ​သည်ကို​တွေ့ရ​တတ်​သည်။ မိန်းကလေး​အများ​သည် ရာသီ​မလာ​မီ​နှင့်​လာ​သည့်​နောက်ပိုင်း လိင်စိတ်​မြင့်တက်​လာ​တတ်​သည်။

ထို့​ကြောင့် သင်သည်​ထိုသို့​သော​နိုးကြွ​မှု​ကို​ခံစားရ​လျှင် ဘာမျှ​မမှား​ပါ။ နုပျို​သော​ခန္ဓာ​၏ သ​မား​ရိုး​ကျ​တုံ့ပြန်​မှု​သာ​တည်း။ ထိုသို့​သော​ခံစားချက်​သည် မည်မျှ​ပင်​ပြင်းထန်​စေ​ကာ​မူ၊ သူ့​အလိုအလျောက်​ဖြစ်သော​ကြောင့် ဟ​တ္ထ​မေထုန်​နှင့်​မတူ​ပါ။ အရွယ်​ကြီး​လာ​သည်​နှင့်​အမျှ ပြင်းထန်သော​၎င်း​ခံစားချက် လျော့နည်း​သွားပါ​လိမ့်​မည်။

သို့ရာတွင် အချို့​လူငယ်များသည် ယခင်​က​မခံစား​ခဲ့​ဘူး​သော​အဆိုပါ​အာရုံခံစား​ချက်​ကို နှိုက်နှိုက်​ချွတ်ချွတ်​သိချင်​ဇော​ကြောင့် မိမိတို့​လိင်​အင်္ဂါများ​ကို လက်​ဖြင့်​ကိုင်တွယ်​လျက် တမင်​ဆော့​ကစား​ကြသည်။

စိတ်​လောင်စာ’

လူငယ်​တစ်ဦး စာရိတ္တ​ပျက်​မိန်း​မ​တစ်ဦး​နှင့် တွေ့ဆုံ​ခဲ့​သည့်​အဖြစ်ကို သမ္မာကျမ်းစာ​က တင်ပြ​ထား​သည်။ ၎င်း​မိန်းမသည်​လူငယ်​ကို​နမ်းရှုပ်​လျက် “လာ​ပါ။ မေထုန်ပြု​၍​မွေ့လျော်​ကြ​ကုန်​အံ့” ဟု​ဆို​၏။ ၎င်းနောက်​ဘာဖြစ်​သနည်း။ “နွား​သည်​အသေခံ​ရာ​သို့​လိုက်​သကဲ့သို့ ... လူပျို​သည် ထို​မိန်း​မ​နောက်သို့ ချက်ချင်း​လိုက်သွား​တတ်၏။” (သု. ၇:၇-၂၂) ၎င်း​လူငယ်​၏​ရာဂစိတ်​ထကြွ​လာ​သည်​မှာ ဟော်မုန်း​ကြောင့်​သာ​မဟုတ်၊ သူ​ကြား​မြင်ရသော​အရာများ​ကြောင့်​ဖြစ်သည်​မှာ သိသာ​၏။

ထို့​နည်းတူ၊ လူငယ်​တစ်ဦး ဤသို့​ဝန်ခံ​သည်– ‘ကျွန်တော် တစ်ကိုယ်တည်း​ရာဂစိတ်​ဖြေ​တဲ့​ပြဿနာ​ရဲ့​အရင်းအမြစ်​ဟာ ကျွန်တော်​ဘာတွေကို​စိတ်ထဲ​ထည့်သွင်း​သလဲ ဆို​တဲ့​အချက်​ပါ​ပဲ။ ကျွန်တော်​ဟာ သီလ​ပျက်​မြင်ကွင်း​တွေ​ပါ​တဲ့ တီဗွီ​ကား​တွေ​ကြည့်​တယ်။ တစ်ခါ​တ​လေ၊ ကိုယ်လုံးတီး​မြင်ကွင်း​ပါ​တဲ့ ကေ​ဘယ်​တီဗွီ​ကား​လဲ​ကြည့်​တယ်။ ဒီ​မြင်ကွင်း​တွေ ညစ်ညမ်း​လွန်းလို့ စိတ်ထဲ​ကနေ​မ​ပျောက်​ဘဲ​နေ​ရော။ နောက်တော့ ပြန်​ပေါ်​ပေါ်လာ​ပြီး တစ်ကိုယ်တည်း​ရာဂစိတ်​ဖြေဖို့ လောင်စာ​ဖြစ်​လာတယ်။’

မှန်​ပေ​သည်။ ဟ​တ္ထ​မေထုန်​ကို​မီးထိုး​ပေး​သော​အရာ​မှာ မိမိ​ဖတ်၊ ကြည့်၊ နားထောင်​သော၊ ပြောဆို​တွေးတော​သော​အရာများ​ပင်​ဖြစ်သည်။ ၂၅ နှစ်အရွယ် အမျိုးသမီး​ပြော​သည့်​အတိုင်း​ပင်– “ဒီ​အကျင့်ကို ကျွန်မ​ဖျောက်​လို့​မရနိုင်​သလို​ဖြစ်​ခဲ့တယ်။ ကျွန်မ အချစ်​ဝတ္ထုတွေ​ဖတ်​လို့​ဒီ​ပြဿနာ​ဖြစ်​ခဲ့​ရတာပဲ” ဟု​ဆို​၏။

“စိတ်​ငြိမ်​ဆေး” တစ်လက်

အထက်ပါ​မိန်းမငယ်​၏​တွေ့ကြုံ​မှု​က အ​နှီ​အကျင့်ကို​ဖျောက်​ဖို့​အလွန်​ခက်​ခြင်း​၏ အဓိက​အကြောင်းရင်းကို ပေါ်လွင်​စေ​၏။ သူ​မ ဤသို့​ဆက်လက်​ပြောကြား​၏– “ကျွန်မ အများအားဖြင့် စိတ်​ဖိအား၊ စိတ်​တင်း​မှု၊ ဒါမှ​မဟုတ်၊ အပူအပင်​တွေ​ကို​ဖြေလျှော့​တဲ့​အနေ​နဲ့ တစ်ကိုယ်တည်း​ရာဂစိတ်​ဖြေ​တတ်​ပါ​တယ်။ တဒင်္ဂ​ခံစား​ရတဲ့​သာယာမှု​ဟာ အရက်သောက်​လို့​ခံစား​ရတဲ့​အာရုံ ငြိမ်သက်ခြင်း​နဲ့​ဆင်တူ​တယ်။”

သုတေသီ စူ​ဇ​င်​နယ်​နှင့် အိုင်​ဗင်း​စာ​နော့ဖ်​တို့​က ဤသို့​ရေးသား​ကြသည်– “အချို့​လူများ​အဖို့ ဟ​တ္ထ​မေထုန်​သည် ဖြေသိမ့်မှု​ပေး​သော​အကျင့်​တစ်ခု​ဖြစ်၏။ ပယ်ချ​ပု​တ်​ထုတ်​ခံရ​တိုင်း၊ တစ်စုံတစ်ခု​အတွက် စိတ်ထင့်​တိုင်း၊ ၎င်း​ဘက်​သို့​လှည့်​စ​မြဲ။ အခြားသူများ​မှာ​မူ၊ အလွန်​စိတ်ညစ်​သောအခါ၊ တစ်ခါတစ်ရံ​မျှ​သာ​ပြု​တတ်ကြ​သည်။” ထင်ရှား​သည်​ကား၊ အချို့​လူတို့သည် ဝမ်းနည်း၊ စိတ်ကျ၊ အထီးကျန်၊ သို့​မဟုတ် စိတ်​ဆင်းရဲ​လွန်း​သည့်​အခါ​များ​၌ ပြု​တတ်ကြ​၏။ သူတို့​အဖို့ ဒုက္ခ​ကို​မေ့လျော့​စေသော “စိတ်​ငြိမ်​ဆေး” ဖြစ်လာ​သည်။

သမ္မာကျမ်းစာ မည်သို့​ဆို​သနည်း။

လူငယ်​တစ်ဦး​က “ဟ​တ္ထ​မေထုန်​ဟာ ခွင့်​မလွှတ်​နိုင်​တဲ့​အပြစ်​လား” ဟူ၍​မေး​၏။ သမ္မာကျမ်းစာ​၌ ၎င်း​အကြောင်း ဖော်ပြ​မထား​ပါ။ * သမ္မာကျမ်းစာ​ခေတ်​၌ ၎င်း​အကျင့်​သည် ဂရိ​စကားပြော​လောက​၌ သူ​ငါ​အများ​၏​အကျင့်​ဖြစ်၏။ ယင်း​အကျင့်ကို​ဖော်ပြ​သော ဂရိ​စကားလုံး​အချို့​ရှိ၏။ သို့ရာတွင် သမ္မာကျမ်းစာ​တွင် ထိုစကား​လုံး​တစ်ခု​မျှ​မ​တွေ့ရ။

ဟ​တ္ထ​မေထုန်​ကို သမ္မာကျမ်းစာ​က တိုက်ရိုက်​ပြစ်တင်​မထားသည့်​အတွက် ၎င်း​သည်​အန္တရာယ်​မဲ့​၏​ဟု​ဆိုလို​သလော။ လုံးဝ​မဟုတ်! ဟ​တ္ထ​မေထုန်​သည် မတရားမေထုန်​ကဲ့သို့​သော ကြီး​လေး​သော​အပြစ်​များနှင့်​တန်းတူ​မဟုတ်​သည်​တိုင်အောင် စင်စစ်​ညစ်ညူး​သော​အကျင့်​ဖြစ်၏။ (ဧဖက် ၄:၁၉) သို့ဖြစ်၍ ဘုရားသခင့်​နှုတ်ကပါဌ်တော်​မူများ​က သင်သည်​ထို​ညစ်ညူး​သော​အကျင့်ကို တအားကုန်​တွန်းလှန်​လျှင် “ကိုယ့်​ကိုယ်ကို​အကျိုးပြု” ရာ​ရောက်​ကြောင်း ရည်ညွှန်း​ပေ​သည်။—ဟေရှာယ ၄၈:၁၇

“ကာ​မ​ရမ္မက်” ကို​နှိုးဆွ​ခြင်း

သမ္မာကျမ်းစာ​က “ကိ​လေ​သာ​ပူပန်ခြင်း [ကာ​မ​ရမ္မက်၊က​ဘ] ... တည်း​ဟူသော ... သင်တို့၏​ကိုယ်​အင်္ဂါ​တို့ကို သေစေ​ကြလော့” ဟု​တိုက်တွန်း​၏။ (ကောလောသဲ ၃:၅) “ကာ​မ​ရမ္မက်” ဆို​ရာ​၌၊ သာမန်​လိင်စိတ်ကို​မ​ရည်ညွှန်း၊ စည်း​လွတ်​ဝါး​လွတ်​ကာ​မ​ရာ​ဂ​မျိုးကို​ဆိုလို​သည်။ အဆိုပါ “ကာ​မ​ရမ္မက်” ကြောင့် လူသည် ရောမ ၁:၂၆၊ ၂၇ ၌ ပေါလု​ဖော်ပြ​သော​အပြစ်ကြီး​လေး​သည့် အပြု​အမူ​များ​ကျူးလွန်​နိုင်​သည်။

သို့သော် ဟ​တ္ထ​မေထုန်​သည် ထို​အာသာ​များ​ကို “သေစေ” သလော။ မသေ​စေ​သည်​သာမက၊ လူငယ်​တစ်ဦး​ဝန်ခံ​သကဲ့သို့ဖြစ်သည်– “တစ်ကိုယ်တည်း​ရာဂစိတ်​ဖြေ​တဲ့​အခါ၊ စိတ်​ဟာ မှားယွင်းတဲ့​ဆန္ဒ​ပေါ် ရောက်နေ​ပါ​တယ်။ ဒီတော့၊ ဒါတွေကို​ချည်း မက်​သ​ထက်​မက်​လာ​ရုံ​ပဲ​ရှိတယ်။” များသောအားဖြင့် စိတ်ကူး​ဖြင့် ကာ​မသာယာမှု​ကို​တိုးပွား​စေ​သည်။ (မဿဲ ၅:၂၇၊ ၂၈) ထို့​ကြောင့် အခြေအနေ​ခွင့်ပြု​လျှင် လွယ်လွယ်​နှင့်​သီလ​ပျက်​ခြင်း ကျော့ကွင်း​ထဲ​သို့​ကျဆင်း​သွား​နိုင်​သည်။ လူငယ်​တစ်ဦး ထိုသို့ဖြစ်​ခဲ့​၏။ သူ​ဤသို့​ဝန်ခံ​၏– “မနဲ့​တကယ်​ပတ်သက်​စ​ရာ​မလို​ဘဲ တစ်ကိုယ်တည်း​ရာဂစိတ်​ဖြေခြင်း​အားဖြင့် ကျွန်တော့်​ရဲ့​စိတ်ပျက်​မှု​ကို ဖြေဖျောက်​နိုင်​လိမ့်မယ်လို့ တစ်ချိန်က​ကျွန်တော်​ထင်​ခဲ့​မိတယ်။ ဒါပေမဲ့၊ ကျွန်တော်​ဟာ မနဲ့​တကယ်​ပတ်သက်​ချင်​တဲ့​ဆန္ဒ ထိန်း​မ​နိုင်အောင်​ပြင်းပြ​လာခဲ့တယ်။” သူသည်​မတရားမေထုန်​ပြု​ခဲ့​လေ​သည်။ ထို့​ကြောင့်၊ ပြည်လုံးကျွတ်​လေ့လာချက်​တစ်ရပ်​က တစ်ကိုယ်တည်း​ရာဂစိတ်​ဖြေ​သော လူပျို​အပျို​ဖြန်း​တို့သည် မတရားမေထုန်​ကိုလည်း မှီဝဲ​ကြ​ကြောင်း​တွေ့ရ​သည်​မှာ အဆန်း​မဟုတ်။ သူတို့၏​အရေအတွက်​သည် လူပျို​အပျို​စစ်​များ​ထက် ၅၀ ရာခိုင်နှုန်း​ပို​များသည်!

စိတ်​နှင့်​စိတ်​လှုပ်ရှားမှု​ဘက် ညစ်ညမ်း​ခြင်း

ဟ​တ္ထ​မေထုန်​သည် စိတ်​ကို​ညစ်ညမ်း​စေသော စိတ်သဘောထား​အချို့​ကိုလည်း ဖြစ်ပေါ်​စေ​သည်။ (၂ ကောရိန္သု ၁၁:၃ နှိုင်းယှဉ်။) လူတစ်ဦး တစ်ကိုယ်တည်း​ရာဂစိတ်​ဖြေ​နေစဉ် သူ၏​စိတ်​သည် မိမိ၏​အသွေးအသား​သာယာမှု​ထဲ​၌ စုံး​စုံး​မြုပ်​လျက်​နေ​၏—လုံးဝ​အတ္တဆန်​၏။ ကာ​မ​သည်​မေတ္တာ​နှင့် သီးခြား​ဖြစ်လာ​ပြီး စိတ်​ကို​ဖြေ​သော အလိုအလျောက်​တုံ့ပြန်​မှု​အဖြစ်သို့ လျှော​ကျ​သွားလေသည်။ သို့သော်၊ ဘုရားသခင်​၏​ရည်မှန်းချက်​မှာ ကာ​မ​ဆန္ဒ​ကို ကာ​မဆက်ဆံ​ခြင်း—ဇနီး​မောင်နှံ​စပ်ကြား မေတ္တာ​နှင့်​ယှက်၍​ချစ်​တင်း​နှော​ခြင်း​ဖြင့် ဖြည့်စွက်​ရန်ဖြစ်​သည်။—သု. ၅:၁၅-၁၉

တစ်ကိုယ်တည်း​ရာဂစိတ်​ဖြေ​လေ့​ရှိသူ​သည် လိင်​ခြား​သူကို​လိင်​ပစ္စည်း​တ​မယ်—ကာ​မ​ဆန္ဒ​ဖြည့်စွက်​သော ကိရိယာ​တစ်ခု​အဖြစ်​သာ ရှုမှတ်​ချင်​ရှုမှတ်​မည်။ သို့​နှင့်၊ ဟ​တ္ထ​မေထုန်​ဖြင့် သင်ယူ​ခဲ့​သည့်​သဘောထား​သည် “စိတ်” သို့​မဟုတ် အား​ကြီးသော​စိတ်​အလိုကို​ညစ်ညူး​စေ​၏။ အချို့​လူတို့သည် အိမ်ထောင်​ပြုပြီး​နောက်​၌​ပင် ဟ​တ္ထ​မေထုန်​ကြောင့်​ဖြစ်ပေါ်​လာသော ပြဿနာ​များနှင့်​ဆက်၍​ရင်ဆိုင်​မြဲ​ရင်ဆိုင်​ကြ​ရ၏! ယင်းကြောင့် သမ္မာကျမ်းစာ​က “ချစ်သူ​တို့၊ ... ကိုယ်ခန္ဓာ​၏​အညစ်အကြေး၊ စိတ်​ဝိညာဉ်​၏​အညစ်အကြေး​ရှိသမျှ​တို့​နှင့် ... ကင်းစင် ... ကြ​ကုန်​အံ့” ဟု ဩ​ဝါဒ​ပေး​၏။—၂ ကောရိန္သု ၇:၁

မိုက်ပြစ်​ကို​မျှမျှတတ​ရှုမှတ်​ခြင်း

လူငယ်များစွာ​တို့သည် အဆိုပါ​အကျင့်ဆိုး​ကို ယေဘုယျ​အားဖြင့် အောင်မြင်စွာ​ချိုးဖျက်​နိုင်​ခဲ့​သော်လည်း ရံဖန်ရံခါ အရေးနိမ့်​၏။ ဝမ်းသာစရာ​ကား၊ ဘုရားသခင်​သည် အလွန်​ကြင်နာ​သနားတတ်​၏။ ဆာလံဆရာ​က “အကြောင်း​မူ​ကား၊ အို [ယေဟောဝါ၊ က​ဘ]၊ ကိုယ်တော်​သည်​ကောင်းသော​သဘော၊ အပြစ်လွှတ်​လို​သော​သဘော​နှင့် ပြည့်စုံ” တော်​မူ​၏​ဟု​စပ်ဆို​၏။ (ဆာလံ ၈၆:၅သမ္မ) ခရစ်ယာန်​တစ်ဦး​သည် ဟ​တ္ထ​မေထုန်​အောက် အရေးနိမ့်​သောအခါ သူ၏​နှလုံး​က​သူ့ကို​ထောင်းလေ့​ရှိသည်။ သို့​တ​စေ၊ သမ္မာကျမ်းစာ​က “ဘုရားသခင်​သည် ငါ​တို့၏​စိတ်နှလုံး​ထက်​သာ၍​ကြီးမြတ်​သည်​ဖြစ်၍ အလုံးစုံ​တို့ကို​သိတော်မူ​သည်” ဟု​ဆို​၏။ (၁ ယောဟန် ၃:၂၀) ကိုယ်တော်​သည် ကျွန်ုပ်​တို့၏​အပြစ်ကို​ချည်း​မြင်​တော်​မ​မူ။ ကိုယ်တော်၌​ကျယ်ပြော​သော အသိဉာဏ်​ရှိ​ရ​ကား၊ ကျွန်ုပ်​တို့၏​တောင်းပန်​အသနားခံချက်​ကို ကြား​တော်​မူ​၏။ မိန်းမငယ်​တစ်ဦး​ရေး​သည့်​အတိုင်း– “ကျွန်မ​တော်တော်လေး စိတ်ညစ်​ညမ်း​ခဲ့​ပေမဲ့ ယေဟောဝါ​ဟာ ဘယ်လောက်တောင်​မေတ္တာနဲ့​ပြည့်ဝ​တဲ့ ဘုရားသခင်​ဖြစ်တယ်​ဆိုတာ​သိတဲ့​အပြင်၊ ကိုယ်တော်ရှင်​ဟာ ကျွန်မ​စိုက်ထုတ်​ခဲ့​တဲ့​လုံ့လ၊ ကျွန်မ​ရဲ့​စိတ်​ရည်​သန်​ချက်​တွေ​ကို မြင်နိုင်တယ်​ဆို​တဲ့​အသိစိတ်ကြောင့် ကျွန်မ​ဟာ​ရံဖန်ရံခါ​အရေးနိမ့်​တာ​တောင် လွန်လွန်​မင်း​မင်း​စိတ်ဓာတ်ကျ​မသွား​ပါ​ဘူး။” သင်သည် ဟ​တ္ထ​မေထုန်ပြု​လို​သော​ဆန္ဒ​ကို​တွန်းလှန်​တိုက်ဖျက်​ပါ​က ကြီး​လေး​သည့်​အပြစ် မတရားမေထုန်​ပြု​မိဖို့​အကြောင်း​မများ​တော့​ချေ။

၁၉၅၉ ခု၊ စက်တင်ဘာ​လ ၁ ရက်​နေ့​ထုတ် ကင်းမျှော်စင် က ဤသို့​ရေးသား​လိုက်​သည်– “တစ်ချိန်​ဘဝဟောင်း​က အကျင့်ဆိုး​အချို့​သည် ကျွန်ုပ်​တို့​သတိပြုမိ​သည်ထက်​ပို​၍​ပင် ရိုး​တွင်း​ချ​ဉ်​ဆီ​တိုင်​စိမ့်ဝင်​ခဲ့​သည်​နှင့်​အမျှ၊ ၎င်း​တို့​ကြောင့် ကျွန်ုပ်​တို့​အကြိမ်ပေါင်း​များစွာ ခလုတ်​တိုက်​လဲ [တတ်] ကြ​ပါ​သည်။ ... စိတ်မပျက်​ပါ​နှင့်။ ခွင့်​မလွှတ်​နိုင်သော​အပြစ်ကို ပြု​မိ​ပြီ​ဟု​မယူမှတ်​ပါ​နှင့်။ စာတန် သင့်​အား​ဤသို့​ပင် တွေးထင်​စေ​လို​၏။ သင် ဝမ်းနည်းပူဆွေး​သည့်​အဖြစ်​ကိုယ်နှိုက်​က သင်သည်​ပြန်​မ​လှည့်​နိုင်​သည့်​အဖြစ်သို့ မ​ရောက်​သေး​ကြောင်း​သက်သေထူ​နေ​ပေ​သည်။ နှိမ့်ချသော​စိတ်ဖြင့် ဘုရားသခင်​အထံတော်​သို့​လှည့်၍ ခွင့်လွှတ်​ခြင်း၊ သန့်စင်ခြင်း​နှင့် မစ​မှု​အတွက် အနူးအညွတ်​အသနားခံ​ပန်ကြား​ပါ။ ဘယ်တော့​မျှ​ဝန်မလေး​ပါ​နှင့်။ တစ်စုံတစ်ခု​သော​အားနည်းမှု​ကို အကြိမ်​မည်မျှ​တိုင်​ကျူးလွန်​ခဲ့​စေ​ကာ​မူ ကလေး​တစ်ယောက်​သည် ဖခင်​တစ်ဦးထံ​ချဉ်းကပ်​သကဲ့သို့ ဘုရားသခင်​ထံ​ချဉ်းကပ်​ပါ။ ကိုယ်တော်​သည်​မခံစားထိုက်သော ကရုဏာတော်​ကြောင့် သင့်​အား​ကြင်နာ​စွာ​ထောက်မ​တော်​မူ​မည်။ သင်သည်​ရိုး​ဖြောင့်​လျှင် ကိုယ်တော်​လည်း​သင့်​အား စင်ကြယ်သော​သြတ္တပ္ပစိတ်ကို ပေး​တော်​မူ​မည်။”

ထို “စင်ကြယ်သော​သြတ္တပ္ပစိတ်” ကို မည်သို့​ရယူ​နိုင်​သနည်း။

[အောက်ခြေ​မှတ်ချက်များ]

^ အပိုဒ်၊ 20 သြ​န​န်​သည် ‘သုတ်​ရည်​ကို​ထုတ်​၍​စွန့်’ သည့်​အတွက် သူ့ကို​ဘုရားသခင်​အဆုံးစီရင်​တော်​မူ​၏။ သို့ရာတွင်၊ မပြီးမြောက်​သော​ကာ​မဆက်ဆံ​မှု​သာ​ဖြစ်​ပြီး ဟ​တ္ထ​မေထုန်​ကိစ္စ​မဟုတ်။ ထို့ပြင်၊ ဩ​န​န်​သည် အတ္တစိတ်​ရှိသည်​ဖြစ်​ရာ မ​ရီး​နှင့်​ထိမ်းမြား​ပြီး သေဆုံး​ပြီ​ဖြစ်သော မိမိ​အစ်ကို​အတွက် အမျိုး​ဆက်​ခြင်း​တည်း​ဟူသော​ဝတ်​ကို မပြု​လို​သည့်​အတွက် အဆုံးစီရင်​ခံရ​ခြင်း​ဖြစ်သည်။ (ကမ္ဘာဦး ၃၈:၁-၁၀) ဝတ်ပြုရာ ၁၅:၁၆-၁၈ ၌​တင်ပြသော ‘သုတ်​ရည်​ထွက်​ခြင်း’ ကို မည်သို့​ဆို​မည်​နည်း။ ဟ​တ္ထ​မေထုန်​ကို​ပြောနေခြင်း​မဟုတ်၊ ည​အချိန်​သုတ်​လွှတ်​ခြင်း​နှင့် လင်မယား​ဆက်ဆံခြင်း​ကို ရည်ညွှန်း​နေခြင်း​ဖြစ်​ကြောင်း သိသာ​ပါ​သည်။

ဆွေးနွေး​ရန်​မေးခွန်းများ

◻ဟ​တ္ထ​မေထုန်​ဟူသည်​အဘယ်နည်း။ ၎င်းနှင့်​ပတ်သက်​၍ လူအများ​အဘယ်​မှားယွင်းသော ယူဆချက်များ​ရှိ​တတ်ကြ​သနည်း။

◻လူငယ်​လူရွယ်​များသည် တစ်ခါတစ်ရံ အဘယ်ကြောင့်​လိင်စိတ်​ပြင်းပြ​ကြ​သနည်း။ ၎င်းကို​အပြစ်​ဟု​သင်​ထင်​သလော။

◻အဘယ်အရာ​များသည် ဟ​တ္ထ​မေထုန်ပြု​လို​စိတ်​ကို​နှိုးဆွ​သနည်း။

◻ဟ​တ္ထ​မေထုန်​သည်​လူငယ်​အား ဥပဒ်​ပြု​သလော။

◻ဟ​တ္ထ​မေထုန်​သည် မည်မျှ​တိုင်​အပြစ်ကြီး​သည်​ဟု သင်​ထင်​သနည်း။ လူငယ်​တစ်ဦး​သည် ၎င်း​အကျင့်ကို​တိုက်ဖျက်​ရာ​၌ အခက်အခဲ​နှင့်​ရင်ဆိုင်​နေရ​သော်လည်း ဆက်လက်​တိုက်ဖျက်​နေပါက ၎င်း​လူငယ်​ပေါ် ယေဟောဝါ မည်သို့​သဘောထား​တော်​မူ​သနည်း။

[စာမျက်နှာ ၂၀၀ ပါ​အကျဉ်း​ဖော်ပြချက်]

အချို့​လူတို့သည် စိတ်​ပိ​သောအခါ၊ သို့​မဟုတ် စိတ်​တင်း၊ အထီးကျန်​ဖြစ်၊ စိတ်​ညှိုးငယ်​သောအခါ တစ်ကိုယ်တည်း​ရာဂစိတ်​ဖြေ​လို​သော လှုံ့ဆော်မှု​ကို​ခံရ​သည်

[စာမျက်နှာ ၂၀၂ ပါ​အကျဉ်း​ဖော်ပြချက်]

‘ကျွန်တော် တစ်ကိုယ်တည်း​ရာဂစိတ်​ဖြေ​တဲ့ ပြဿနာ​ရဲ့​အရင်းအမြစ်​ဟာ ကျွန်တော်​ဘာတွေကို စိတ်ထဲ​ထည့်သွင်း​သလဲ ဆို​တဲ့​အချက်​ပါ​ပဲ’

[စာမျက်နှာ ၂၀၄ ပါ​အကျဉ်း​ဖော်ပြချက်]

“ကျွန်တော် [တစ်ကိုယ်တည်း​ရာဂစိတ်​ဖြေ] မိ​တဲ့​အခါ ယေဟောဝါ​ပေါ် တာဝန်​ပျက်ကွက်​ခဲ့​သလို ခံစားရ​ပါ​တယ်”

[စာမျက်နှာ ၁၉၈ ပါ​ရုပ်ပုံ]

ဟ​တ္ထ​မေထုန်​ကြောင့်​စိတ်ညစ်​ညမ်း​သော်လည်း စိတ်ရင်းမှန်​ဖြင့်​ဘုရားသခင့်​ခွင့်လွှတ်​မှု​ကို အသနားခံ​ပြီး ၎င်း​အကျင့်ကို​အားသွန်ခွန်စိုက်​တိုက်ဖျက်​ပါ​က စင်ကြယ်သော​သြတ္တပ္ပစိတ် ရရှိနိုင်​သည်

[စာမျက်နှာ ၂၀၃ ပါ​ရုပ်ပုံ]

တ​ဏှာ​အချစ်​ဝတ္ထု၊ စာအုပ်​နှင့် တီဗွီ​ဇာတ်လမ်း​တို့သည် ဟ​တ္ထ​မေထုန်​အတွက် ‘လောင်စာ’ ဖြစ်​နိုင်​သည်