မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင့်အနာဂတ်

သင့်အနာဂတ်

အပိုင်း ၁၀

သင့်​အနာဂတ်

ယနေ့ လူငယ်များသည် အနာဂတ်​မဲ့​ခြင်း​၏​အရိပ်​မဲ​ကြီး​အောက် ကြီးပြင်း​လျက်​ရှိသည်။ နျူကလီးယား​စစ်၊ ဝန်းကျင်​ဆိုင်ရာ​ကပ်​နှင့် စီးပွားရေး​ဖရိုဖရဲ​ဘေး​ကြီး​တို့သည် ကြောက်​ဖွယ်​လိ​လိ ခြိမ်းခြောက်​လျက်​နေသည်။ သို့ရာတွင် သင့်​ကြောင့်ကြ​မှု​မှာ လူသားထု​၏​ကြမ္မာ​မဟုတ်ဘဲ၊ သင်​ကိုယ်တိုင် နောက် ၁၀ နှစ်၊ အနှစ် ၂၀၊ အနှစ် ၃၀ နောက်ပိုင်း မည်သို့​နေ​မည်​နည်း ဟူသော​အချက်​ဖြစ်​ကောင်း​ဖြစ်​မည်။

ဝမ်းသာစရာ​မှာ၊ အနာဂတ်​နှင့်​စပ်လျဉ်း၍ အကောင်းမြင်​သဘော​ရှိဖို့ အကြောင်း​ခိုင်လုံ​၏။ သင် ပစ္စုပ္ပန်​ကို မည်သို့​အသုံးပြု​နေသည်​ဟူသော အချက်​ပေါ်​သာ​မူတည်​၏။