မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မြေကြီး​ပရဒိသု

မြေကြီး​ပရဒိသု

စာတန်​လုပ်ခဲ့တဲ့ မကောင်းတာ​အားလုံး​ကို ယေဟောဝါ​ဘုရား အပြည့်အဝ ပြန်ကောင်း​အောင် လုပ်မယ်။ မြေတစ်ပြင်လုံး​ကို အုပ်ချုပ်​ဖို့ ယေရှုကို ဘုရင်​အဖြစ် ယေဟောဝါ​ဘုရား ခန့်အပ်​ထား​တယ်။ အဲဒီ​အုပ်ချုပ်မှု​အောက်မှာ ကမ္ဘာ​မြေဟာ ပရဒိသု ဖြစ်လာ​လိမ့်မယ်။—ဒံယေလ ၇:၁၃၊ ၁၄။ လုကာ ၂၃:၄၃

ယေဟောဝါ​ဘုရား ကတိပြု​ထား​ရာ​များ-

  • အစားအသောက် ပေါကြွယ်​မယ်။ “မြေကြီး​ဟာ အသီးအပွင့်​တွေ​ကို ထုတ်ပေး​လိမ့်မယ်။ ငါ​တို့ကို ဘုရားသခင် ကောင်းချီး​ပေး​လိမ့်မယ်။” “ကောက်နှံ​တွေ​ဟာ မြေပေါ်မှာ တောင်ပုံရာပုံ ရှိနေလိမ့်မယ်။ တောင်​ပေါ်မှာ ဖွေးဖွေးလှုပ်​နေလိမ့်မယ်။”—ဆာလံ ၆၇:၆။ ၇၂:၁၆

  • စစ်ပွဲ​တွေ မရှိတော့ဘူး။ “ယေဟောဝါ​ရဲ့ လုပ်ဆောင်မှုတွေ၊ ကမ္ဘာ​မြေပေါ် လုပ်ဆောင်တဲ့ အံ့မခန်းဖွယ် လုပ်ရပ်တွေကို ကိုယ်တိုင်​လာ​ကြည့်​ကြ​ပါ။ ဘုရား​က မြေတစ်ခွင်လုံးမှာ စစ်မှု​ကို ငြိမ်း​စေတယ်။”—ဆာလံ ၄၆:၈၊ ၉

  • လူဆိုးတွေ မရှိတော့ဘူး။ “လူ​ယုတ်မာ​တွေ ပယ်ရှင်း​ခံရ” မယ်။ မကြာခင် လူဆိုးတွေ လုံးဝ ရှိတော့မှာ မဟုတ်ဘူး။ သူတို့​ရှိ​တတ်​တဲ့​နေရာမှာ သွား​ကြည့်​ရင်တောင် ရှိကြ​တော့​မှာ မဟုတ်ဘူး။—ဆာလံ ၃၇:၉၊ ၁၀

  • ဖျားနာခြင်း၊ ဝမ်းနည်းခြင်း၊ သေခြင်း ရှိတော့မှာ​မဟုတ်ဘူး။ “အဲဒီ​အချိန် ကျ​ရင် မျက်မမြင်​တွေ မျက်စိ​မြင်လာ​မယ်။ နား​မကြား​သူတွေ နား​ကြား​လာမယ်။ အဲဒီ​အချိန်ကျရင် ခြေဆွံ့သူ​ဟာ သမင်​လို ခုန်ပေါက်​လိမ့်မယ်။ဆွံ့အ​သူက ရွှင်လန်းစွာ ကြွေးကြော်​လိမ့်မယ်။—ဟေရှာယ ၃၅:၅၊ ၆

    “ဘုရားသခင်​ကိုယ်တိုင် သူတို့နဲ့အတူ ရှိနေမယ်။ ဘုရားသခင်​က သူတို့ရဲ့ မျက်ရည် ရှိသမျှကို သုတ်​ပေး​လိမ့်မယ်။ သေခြင်း ရှိတော့မှာ မဟုတ်ဘူး။ ငိုကြွေး​မြည်တမ်း​ခြင်း၊ အော်ဟစ်​ခြင်း၊ နာကျင်ခြင်းလည်း ရှိတော့မှာ မဟုတ်ဘူး။ အရင်က ဖြစ်​ဖူး​တာ​တွေ ကွယ်ပျောက်​သွားပြီ။”—ဗျာဒိတ် ၂၁:၃၊ ၄

ယေဟောဝါ​ဘုရား​ဟာ စာတန်၊ နတ်ဆိုး​တွေ​နဲ့ မတူဘူး။ ဘယ်တော့မှ လိမ်​မပြောဘူး။ ဘုရား ကတိပြု​ထား​တာ​အားလုံး ဖြစ်​ကို​ဖြစ်လာ​လိမ့်မယ်။ (လုကာ ၁:၃၆၊ ၃၇) သင့်ကို ယေဟောဝါ​ဘုရား ချစ်​မြတ်နိုး​ပြီး ကိုယ်တိုင် ပြင်ဆင်​ထား​တဲ့ ပရဒိသု​မှာ အသက်ရှင်​စေချင်တယ်။ ဒါ​ကြောင့် ဘုရား​စကားတော်​ထဲ​က အင်မတန် ကောင်းမွန်​တဲ့ အမှန်တရားတွေကို ပိုမို​သိရှိ​နိုင်​ဖို့ ယေဟောဝါသက်သေ​တွေ​နဲ့ ဆက်သွယ်​ပါ။ သင့်​အသက်တာမှာ အမှန်တရားကို လက်တွေ့​ကျင့်သုံး​ရင် အယူအဆ အမှားတွေ၊ အယူသီး​တာ​တွေ၊ မသိ​နားမလည်​တာ​တွေ​ရဲ့ ချုပ်နှောင်​မှု​ကနေ လွတ်မြောက်​ပါ​လိမ့်မယ်။ တစ်ချိန်​ကျ​ရင် အပြစ်နဲ့ သေခြင်းရဲ့ အချုပ်အနှောင်​ကနေ​တောင် လွတ်မြောက်​ပါ​လိမ့်မယ်။ ယေရှု ဒီလို​ပြော​ခဲ့တယ်- “အမှန်တရားကိုပါ သိ​ရလိမ့်မယ်။ အဲဒီ​အမှန်တရားက ခင်ဗျား​တို့ကို လွတ်မြောက်​စေ​လိမ့်မယ်။”—ယောဟန် ၈:၃၂