နိဒါန်း
သက်ရှိများသည် ဖန်ဆင်းခံရခြင်းလော သို့မဟုတ် သင်သည် စီမံညွှန်ကြားထားခြင်းမရှိသော ကြုံရာကျပန်းဖြစ်ရပ်များကြောင့်သာလျှင် ဖြစ်တည်လာသလော။ ယင်းသည် အလွန်အငြင်းပွားစရာ မေးခွန်းဖြစ်သည်။ သို့တိုင် ယင်း၏အဖြေမှာ အလွန့်အလွန်အရေးကြီးသည်။ ဤဘရိုရှာတွင် ဤကဲ့သို့သောမေးခွန်းများကို သုံးသပ်ထားသည်–
သက်ရှိများအတွက် ကျွန်ုပ်တို့၏ကမ္ဘာဂြိုဟ်ကို ပုံစံပြုထားခြင်းလော။
သဘာ၀တွင်တွေ့ရှိရသော ဒီဇိုင်းများမှ ကျွန်ုပ်တို့ အဘယ်အရာသင်ယူနိုင်သနည်း။
ဆင့်ကဲသွန်သင်ချက်သည် အဖြစ်မှန်အပေါ်တွင် အခိုင်အမာအခြေပြုထားပါသလော။
သိပ္ပံပညာက ဖန်ဆင်းခြင်းဆိုင်ရာကျမ်းစာမှတ်တမ်း မှားယွင်းကြောင်းသက်သေထူခဲ့ပြီလော။
သင့်ယုံကြည်ရာသည် အဘယ်ကြောင့် အရေးပါသနည်း။