မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

 ဆီအဲရာလီယွန်နိုင်ငံနဲ့ ဂီနီနိုင်ငံ

ဆီအဲရာလီယွန်နိုင်ငံနဲ့ ဂီနီနိုင်ငံအကြောင်း ခြုံငုံသုံးသပ်ချက်

ဆီအဲရာလီယွန်နိုင်ငံနဲ့ ဂီနီနိုင်ငံအကြောင်း ခြုံငုံသုံးသပ်ချက်

နယ်မြေ နှစ်နိုင်ငံစလုံးမှာ ကမ်းရိုး တန်းရွှံ့ညွှန်တွေ၊ မြက်ခင်းလွင်ပြင်တွေ၊ စိုက်ပျိုးဖြစ်ထွန်းတဲ့ ကုန်းပြင်မြင့်တွေနဲ့ မြင့်မားလှတဲ့ ကုန်းတွင်းတောင်တန်းကြီးတွေရှိတယ်။ ဂီနီဟာ အနောက်အာဖရိကရဲ့ အဓိကမြစ်ကြီးသုံးသွယ်ဖြစ်တဲ့ ဂမ်ဘီယာ၊ နိုင်ဂျာနဲ့ ဆီနီဂေါတို့ အစပြုစီးဆင်းရာနေရာဖြစ်တယ်။

လူမျိုး ဆီအဲရာလီယွန်မှာရှိတဲ့ တိုင်းရင်းသား ၁၈ မျိုးမှာ မဲန်ဒီနဲ့ ထဲမ်နီလူမျိုးက အများဆုံးပဲ။ ကျွန်ဘဝက လွတ်လာတဲ့ အာဖရိကလူတွေကနေ ဆင်းသက်လာတဲ့ ကရီအိုလူမျိုးဟာ ဖရီးတောင်းမြို့ရဲ့ပတ်ဝန်းကျင်မှာ အဓိက နေထိုင်ကြတယ်။ ဂီနီမှာ လူမျိုးစု ၃၀ ကျော်ရှိပြီး လူဦးရေအများဆုံးကတော့ ဖူလာနီ၊ မန်ဒီဂိုနဲ့ စူစူလူမျိုး * တွေဖြစ်တယ်။

 ဘာသာရေး ဆီအဲရာလီယွန်မှာ လူဦးရေ ၆၀ ရာခိုင် နှုန်းလောက်က မွတ်စလင်တွေဖြစ်တယ်၊ ကျန်တဲ့သူအများစုက ခရစ်ယာန်အမည်ခံတွေဖြစ်တယ်။ ဂီနီမှာ လူဦးရေ ၉၀ ရာခိုင်နှုန်းက မွတ်စလင်တွေဖြစ်တယ်။ နှစ်နိုင်ငံစလုံးက လူအများစုဟာ အာဖရိကရိုးရာဓလေ့ကို လိုက်စားကြတယ်။

ဘာသာစကား လူမျိုးတိုင်းမှာ စကားရှိတယ်။ လူမျိုးအားလုံးက အင်္ဂလိပ်၊ ဥရောပနဲ့ အာဖရိကဘာသာစကားရောပြီး ဖြစ်ပေါ်လာတဲ့ ကရီအိုဘာသာစကားနဲ့ ဆက်သွယ်ပြောဆိုကြတယ်။ ဂီနီရဲ့ ရုံးသုံးဘာသာစကားက ပြင်သစ်ဖြစ်တယ်။ အဲဒီနှစ်နိုင်ငံလုံးမှာရှိတဲ့ လူဦးရေ ၆၀ ရာခိုင်နှုန်းလောက်က စာမတတ်ကြဘူး။

အသက်မွေးဝမ်းကျောင်း အများစုက စိုက်ပျိုးရေးလုပ်ကြပြီး စားလောက်ရုံပဲ ရကြတယ်။ ဆီအဲရာလီယွန်ရဲ့ ပို့ကုန်ဝင်ငွေတစ်ဝက်လောက်က စိန်ကနေရတယ်။ ဂီနီနိုင်ငံဟာ ဘောက်ဆိုဒ်လို့ခေါ်တဲ့ တွင်းထွက်တစ်မျိုး အများဆုံးထွက်ရှိတဲ့နိုင်ငံဖြစ်တယ်။

အစားအစာ ထမင်းက အဓိကအစားအစာဖြစ်တယ်။ ပြုတ်ထားတဲ့ပလောပီနံကို ထောင်းပြီး လုံးထားတဲ့အလုံးတွေကို အသား၊ ရုံးပတီ၊ ချဉ်ရည်ဟင်းနဲ့ တွဲဖက်စားလေ့ရှိတယ်။

ရာသီဥတု ကမ်းရိုးတန်းမှာတော့ ပူနွေးစိုစွတ်တယ်။ ကုန်းမြင့်ဒေသတွေမှာတော့ ပိုအေးတယ်။ ခြောက်သွေ့တဲ့ရာသီမှာ ဆာဟာရကနေ တိုက်ခတ်လာတဲ့ သဲပါတဲ့လေတွေဟာ ရက်နဲ့ချီ တိုက်ပြီး အပူချိန်ကျဆင်းစေတယ်၊ ဒေသတစ်ခုလုံးကို ဖုန်တွေနဲ့ ဖုံးလွှမ်းသွားစေတယ်။

^ စာပိုဒ်၊ 4 တချို့လူမျိုးစုတွေကို နာမည်အမျိုးမျိုးနဲ့ခေါ်ကြတယ်။

 

ဆီအဲရာလီယွန်

ဂီနီ

နယ်မြေ (စတုရန်းမိုင်)

၂၇,၆၉၉

၉၄,၉၂၆

လူဦးရေ

၆,၀၉၂,၀၀၀

၁၁,၇၄၅,၀၀၀

၂၀၁၃ ကြေညာသူအရေအတွက်

၂,၀၃၉

၇၄၈

အချိုး၊ ကြေညာသူတစ်ယောက်မှာ

၂,၉၈၈

၁၅,၇၀၂

၂၀၁၃ အောက်မေ့ရာပွဲ တက်ရောက်သူ

၈,၂၉၇

၃,၆၀၉