ဆီအဲရာလီယွန်နဲ့ဂီနီ
ရင်ထိုးကတ်က သူတို့ရဲ့ “ပတ်စ်ပို့” ပဲ
“၁၉၈၇ ခုနှစ်၊ ဂီနီနိုင်ငံ၊ ဂတ်ကဒူးမြို့မှာကျင်းပတဲ့ ‘ယေဟောဝါကို ယုံစားလော့’ ခရိုင်စည်းဝေးကြီးကို လူ ၁,၀၀၀ ကျော်တက်ရောက်ခဲ့ကြတယ်။ စည်းဝေးကြီးကျင်းပတဲ့နေရာက ဆီအဲရာလီယွန်နဲ့ လိုင်ဘေးရီးယားနယ်စပ်နားမှာ ဖြစ်တယ်။ အဲဒီနိုင်ငံတွေ သက်သေခံတွေဟာ စည်းဝေးကြီးကို နေ့ချင်းပြန် လာတက်ဖို့ စီစဉ်ကြတယ်။ ဒါပေမဲ့ နယ်စပ်ကိုဖြတ်ဖို့ ခရီးသွားစာရွက်စာတမ်းတွေ အပြည့်အစုံမရှိကြဘူး။ ဒါကြောင့် တာဝန်ရှိညီကိုတွေက နယ်စပ်အာဏာပိုင်တွေနဲ့ ဆွေးနွေးတော့ အဆင်ပြေသွားတယ်။ နယ်စပ်ကိုဖြတ်ဖို့အတွက် ညီအစ်ကိုညီအစ်မတွေက စည်းဝေးကြီးရင်ထိုးကတ်ကို တပ်ထားဖို့ပဲလိုတယ်။ နယ်စပ်အစောင့်ရဲတွေက လိမ္မော်ရင့်ရောင်ကတ်လေးကို မြင်တဲ့အခါ သွားဖို့ အချက်ပြတယ်။”—သာသနာပြုဖြစ်ခဲ့တဲ့ အဲဗရတ် ဘယ်ရီ။