မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဒိုမီနီကန်သမ္မတနိုင်ငံ

အစွန်းရောက်သမား၊ ဘုရားမဲ့ဝါဒီအဖြစ်ကနေ ဘုရားသခင့်ကျေးကျွန်ဖြစ်လာ

ခွာန် ခရစ္စပဲန်

အစွန်းရောက်သမား၊ ဘုရားမဲ့ဝါဒီအဖြစ်ကနေ ဘုရားသခင့်ကျေးကျွန်ဖြစ်လာ
  • မွေးဖွားတဲ့နှစ် ၁၉၄၄

  • နှစ်ခြင်းခံတဲ့နှစ် ၁၉၆၄

  • ကိုယ်ရေးမှတ်တမ်းအကျဉ်း ဘုရားမဲ့ဝါဒီဖြစ်ခဲ့ဖူးတဲ့ ဒီညီအစ်ကိုဟာ ယေဟောဝါရဲ့ အမှုတော်ကို အနှစ် ၅၀ ကြာ သစ္စာရှိရှိ ထမ်းဆောင်ခဲ့တယ်။

လူငယ်တစ်ယောက်အနေနဲ့ ကျွန်တော်ဟာ မုန်းတီးမှုတွေပြည့်နေတဲ့ ဘာသာရေးသမိုင်းကြောင့် စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရတယ်။ ဘုရားသခင်က ဆင်းရဲမွဲတေမှုနဲ့မတရားမှုကို ဘာကြောင့်မဖယ်ရှားပေးတာလဲ၊ ဘာသာတရားကိုင်းရှိုင်းသူတွေက ဘာဖြစ်လို့ ကျမ်းစာပြောတဲ့အတိုင်း မလိုက်လျှောက်တာလဲဆိုတာ နားမလည်ခဲ့ဘူး။ ဒါကြောင့် ဘုရားမဲ့ဝါဒီတစ်ယောက်ဖြစ်လာပြီး နိုင်ငံရေးပြုပြင်ပြောင်းလဲမှုလုပ်မှပဲ ကမ္ဘာ့ပြဿနာတွေကို ဖြေရှင်းနိုင်မယ်လို့ ယုံကြည်ခဲ့တယ်။

၁၉၆၂ ခုနှစ်မှာ နိုးလော့! မဂ္ဂဇင်းကို စဖတ်ဖြစ်တယ်။ ၁၉၆၃ ခုနှစ်မှာတော့ ယေဟောဝါသက်သေတွေနဲ့ ကျမ်းစာစလေ့လာတယ်။ သင်ယူသိရှိလာတဲ့အရာတွေက ကျွန်တော့်အပေါ် အကြီးအကျယ် အကျိုးသက်ရောက်ခဲ့တယ်။ ဘာသာရေးအုပ်စုတွေ ကျူးလွန်နေတဲ့ ရက်စက်ယုတ်မာမှုတွေအတွက် ဘုရားသခင်ကို အပြစ်ပုံချလို့မရဘူး၊ လူသားတွေအတွက် မေတ္တာပါတဲ့ရည်ရွယ်ချက်တစ်ခု ဘုရားသခင်မှာရှိတယ်ဆိုတာတွေကို ကျွန်တော်နားလည်လာတယ်။ ကျမ်းစာစလေ့လာပြီး နှစ်လအကြာမှာတော့ ဒီစနစ်ဆိုးကို ဘုရားသခင့်နိုင်ငံတော် ဖယ်ရှားပစ်မယ်ဆိုတဲ့အကြောင်း တခြားသူတွေကို စပြောပြတယ်။ ၁၉၆၄ ခုနှစ်မှာ နှစ်ခြင်းခံပြီး ၁၉၆၆ ခုနှစ်မှာ အထူးရှေ့ဆောင်အဖြစ် ခန့်အပ်ခံရတယ်။ အမှန်တရားက ကျွန်တော့်အသက်ကို ကယ်လိုက်တာ။ ကျွန်တော်ပေါင်းသင်းခဲ့တဲ့ အစွန်းရောက်လူငယ်တွေထဲမှာ အသေဆိုးနဲ့ သေတဲ့သူကသေ၊ ထောင်ကျတဲ့သူကကျ၊ တချို့ကလည်း ပြည်ပြေးဘဝရောက်သွားကြတယ်။ ကျွန်တော့်ကိုတော့ ဘုရားမဲ့ဝါဒီအဖြစ်ကနေ ဘုရားသခင့်ကျေးကျွန်ဖြစ်လာအောင် ကိုယ်တော်ပြောင်းလဲပေးခဲ့တယ်။ ဒါကြောင့် ဖြောင့်မတ်တဲ့ကမ္ဘာသစ်ပေးမယ်လို့ ကတိပြုတဲ့အရှင် ယေဟောဝါကို ကျေးဇူးတင်လိုက်တာ။

ဗေသလမှာ နံနက်ဝတ်ပြုမှုကိုဦးဆောင်နေတဲ့ ညီအစ်ကိုခရစ္စပဲန်