ဒိုမီနီကန်သမ္မတနိုင်ငံ
သူတို့ညီအစ်ကိုတွေကိုချစ်တယ်
သင်တန်းအသစ်က လိုအပ်ချက်ကိုဖြည့်ဆည်းပေး
ယေဟောဝါက ဒိုမီနီကန်နိုင်ငံမှာရှိတဲ့ ကျေးကျွန်တွေရဲ့ ကြိုးစားအားထုတ်မှုကို ကောင်းချီးပေးတယ်။ ၁၉၉၄ ခုနှစ်ရောက်တော့ အသင်းတော် ၂၅၉ ခုမှာ ပျမ်းမျှကြေညာသူ ၁၆,၃၅၄ ယောက်ရှိနေပြီ။ ဒီလိုအားရစရာတိုးတက်မှုကြောင့် အရည်အချင်းပြည့်မီတဲ့ အကြီးအကဲနဲ့အမှုထမ်းတွေ ပိုလိုအပ်လာတယ်။ ဒါကြောင့် အဲဒီနှစ်မှာပဲ အုပ်ချုပ်ရေးအဖွဲ့က ဒိုမီနီကန်မှာ ဓမ္မအမှုသင်တန်း
ကျောင်းကျင်းပဖို့ ခွင့်ပြုခဲ့တယ်။ အခု အဲဒီကျောင်းကို သတင်းကောင်းဟောပြောသူများအတွက်သင်တန်းနဲ့ အစားထိုးလိုက်ပြီ။၂၀၁၁၊ အောက်တိုဘာလရောက်တော့ ဓမ္မအမှုသင်တန်းကျောင်းကို ကျင်းပတာ ၂၅ ကြိမ်ရှိပြီ။ သင်တန်းဆင်း ၆၀၀ လောက်ကို လေ့ကျင့်ပေးခဲ့ပြီး အခုဆိုရင် သင်တန်းဆင်းတစ်ဝက်ကျော်ဟာ အချိန်ပြည့်လုပ်ငန်းတစ်မျိုးမျိုးမှာ ပါဝင်နေတယ်။ အထူးရှေ့ဆောင်အဖြစ် ၇၁ ယောက်၊ တိုက်နယ်လုပ်ငန်းမှာ ၅ ယောက် အမှုဆောင်နေတယ်။ ပထမသင်တန်းဆယ်ကြိမ်ကို ဌာနခွဲမှာကျင်းပခဲ့တယ်။ ဆယ့်တစ်ကြိမ်မြောက်ကစပြီး ဗီယာ ဂွန်ဇာလပ်ဇ်မြို့မှာရှိတဲ့ သင်တန်းအဆောက်အအုံမှာပဲ ကျင်းပတော့တယ်။
“ယေဟောဝါသက်သေတွေဟာ သူတို့ညီအစ်ကိုတွေကို ဂရုစိုက်တယ်”
၁၉၉၈၊ စက်တင်ဘာလ ၂၂ ရက်မှာ တစ်နာရီ မိုင် ၁၂၀ နှုန်းနဲ့ တိုက်ခတ်သွားတဲ့ ဟာရီကိန်းမုန်တိုင်းဂျော့ဂျ်ကြောင့် ဒိုမီနီကန်နိုင်ငံဟာ အကြီးအကျယ်
ပျက်စီးဆုံးၡုံးခဲ့တယ်။ ထောင်နဲ့ချီ အိုးမဲ့အိမ်မဲ့ဖြစ်သွားပြီး လူ ၃၀၀ ကျော် သေဆုံးတယ်။ ကယ်ဆယ်ရေးကော်မတီက ဒေသန္တရဆောက်လုပ်ရေးကော်မတီရဲ့အကူအညီနဲ့ လာရိုမာနာမြို့ နိုင်ငံတော်ခန်းမမှာ ကယ်ဆယ်ရေးစခန်း ဖွင့်ခဲ့တယ်။ ၁၆ နိုင်ငံက စေတနာ့ဝန်ထမ်းတွေအပါအဝင် စေတနာ့ဝန်ထမ်းစုစုပေါင်း ၃၀၀ နီးပါး ကယ်ဆယ်ရေးလုပ်ငန်းမှာ ပါဝင်ခဲ့တယ်။နိုင်ငံတော်ခန်းမ ၂၃ လုံးနဲ့ ညီအစ်ကိုညီအစ်မတွေရဲ့အိမ် ၈၀၀ ကျော်ကို ပြန်ပြုပြင် ဒါမှမဟုတ် အသစ်ဆောက်ပေးခဲ့တယ်။ ဥပမာ၊ မှန်မှန်ရှေ့ဆောင် သက်ကြီးညီအစ်မကာမန် ၃၈ နှစ်လုံးလုံးနေထိုင်ခဲ့တဲ့အိမ်ဟာ ဟာရီကိန်းမုန်တိုင်းကြောင့် ပျက်စီးသွားလို့ သူ့ခမျာ ဝမ်းနည်းပက်လက်ဖြစ်ခဲ့ရတယ်။ ဒါပေမဲ့ ညီအစ်ကို ၁၅ ယောက်အဖွဲ့က အိမ်အသစ်အတွက် အုတ်မြစ်ချပေးဖို့ရောက်လာတဲ့အခါ ပြောမပြနိုင်လောက်အောင် ဝမ်းသာသွားတယ်။ ကာမန် ဒီလိုပြောတယ်– “ယေဟောဝါက ကျွန်မတို့ကို အမြဲသတိရပြီး ကူညီစောင့်ရှောက်ပေးတယ်။ ညီအစ်ကိုတွေဆောက်ပေးတဲ့ ဒီအိမ်လှလှလေးကို ကြည့်လိုက်ပါအုံး။ ဒါကိုတွေ့တော့ အိမ်နီးချင်းတွေက ‘ယေဟောဝါသက်သေတွေဟာ သူတို့ညီအစ်ကိုတွေကို ဂရုစိုက်တယ်။ တစ်ယောက်ကိုတစ်ယောက် တကယ်ချစ်တယ်’ လို့ပြောကြတယ်။” ကယ်ဆယ်ရေးလုပ်သားတွေက ဒုက္ခသည်ညီအစ်ကိုညီအစ်မတွေကို ကူညီပေးတဲ့အခါ တစ်နိုင်ငံလုံးမှာ အဲဒီလိုစကားမျိုးတွေ ကြားခဲ့ရတယ်။
ဟာရီကိန်းမုန်တိုင်းဂျော့ဂျ်ဟာ ဆိုးရွားတဲ့ သဘာဝဘေးအန္တရာယ်ဖြစ်ပေမဲ့ ယေဟောဝါလူမျိုးရဲ့ မေတ္တာပါကူညီမှုကြောင့် ဒုက္ခသည်ညီအစ်ကိုတွေဟာ ကာယပိုင်းနဲ့ဝတ်ပြုရေးပိုင်း နှစ်သိမ့်မှုရရှိခဲ့တယ်။ အရေးကြီးဆုံးကတော့ စေတနာ့ဝန်ထမ်းတွေရဲ့ ကိုယ်ကျိုးစွန့်မှုက စစ်မှန်တဲ့နှစ်သိမ့်မှုပေးရှင် ယေဟောဝါကို ဂုဏ်တင်ချီးမွမ်းစရာဖြစ်စေခဲ့တယ်။
နိုင်ငံတော်ခန်းမဆောက်လုပ်ရေးလုပ်ငန်း အရှိန်မြင့်လာ
တပည့်သစ်တွေ များများလာတဲ့အတွက် နိုင်ငံတော်ခန်းမတွေ ပိုလိုအပ်လာတယ်။ ဒါကြောင့် ငွေကြေးခက်ခဲတဲ့နိုင်ငံတွေမှာ နိုင်ငံတော်ခန်းမဆောက်လုပ်
တဲ့ အစီအစဉ်ရဲ့အကူအညီနဲ့ ၂၀၀၀ ပြည့်နှစ်၊ နိုဝင်ဘာလမှာ ခန်းမတွေ စတင်ဆောက်လုပ်ခဲ့တယ်။ အသင်းတော်တစ်ခုဟာ လှပပြီးသက်သောင့်သက်သာရှိတဲ့ ခန်းမတစ်လုံးကို ရှစ်ပတ်အတွင်း ဆောက်နိုင်ခဲ့တယ်။ ၂၀၁၁၊ စက်တင်ဘာလရောက်တော့ ဆောက်လုပ်ရေးအဖွဲ့နှစ်ဖွဲ့က နိုင်ငံတော်ခန်းမ ၁၄၅ လုံးကို ပြုပြင်မွမ်းမံ ဒါမှမဟုတ် ဆောက်လုပ်ပြီးကြပြီ။အဲဒီခန်းမတွေနဲ့ ဆောက်လုပ်ရေးဝန်ထမ်းတွေကြောင့် ကောင်းကောင်းသက်သေခံခွင့်ရတယ်။ ဥပမာ၊ နိုင်ငံအနောက်မြောက်ဘက်က မြို့ငယ်လေးမှာ နိုင်ငံတော်ခန်းမဆောက်ဖို့ နေရာကောင်းတစ်ခုတွေ့ခဲ့တယ်။ အထူးရှေ့ဆောင်ညီအစ်ကိုက မြေကွက်ကိုရောင်းမလားလို့ ပိုင်ရှင်ကိုမေးတဲ့အခါ သူက “မင်း အချိန်ဖြုန်းမနေပါနဲ့။ ဘုရားကျောင်းဆောက်ဖို့ ဒီမြေကွက်ကို ငါဘယ်တော့မှ မရောင်းဘူး” လို့ပြောတယ်။
အဲဒီလိုပြောပြီးမကြာခင်မှာပဲ မြေပိုင်ရှင်က ပွာတို ပလာတာမြို့မှာနေတဲ့ သက်သေခံဖြစ်သူ အစ်ကိုကြီးဆီ သွားလည်တယ်။ အဲဒီကိုရောက်တော့ နေမကောင်းဖြစ်နေတဲ့အစ်ကို,ကို သက်သေခံမိသားစုတစ်စုက အိမ်မှာခေါ်ထားပြီး ပြုစုပေးနေတာ တွေ့လိုက်ရတယ်။ အဲဒီမိသားစုက သူ့အစ်ကို,ကို ဆရာဝန်ဆီ ခေါ်သွားပေးတယ်။ စည်းဝေးနဲ့အမှုဆောင်ကိုလည်း ခေါ်သွားပေးတယ်။ ဒါနဲ့ ကြည့်ရှုပြုစုခ ဘယ်လောက်ပေးရသလဲလို့ အစ်ကို,ကိုမေးလိုက်တော့ “ပေးစရာမလိုပါဘူး။ သူတို့က ငါ့ညီအစ်ကိုတွေလေ” လို့ပြန်ပြောတယ်။
“ကျွန်မတွေ့ဖူးသမျှမှာ ဒီအဖွဲ့ဟာ စည်းလုံးမှုအရှိဆုံး၊ ကြင်နာမှုအရှိဆုံးပဲ”
မြေပိုင်ရှင်က သက်သေခံတွေရဲ့ကြင်နာမှုကို သိပ်သဘောကျသွားတဲ့အတွက် အထူးရှေ့ဆောင်ကိုခေါ်ပြီး မြေကွက်ရောင်းပေးမယ်လို့ ပြောတယ်။ ဒါနဲ့ ညီအစ်ကိုတွေက မြေဝယ်ပြီး ခန်းမဆောက်တယ်။ မြေပိုင်ရှင်ရဲ့မိန်းမက ယေဟောဝါသက်သေတွေကို အကောင်းမမြင်ဘူး။ ဒါပေမဲ့ ဆောက်လုပ်ရေးမှာ ညီအစ်ကိုတွေ တက်ညီလက်ညီ လုပ်ကိုင်တာကိုမြင်ရတော့ “ကျွန်မတွေ့ဖူးသမျှမှာ ဒီအဖွဲ့ဟာ စည်းလုံးမှုအရှိဆုံး၊ ကြင်နာမှုအရှိဆုံးပဲ” လို့ကောက်ချက်ချခဲ့တယ်။