မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဒိုမီနီကန်သမ္မတနိုင်ငံ

ဟေတီနိုင်ငံမှာ ငလျင်လှုပ်

ဟေတီနိုင်ငံမှာ ငလျင်လှုပ်

တရုတ်စကားနဲ့ဟောပြောခြင်းလုပ်ငန်း တိုးတက်လာ

၂၀၀၅ ခုနှစ်မှာ တရုတ်စကားပြော ဗေသလအိမ်သား တင်ဝမ်ကို တရုတ်လူမျိုးအများအပြားနေထိုင်တဲ့ဒေသမှာ အထူးရှေ့ဆောင်အဖြစ် ခန့်အပ်ခဲ့တယ်။ သူ့မိဘတွေက တရုတ်နိုင်ငံကနေ စန်တို ဒိုမင်ဂိုမြို့ကို ပြောင်းရွှေ့လာခဲ့တယ်။ ဒါကြောင့် သူက ဒိုမီနီကန်နိုင်ငံမှာ မွေးဖွားကြီးပြင်းလာတယ်။

၂၀၀၈၊ ဇန်နဝါရီ ၁ ရက်မှာ မန်ဒရင်းတရုတ်အသင်းတော်ကို စန်တို ဒိုမင်ဂိုမြို့မှာ ဖွဲ့စည်းခဲ့တယ်။ ၂၀၁၁ ခုနှစ်ရောက်တော့ စန်တီယာဂိုမြို့မှာလည်း အုပ်စုတစ်စုရှိလာတယ်။ အခု ကြေညာသူ ၇၀၊ မှန်မှန်ရှေ့ဆောင် ၃၆ ယောက်နဲ့ အရန်ရှေ့ဆောင်တော်တော်များများဟာ ပျမ်းမျှကျမ်းစာသင်အံမှု ၇၆ ခုကို လစဉ် ဇွဲရှိရှိကျင်းပနေကြတယ်။

အင်္ဂလိပ်စကားပြောသူတွေကို ရှာဖွေခြင်း

၂၀၀၇ ခုနှစ်ရောက်တော့ ကြေညာသူ ၂၇,၄၆၆ ယောက်ဟာ အသင်းတော် ၃၇၆ ခုနဲ့ပူးပေါင်းနေပြီး ကျမ်းစာသင်အံမှု ၄၉,၇၉၅ ခုကျင်းပနေကြတယ်။ ဒါပေမဲ့ အင်္ဂလိပ်စကားပြောသူတွေအတွက် အသင်းတော်မရှိသေးဘူး။ ဒါကြောင့် ၂၀၀၈၊ ဧပြီလမှာ သာသနာပြု ဒေါ်နယ်လ်နဲ့ဂျေးန် အဲလ်ဝဲလ်တို့ကို စန်တို ဒိုမင်ဂိုမြို့မှာ အင်္ဂလိပ်စကားပြောအုပ်စုဖွဲ့စည်းဖို့ ဌာနခွဲက တာဝန်ခန့်အပ်ခဲ့တယ်။ စိတ်ထက်သန်တဲ့ကြေညာသူအုပ်စုလေးဟာ အင်္ဂလိပ်စကားပြောသူတွေရဲ့ နေရပ်လိပ်စာကို ဦးဆုံးစာရင်းပြုစုကြတယ်။ အဲဒီနောက် စေ့စေ့စပ်စပ်သက်သေခံနိုင်ဖို့ အမှုဆောင်ရပ်ကွက် စီစဉ်ဖွဲ့စည်းကြတယ်။

ဒီလိုကြိုးစားလုပ်ဆောင်မှုတွေကြောင့် စန်တို ဒိုမင်ဂိုမြို့က အင်္ဂလိပ်အုပ်စုဟာ ဆက်တိုးတက်လာပြီး ၂၀၀၉၊ ဇူလိုင်လမှာ ကြေညာသူ ၃၉ ယောက်ရှိတဲ့ အသင်းတော်ဖြစ်လာတယ်။ တခြားဒေသတွေမှာလည်း အလားတူလုပ်ဆောင်ခဲ့တယ်။ ၂၀၁၁၊ နိုဝင်ဘာလရောက်တော့ တစ်နိုင်ငံလုံးမှာ အင်္ဂလိပ်အသင်းတော်ခုနစ်ခုနဲ့ အုပ်စုတစ်စုရှိနေပြီ။

မျက်မမြင်၊ နားမကြားတဲ့အမျိုးသမီး ယေဟောဝါဘက်ရပ်တည်

အထိအတွေ့နဲ့ လက်သင်္ကေတပြတဲ့နည်းကိုသုံးပြီး လော်ရီနဲ့ဆက်သွယ်နေတဲ့ အထူးရှေ့ဆောင်ညီအစ်မ

မိဘမဲ့လေး လော်ရီဟာ မျက်မမြင်၊ နားမကြားသူဖြစ်တယ်။ မွေးကတည်းက နားမကြားဘူး။ အသက် ၁၆ နှစ်မှာတော့ အမြင်အာရုံ တဖြည်းဖြည်းမှုန်ဝါးလာတယ်။ နေ့ဘက်မှာ နည်းနည်းမြင်နိုင်ပေမဲ့ ညဘက်မှာ လုံးဝမမြင်ရဘူး။ ဒါကြောင့် အထိအတွေ့နဲ့ လက်သင်္ကေတပြတဲ့နည်းကိုသုံးပြီး ဆက်သွယ်ရတယ်။

လော်ရီ အသက် ၂၃ နှစ်မှာ အထူးရှေ့ဆောင်မောင်နှံတစ်စုံနဲ့ တွေ့ခဲ့တယ်။ အဲဒီအချိန်မှာ သူက နားမကြားတဲ့အမျိုးသားတစ်ဦးနဲ့ အတူနေပြီး သူတို့မှာ တစ်နှစ်အရွယ် နားကြားတဲ့သမီးလေးရှိတယ်။ စည်းဝေးတက်ဖို့ ဖိတ်ခေါ်တဲ့အခါ လက်ခံလိုက်ပြီး သူသိရှိလာတဲ့အရာတွေကြောင့် စိတ်ထိမိခဲ့တယ်။

လော်ရီရဲ့ဘဝဟာ မြန်မြန်ဆန်ဆန် ပြောင်းလဲလာတယ်။ ဥပမာ၊ လက်မထပ်ဘဲအတူနေတာ မှားမှန်းသိလာတဲ့အခါ တရားဝင်လက်ထပ်ဖို့ အရေးကြီးကြောင်း၊ ကျမ်းစာကိုယ်ကျင့်တရားစံနှုန်းတွေကို သူအလျှော့ပေးမှာမဟုတ်ကြောင်း ခင်ပွန်းကို ပွင့်ပွင့်လင်းလင်းရှင်းပြခဲ့တယ်။ သူ့ခင်ပွန်းလည်း အံ့ဩသွားပြီး လက်ထပ်ဖို့သဘောတူလိုက်တယ်။

လက်ထပ်ပြီးနောက် လော်ရီဟာ ကြေညာသူဖြစ်လာပြီး သိပ်မကြာခင်မှာ နှစ်ခြင်းခံတယ်။ သက်သေခံတွေနဲ့ကျမ်းစာလေ့လာတဲ့အတွက် အမေရိကန်လက်ဟန်ပြစကား တတ်လာတယ်။ နောက်ပိုင်းမှာ သမီးလေးကိုလည်း အဲဒီစကားသင်ပေးပြီး အမှန်တရားအကြောင်း သွန်သင်ပေးနေတယ်။

ပြင်းထန်တဲ့ငလျင်တစ်ခု ဟေတီနိုင်ငံမှာလှုပ်ခတ်

၂၀၁၀၊ ဇန်နဝါရီ ၁၂ ရက်၊ အင်္ဂါနေ့ကိုတော့ ဒိုမီနီကန်နဲ့ဟေတီနိုင်ငံသားတွေ မေ့ပျောက်နိုင်မှာမဟုတ်ဘူး။ အဲဒီနေ့မှာ ကြောက်မက်ဖွယ်ငလျင်ကြီးတစ်ခု ဟေတီမှာ လှုပ်ခတ်ခဲ့တယ်။ ကယ်ဆယ်ရေးလုပ်နိုင်ဖို့ ဟေတီဌာနခွဲကို ငွေပို့ပေးပါဆိုပြီး အုပ်ချုပ်ရေးအဖွဲ့က ဒိုမီနီကန်ဌာနခွဲကို ချက်ချင်းညွှန်ကြားတယ်။ ငွေပမာဏတော်တော်များများ ပို့ရမှာဖြစ်လို့ အရပ်ခြောက်ပေသုံးလက်မ၊ ပေါင်ချိန် ၂၈၀ ရှိတဲ့ ဗေသလဆရာဝန် အီဗန် ဘာတီစ်တာကို တာဝန်ပေးခဲ့တယ်။

ညီအစ်ကိုအီဗန်ကို တာဝန်ပေးလိုက်တာ တကယ်မှန်သွားတယ်။ ဘာလို့လဲဆိုတော့ သူနယ်စပ်ကိုရောက်တဲ့အခါ ဟေတီမှာ အရည်အချင်းပြည့်မီတဲ့ ဆေး၀န်ထမ်းတွေရဲ့အကူအညီ အရေးတကြီးလိုအပ်နေတယ်ဆိုပြီး ကြားလိုက်ရလို့ပဲ။ ငလျင်ဒဏ်ကြောင့် အကြီးအကျယ်ထိခိုက်ဒဏ်ရာရသူတွေကို ဆေးကုသဖို့ ဟေတီဌာနခွဲနဲ့ကပ်လျက် စည်းဝေးပွဲခန်းမဆီ ခေါ်လာကြတယ်။ ငွေလာပို့ပေးသူဟာ ဗေသလဆရာဝန်ဖြစ်မှန်း ညီအစ်ကိုတွေသိတော့ ဒိုမီနီကန်ဌာနခွဲကို ဖုန်းဆက်ပြီး ညီအစ်ကိုအီဗန်ကို ဟေတီမှာ ဆက်နေခိုင်းလို့ရမလားလို့ မေးကြတယ်။ ဌာနခွဲက ဆက်နေဖို့ခွင့်ပြုလိုက်တယ်။ ဒါကြောင့် ငလျင်လှုပ်ပြီးနာရီပိုင်းအတွင်းမှာပဲ ဟေတီညီအစ်ကိုတွေကို ကူညီပေးဖို့ ကယ်ဆယ်ရေးလုပ်ငန်းကြီးကို စတင်လုပ်ဆောင်တော့တယ်။

၂၀၁၀ ခုနှစ်၊ ဟေတီနိုင်ငံမှာ ငလျင်လှုပ်ပြီးနောက် ညီအစ်ကိုတွေ စည်းစည်းလုံးလုံး ဝိုင်းဝန်းကူညီပေးနေကြ

ဒိုမီနီကန်ဌာနခွဲရဲ့အဝယ်တော်ဌာနကလည်း အစားအစာ၀ယ်နေကျဆိုင်တွေနဲ့ ချက်ချင်းဆက်သွယ်တယ်။ ဒါကြောင့် ဆန်၊ ပဲနဲ့ တခြားအခြေခံအစားအစာ ပေါင် ၁၅,၀၀၀ ကျော်ရရှိပြီး ဇန်နဝါရီ ၁၄ ရက်၊ ကြာသာပတေးနေ့ မနက် ၂ နာရီခွဲမှာ ဟေတီကို ပို့ပေးနိုင်ခဲ့တယ်။ ဒါက ပြည်ပကနေ ဦးဆုံးရောက်လာတဲ့ ကယ်ဆယ်ရေးပစ္စည်းတွေပါပဲ။ အဲဒီနေ့ ညနေပိုင်းမှာ ဒိုမီနီကန်ကနေ ဆရာ၀န်သုံးယောက် ထပ်ရောက်လာတယ်။ သူတို့က ဟေတီဌာနခွဲကိုရောက်ဖို့ ခုနစ်နာရီကြာ ခရီးနှင်ခဲ့ရတယ်။ ညနေပိုင်းမှာ သူတို့ရောက်တာနဲ့ တည်းခိုမယ့်နေရာကိုမသွားဘဲ ဒဏ်ရာရသူတွေဆီ တန်းသွားပြီး ညဉ့်နက်သန်းခေါင်အထိ ပင်ပင်ပန်းပန်း ကုသပေးကြတယ်။ နောက်နေ့မှာ ဒိုမီနီကန်ကနေ ဆရာဝန်လေးယောက်နဲ့ သူနာပြုလေးယောက် ရောက်လာပြန်တယ်။ စည်းဝေးပွဲခန်းမမှာ ယာယီခွဲစိတ်ခန်းတစ်ခုလုပ်ထားပြီး အရမ်းခက်ခဲတဲ့အခြေအနေအောက်မှာ ခွဲစိတ်ကုသမှုတွေလုပ်ခဲ့ရတယ်။ နောက်တစ်ပတ်အတွင်း အဲဒီဆေး၀န်ထမ်း ၁၂ ယောက်က လူ ၃၀၀ ကျော်ကို ခွဲစိတ်ကုသပေးခဲ့တယ်။

အသက်အန္တရာယ်စိုးရိမ်ရတဲ့လူနာတွေ နေ့တိုင်းရှိတာကြောင့် ဒိုမီနီကန်နိုင်ငံကိုပို့ပြီး အချိန်မီကုသပေးတယ်။ တစ်ခါတလေ ကယ်ဆယ်ရေးပစ္စည်းလာပို့တဲ့ကားတွေက ဒဏ်ရာရသူတွေကို ဒိုမီနီကန်မှာရှိတဲ့ ဆေးရုံဆေးခန်းတွေဆီ မြန်မြန်ပို့ပေးတယ်။ ဒဏ်ရာရသူတွေကို အားပေးဖို့၊ လိုအပ်တဲ့ဆေးဝါးနဲ့ တခြားအကူအညီတွေပေးနိုင်ဖို့ ဌာနခွဲက လူနာလည်ပတ်ကြည့်ရှုတဲ့အုပ်စုတွေကို ဖွဲ့စည်းပေးခဲ့တယ်။ ဒေသခံအသင်းတော်တွေကလည်း ဒဏ်ရာရသူတွေနဲ့အတူ လိုက်ပါလာတဲ့မိသားစုဝင်တွေအတွက် စားစရာ၊ နေစရာ ပြင်ဆင်ပေးတယ်။

ယေဟောဝါသက်သေတွေဟာ အစားအစာ ပေါင် ၄၀၀,၀၀၀ အပါအဝင် အလှူပစ္စည်း ပေါင်တစ်သန်းကျော်ကို ပို့ပေးခဲ့ကြ

ငလျင်လှုပ်ပြီးနောက် ဆိုးဝါးတဲ့အခြေအနေတွေမှာ ယေဟောဝါရဲ့လူမျိုးက ကိုယ်ကျိုးမငဲ့ဘဲ မမောနိုင်မပန်းနိုင် ကြိုးစားကူညီပေးခဲ့ကြတယ်။ ဒါက သုတ္တံ ၁၇:၁၇ (ကဘ) မှာပါတဲ့ ဒီအားရှိစရာစကားတွေ မှန်ကန်ကြောင်း ဖော်ပြလိုက်တာပါပဲ– ‘မိတ်ဆွေစစ်ဟာ အချိန်အခါမရွေး မေတ္တာပြတတ်တယ်။ သူဟာ ဒုက္ခရောက်ချိန်မှာကူညီပေးဖို့ မွေးဖွားလာတဲ့ ညီအစ်ကိုပဲ။’ ယေဟောဝါက သူ့အပေါ်သစ္စာရှိသူတွေ သေဘေးနဲ့ရင်ဆိုင်ရချိန်မှာတောင် စွမ်းအားတော်နဲ့ ညီအစ်ကိုအသင်းအပင်းကိုသုံးပြီး ဘယ်လိုထောက်မပေးတယ်ဆိုတာ တွေ့ကြုံမှုတွေက ဖော်ပြနေပါတယ်။ ကယ်ဆယ်ရေးလုပ်ငန်းတွေကို လနဲ့ချီဆက်လုပ်ခဲ့ကြတယ်။ ယေဟောဝါသက်သေတွေဟာ အစားအစာ ပေါင် ၄၀၀,၀၀၀ အပါအဝင် အလှူပစ္စည်း ပေါင်တစ်သန်းကျော်ကို ပို့ပေးခဲ့ကြတယ်။ ကမ္ဘာ့ဒေသအသီးသီးကလာတဲ့ ဆေး၀န်ထမ်းညီအစ်ကိုညီအစ်မ ၇၈ ယောက်ဟာ တခြားစေတနာ့၀န်ထမ်းများစွာနဲ့အတူ သူတို့ရဲ့အချိန်နဲ့စွမ်းရည်ကို လိုလိုလားလားပေးဆက်ခဲ့ကြတယ်။ *

^ စာပိုဒ်၊ 1 ဒီအကြောင်းကို ၂၀၁၀၊ ဒီဇင်ဘာလထုတ် နိုးလော့! စာမျက်နှာ ၁၄–၁၉ (အင်္ဂလိပ်) မှာ အသေးစိတ်ဖော်ပြထားတယ်။