မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဒိုမီနီကန်သမ္မတနိုင်ငံ

အသင်းသား နှစ်ဆယ့်နှစ်ယောက်ချာ့ခ်ျကနေနုတ်ထွက်

အသင်းသား နှစ်ဆယ့်နှစ်ယောက်ချာ့ခ်ျကနေနုတ်ထွက်

ကာမန် ဂိုမေရာဟာ မွေးချင်း ၁၁ ယောက်မှာ နို့ညှာဖြစ်တယ်။ အဖေရယ်၊ အစ်မနဲ့ညီမရယ် ဆုံးပြီးတဲ့နောက် သူ့အမေလူအီဆာက မိသားစုနဲ့အတူ မြို့ကိုပြောင်းသွားတယ်။ လူအီဆာရဲ့အစ်ကိုမိသားစု ပူးပေါင်းနေတဲ့ မစ်နိုနိုက်ချာ့ခ်ျနဲ့ သူတို့လည်းပူးပေါင်းခဲ့တယ်။

ကာမန် အခုလိုပြောပြတယ်– “၁၉၆၂ ခုနှစ်မှာ မြို့ကို အထူးရှေ့ဆောင်မောင်နှံတစ်စုံ ရောက်လာတယ်။ သူတို့က ‘နတ်ဆိုးသွန်သင်ချက်တွေ’ သင်ပေးပြီး မြို့နေလူထုကို ဖျက်လိုဖျက်ဆီးလုပ်နေတယ်လို့ သတင်းထွက်နေတယ်။ ဒါပေမဲ့ ပဲန်ယာမိသားစုဆီ သူတို့ရောက်သွားတော့ အိမ်ထဲဝင်ဖို့ ဖိတ်ခေါ်ကြတယ်။ ပဲန်ယာမိသားစုက မိသားစုကြီးတစ်ခုပဲ။ ရှေ့ဆောင်တွေ ကြင်ကြင်နာနာ၊ ဖော်ဖော်ရွေရွေဆက်ဆံတာကို သဘောကျသွားလို့ သူတို့ပြောတာကို အာရုံစိုက်နားထောင်ကြတယ်။ အဲဒီလည်ပတ်မှုပြီးတဲ့နောက် ပဲန်ယာမိသားစုနဲ့ ကျွန်တော့်အစ်မသုံးယောက် ကျမ်းစာစလေ့လာတယ်။

“တစ်နေ့မှာ ပဲန်ယာမိသားစုဆီ ရှေ့ဆောင်တွေလာလည်ပတ်တဲ့အခါ အမေ့ကိုလည်း ဖိတ်ခေါ်တယ်။ မြေကြီးပေါ်ထာဝစဉ်အသက်ရှင်မယ့် မျှော်လင့်ချက်အကြောင်း ဖော်ပြတဲ့ကျမ်းချက်တွေကိုဖတ်ပြီး ဆွေးနွေးတဲ့အခါ အမေက ‘ဒါဆိုရင် ကျွန်မတို့ကောင်းကင်သွားမယ်လို့ ချာ့ခ်ျမှာ ဘာကြောင့်သွန်သင်တာလဲ’ ဆိုပြီး မေးလိုက်တယ်။ ညီအစ်ကိုက အမေ့ကို ကျမ်းစာနဲ့အဖြေပေးပြီး မြေကြီးဆိုင်ရာထမြောက်ခြင်းအကြောင်း ကျမ်းစာသွန်သင်ရာကို ရှင်းပြတယ်။ အမေလည်း ကောင်းကောင်းလက်ခံပြီး သူသိထားတာကို တခြားသူတွေကို ပြောပြတော့တယ်။

“အသင်းသားတွေ ယေဟောဝါသက်သေတွေနဲ့ ကျမ်းစာလေ့လာနေမှန်း မစ်နိုနိုက်ချာ့ခ်ျကဓမ္မဆရာတွေ သိသွားတော့ ဆက်မလေ့လာဖို့ တားကြတယ်။ ဒေါသတကြီးနဲ့ ခြိမ်းခြောက်တဲ့ပုံစံမျိုး လုပ်ကြတယ်။ ဒါကြောင့် ပဲန်ယာမိသားစုမှာ အမေဖြစ်တဲ့မာဆီမီနာက ‘ဒီမှာ၊ ကျွန်မကလေးမဟုတ်ဘူး။ ကိုယ့်ဘာသာကိုယ် ဆုံးဖြတ်နိုင်တယ်’ လို့ပြောလိုက်တယ်။

“နောက်ဆုံးတော့ မစ်နိုနိုက်အသင်းသား ၂၂ ယောက် ချာ့ခ်ျကနေ နုတ်ထွက်လိုက်ပြီး ငှားထားတဲ့အိမ်မှာကျင်းပတဲ့ စည်းဝေးတွေစတက်ကြတယ်။ ၁၉၆၅ ခုနှစ်မှာ အမေနှစ်ခြင်းခံပြီး ကျွန်တော်ကတော့ နောက်လေးနှစ်အကြာ၊ ၁၉၆၉ ခုနှစ်၊ အသက် ၁၃ နှစ်အရွယ်မှာ နှစ်ခြင်းခံခဲ့တယ်။”

ကာမန်နဲ့အစ်မတွေ။ အားလုံး ယေဟောဝါကို သစ္စာရှိရှိဝတ်ပြုနေကြ