ကမ္ဘာတစ်ခွင် ဟောပြောခြင်းနဲ့သွန်သင်ခြင်းလုပ်ငန်း
အမေရိက
-
နိုင်ငံပေါင်း ၅၇
-
လူဦးရေ ၉၈၀,၇၈၀,၀၉၅
-
ကြေညာသူ ၄,၀၃၄,၆၉၃
-
ကျမ်းစာသင်အံမှု ၄,၃၃၉,၂၈၅
မိဘမဲ့ကလေးတွေ စည်းဝေးတက်နေပြီ
စူရီနမ်နိုင်ငံမှာနေထိုင်တဲ့ အန်ဂျလာဟာ အိမ်နားက မိဘမဲ့ကျောင်းကို သွားလည်ပတ်တယ်။ ကျောင်းအုပ်က မလှုပ်ရှားတဲ့ညီအစ်မဖြစ်နေတော့ ကလေးတွေကိုဟောဖို့ ချက်ချင်းခွင့်ပြုလိုက်တယ်။ အန်ဂျလာက ကလေး ၈၅ ယောက်နဲ့စကားပြောပြီး jw.org ဝက်ဘ်ဆိုက်ထဲက ဗီဒီယိုတွေပြတယ်။ ကလေးအတော်များများကို ကျမ်းစာသင်ပေးတယ်။ နောက်ပိုင်းမှာ ရှေ့ဆောင်ညီအစ်မနှစ်ယောက်က လာကူညီပေးတယ်။
ကလေးတွေကို အုပ်စုခွဲလိုက်ပြီး အုပ်စုတစ်စုကို တစ်ယောက်က တာ၀န်ယူတယ်။ ကလေးတွေကို နိုင်ငံတော်သီချင်း သင်ပေးပြီး ညတိုင်း ကျမ်းစာပုံပြင်တွေ ဖတ်ပြတယ်လို့ မလှုပ်ရှားတဲ့ညီအစ်မက ပြောပြတယ်။ သူက စည်းဝေးတွေတက်ချင်ပေမဲ့ ကလေး ၈၅ ယောက်ကို ကျောင်းမှာထားပြီး ထွက်လာလို့မရဘူး။ ဒါနဲ့ နိုင်ငံတော်ခန်းမကို သူတို့အားလုံးလာနိုင်အောင် စီစဉ်ပေးကြတယ်။ ကျောင်းက ခန်းမနဲ့သိပ်မဝေးတော့ ညီအစ်ကိုတွေက ကလေးတွေကို ဘေးကနေစောင့်ကြပ်ပြီး ခန်းမကိုခေါ်လာပေးတယ်။ အခုဆိုရင် အဲဒီညီအစ်မနဲ့ ကလေး ၈၅ ယောက်စလုံး စည်းဝေးတွေ ပုံမှန်တက်နေပြီ။အဖိုးကိုကူညီပေးတဲ့ ဂါဗရီယယ်
ပါရာဂွေးနိုင်ငံမှာနေထိုင်တဲ့ အသက် ၆ နှစ်အရွယ် ဂါဗရီယယ်ဟာ စည်းဝေးကြီးတစ်ခုကနေအပြန်မှာ နိုင်ငံတော်သတင်းဟောဖို့ ဘယ်လောက်အရေးကြီးတယ်ဆိုတာ တွေးတောနေတယ်။ အထူးသဖြင့် သူက သူ့အဖိုးနဲ့အတူ ပရဒိသုမှာနေချင်တယ်။ ဒါပေမဲ့ အဖိုးက အမှန်တရားကို စိတ်မ၀င်စားတဲ့အပြင် သက်သေခံဖြစ်တဲ့ ဇနီးနဲ့သားသမီးတွေကိုလည်း အတိုက်အခံလုပ်တယ်။
အဲဒီနေ့မှာပဲ ဂါဗရီယယ်က အာဂျင်တီးနားနိုင်ငံမှာနေတဲ့ အဖိုးအဖွားကို အင်တာနက်ဗီဒီယိုနဲ့စကားပြောချင်တယ်လို့ မိဘတွေကို ပြောတယ်။ ဒီနောက် ကျမ်းစာလေ့လာဖို့ ဘာကြောင့်အရေးကြီးတယ်ဆိုတာ အဖိုးကိုရှင်းပြပြီး “အဖိုး၊ ကျွန်တော်နဲ့ကျမ်းစာလေ့လာချင်သလား” လို့တဲ့တိုးမေးလိုက်တယ်။ အဖိုးက လက်ခံတဲ့အခါ ဘုရားသခင့်စကားနားထောင်ကာ ထာဝစဉ်အသက်ရှင်ပါ ဘရိုရှာနဲ့လေ့လာရအောင်လို့ ပြောလိုက်တယ်။ အဲဒီဘရိုရှာကို လအတော်ကြာ လေ့လာကြတယ်။ သူတို့နှစ်ယောက်စလုံးက စာကောင်းကောင်းမဖတ်နိုင်တော့ ကြိုတင်ပြင်ဆင်ရတယ်။ လေ့လာမှုလုပ်တဲ့အခါတိုင်း ဂါဗရီယယ်က ကောင်းကောင်းပြင်ဆင်ပြီး ရှပ်အင်္ကျီနဲ့လည်စီးကို ကျကျနန၀တ်လေ့ရှိတယ်။
နောက်ပိုင်း အဖိုးနဲ့အဖွားက ဂါဗရီယယ်တို့မိသားစုဆီ အပတ်အနည်းငယ်
လာလည်ကြတယ်။ လည်ပတ်ချိန်အတွင်း အဖိုးက မိသားစုနဲ့အတူ စည်းဝေးတွေတက်တယ်။ အာဂျင်တီးနားကို ပြန်သွားတဲ့အခါ ညီအစ်ကိုတစ်ယောက်နဲ့ ကျမ်းစာဆက်လေ့လာပြီး နှစ်ခြင်းမခံရသေးတဲ့ကြေညာသူ ဖြစ်လာတယ်။ အခုဆိုရင် ဂါဗရီယယ်ရဲ့အဖိုးနဲ့အဖွားက နေ့တိုင်းအတူတူဆုတောင်းကြတယ်။ ဂါဗရီယယ်လေးလည်း ကောင်းကောင်းတိုးတက်လာပြီး နှစ်ခြင်းမခံရသေးတဲ့ကြေညာသူ ဖြစ်နေပြီ။ အဖိုးကတော့ ယေဟောဝါဆီ ဆက်ကပ်အပ်နှံ နှစ်ခြင်းခံချင်ပြီလို့ ပြောနေတယ်။“ဒါက တိုက်ဆိုင်မှုမဟုတ်ဘူး”
ဘရာဇီးနိုင်ငံမှာ ညီအစ်မဂျနီဖာက သေလွန်သူတွေ အသက်ပြန်ရှင်လာနိုင်မလားဝေစာကို ဝေငှနေရင်း အိမ်တစ်အိမ်ကို တံခါးခေါက်လိုက်တော့ သူငယ်ချင်းဖြစ်သူရဲ့ဈာပနအခမ်းအနား တက်ရောက်ဖို့ ကမန်းကတန်းပြင်ဆင်နေတဲ့အမျိုးသမီးနဲ့ တွေ့တယ်။ ဒါနဲ့ ဂျနီဖာက ‘တိုက်ဆိုင်လိုက်တာ၊ ကျွန်မပေးချင်တဲ့ဝေစာမှာလည်း သေဆုံးသွားတဲ့ချစ်ရသူတွေနဲ့ပြန်တွေ့ရမယ်ဆိုတဲ့ မျှော်လင့်
ချက်အကြောင်း ဆွေးနွေးထားတယ်’ လို့ပြောပြတယ်။ အဲဒီအမျိုးသမီးက ဝေစာခေါင်းစဉ်ကိုတွေ့တော့ ရုတ်တရက်အံ့ဩသွားပြီး ဝေစာကိုယူထားလိုက်တယ်။ ဂျနီဖာက ကျန်ရစ်သူမိသားစုအတွက် ဝေစာအပိုတွေ ယူသွားပေးချင်လားလို့မေးလိုက်တော့ ယူသွားရင်ကောင်းမှာပဲဆိုပြီး ဝေစာကိုးစောင် ထပ်ယူလိုက်တယ်။နောက်ပိုင်းမှာ သူ့ဆီ ပြန်လည်ပတ်တဲ့အခါ ဂျနီဖာကို အခုလိုပြောတယ်– “ကျွန်မတို့ စတွေ့တဲ့နေ့အကြောင်း စဉ်စားကြည့်လိုက်တော့ ဒါက တိုက်ဆိုင်မှုမဟုတ်ဘူးဆိုတာ သဘောပေါက်လာတယ်။ ကျွန်မ အရမ်း၀မ်းနည်းနေတဲ့အချိန်မှာ ဘုရားသခင်က နှစ်သိမ့်မှုပေးတဲ့သတင်းနဲ့အတူ ရှင့်ကို စေလွှတ်လိုက်တာ။” သူက ဝေစာအားလုံးကို ဝေငှခဲ့တယ်။ ဈာပနအခမ်းအနားမှာတရားဟောတဲ့ မိသားစုဝင်တစ်ဦးက ဝေစာကို အစအဆုံး အသံကျယ်ကျယ် ဖတ်ပြခဲ့တယ်။ ဒါ့အပြင် နှစ်သိမ့်မှုပေးတဲ့သတင်းအတွက် ကျေးဇူးတင်လေးမြတ်ကြောင်း အားလုံးက သူ့ကို လာပြောကြတယ်။ သူလည်း ကျမ်းစာသင်အံမှု လက်ခံခဲ့တယ်။
တက်ပ်–တက်ပ် ကားပေါ်မှာ သက်သေခံခြင်း
ဟေတီနိုင်ငံမှာ ဗေသလအိမ်သားသုံးယောက်က တက်ပ်-တက်ပ်လို့ခေါ်တဲ့ ဆေးရောင်စုံခြယ်လိုင်းကားနဲ့ ခရီးသွားခဲ့ကြတယ်။ နှစ်နာရီခွဲကြာတဲ့ခရီးစဉ်အတွင်း ခရီးသည်တွေကို နိုင်ငံတော်သတင်းကောင်းဟောပြောပြီး မဂ္ဂဇင်း ၅၀ နဲ့ ဝေစာ ၃၀ ဝေငှခဲ့ကြတယ်။ ဗေသလအိမ်သားဖြစ်သူ ညီအစ်ကိုဂါးဗစ်ခ်ျက ခရီးသည်တစ်ယောက်ကို နိုးလော့! ထဲကအချက်တစ်ချက် ဖတ်ပြတဲ့အခါ လူငယ်လေးပေပေလည်း နားထောင်နေပြီး သွက်သွက်လက်လက် ပါ၀င်ဆွေးနွေးတယ်။ ပြီးတော့ ကျမ်းစာသင်ပေးဖို့ တောင်းဆိုခဲ့တယ်။ ဖြစ်ချင်တော့ သူနေတဲ့နေရာက ညီအစ်ကိုဂါးဗစ်ခ်ျ ပူးပေါင်းတဲ့ အသင်းတော်ပိုင်ရပ်ကွက် ဖြစ်နေတယ်။ သူက သက်သေခံတွေနဲ့ စတွေ့တဲ့ ၂၀၁၄၊ ဇန်နဝါရီလကစပြီး ပတ်စဉ်စည်းဝေးနဲ့ စည်းဝေးကြီးအားလုံးနီးပါးကို တက်ရောက်နေပြီ။ အသစ်တွေ့ထားတဲ့ ယုံကြည်ချက်အကြောင်း တခြားသူတွေကို ပြောပြပြီး မကြာခင်မှာ နှစ်ခြင်းမခံရသေးတဲ့ကြေညာသူဖြစ်ဖို့ မျှော်လင့်နေတယ်။