ကမ္ဘာတစ်ခွင် ဟောပြောခြင်းနဲ့သွန်သင်ခြင်း
အာဖရိက
-
နိုင်ငံပေါင်း ၅၈
-
လူဦးရေ ၉၉၄,၈၃၉,၂၄၂
-
ကြေညာသူ ၁,၄၂၁,၃၇၅
-
ကျမ်းစာသင်အံမှု ၃,၅၁၆,၅၂၄
ဆရာ့နောက်ကိုလိုက်လာကြ
အင်ဂိုလာနိုင်ငံ၊ လိုအန်ဒါမြို့စွန်မှာနေထိုင်တဲ့ ရှေ့ဆောင်လူငယ် ညီအစ်ကိုဇူဇီဟာ နိုင်ငံတော်ခန်းမနားက ကျောင်းတစ်ကျောင်းမှာ စာသင်တယ်။ အသင်အပြကောင်းတဲ့အပြင် ခရစ်ယာန်အရည်အသွေးတွေတင်ပြတာကြောင့် တပည့် ၈၆ ယောက်က သူ့ကို ချစ်ခင်လေးစားကြတယ်။ သူက ကြားရက်စည်းဝေးရှိတဲ့နေ့မှာ ကျောင်းကနေ စောစောပြန်နိုင်ဖို့ ခွင့်ပြုချက်ရထားတယ်။ စည်းဝေးက ညနေ
၄ နာရီမှာ ကျင်းပတာကြောင့် ကျောင်းကနေ နိုင်ငံတော်ခန်းမကို တန်းသွားတယ်။ကျောင်းသားတချို့က ဆရာဇူဇီ ကျောင်းကနေ ဘာလို့စောစောပြန်တာလဲ၊ ဘယ်ကိုသွားတာလဲဆိုတာ သိချင်ကြတယ်။ တစ်နေ့တော့ ကျောင်းသားနှစ်ယောက်က သူ့နောက်ကိုလိုက်ရင်း စည်းဝေးတက်ဖြစ်သွားတယ်။ နောက်ပိုင်း တခြားကျောင်းသားသုံးယောက် စည်းဝေးလာတက်တဲ့နေ့မှာ ညီအစ်ကိုဇူဇီက လုပ်ငန်းတော်စည်းဝေးမှာ တာ၀န်ကျတယ်။ အဲဒီသတင်းက စာသင်ခန်းထဲမှာ ချက်ချင်းပျံ့သွားပါလေရော။ နောက်အပတ်တွေမှာ စည်းဝေးတက်တဲ့ကျောင်းသားအရေအတွက် ၅ ယောက်ကနေ ၂၁ ယောက်အထိ တိုးလာတယ်။ ကြေညာသူတွေက ကျောင်းသားတွေကို ကျမ်းစာသင်အံမှုကမ်းလှမ်းတော့ အများစုက လက်ခံတယ်။ ကျောင်းသားတွေက စာပေတချို့ကို ကျောင်းယူသွားတဲ့အခါ တခြားသူတွေလည်း စိတ်ဝင်စားလာပြီး စည်းဝေးတက်ကြတော့တယ်။ စာသင်နှစ်ကုန်ပိုင်းရောက်တဲ့အခါ ကျောင်းသား ၈၆ ယောက်ထဲက ၅၄ ယောက်ဟာ စည်းဝေးတက်နေကြပြီ။ ကျောင်းသား ၂၃ ယောက်က ကောင်းကောင်းတိုးတက်နေပြီး စည်းဝေးတွေပုံမှန်တက်နေတယ်လို့ ညီအစ်ကိုဇူဇီ ပြောပြတယ်။
ရပ်ကွက်မလုံလောက်တာ ဟုတ်ရဲ့လား
အထူးရှေ့ဆောင်မောင်နှံ ဂျိုးဇက်နဲ့အီဘေဇီတို့ဟာ နိုင်ဂျီးရီးယားနိုင်ငံမှာ တာ၀န်အသစ်ခန့်အပ်ခံရတယ်။ စိတ်ဓာတ်ကျနေတဲ့ကြေညာသူတချို့က “ကျွန်တော်တို့မှာ ရပ်ကွက်အလုံအလောက်မရှိဘူး၊ ရပ်ကွက်တွေက ထပ်နေပြီ” လို့ပြောကြတယ်။ တစ်နှစ်ကြာပြီးနောက် ညီအစ်ကိုဂျိုးဇက်က ဌာနခွဲကို အခုလိုစာရေးတယ်– “အသင်းတော်ရပ်ကွက်ကို နေ့တိုင်းသွားရတဲ့အခါ လျစ်လျူရှုမှုနဲ့ တစ်ဖက်သတ်အစွဲတွေ ကြုံရပေမဲ့ ကျွန်တော်တို့ အောင်မြင်ခဲ့တယ်။ အမှုဆောင်သွားတဲ့အခါ အသေးစားဒီဗီဒီစက်တစ်လုံး သယ်သွားပြီး လူကြီးလူငယ်နဲ့ ကလေးတွေကို ဗီဒီယိုပြတယ်။ အကျိုးကျေးဇူးကတော့ * ပြပေးပါဆိုပြီး အမြဲပြောကြတယ်။”
ကျွန်တော်တို့ဇနီးမောင်နှံဟာ လစဉ် သင်အံမှု ၁၈ ခု ကျင်းပနေကြတယ်။ တစ်ခါတလေ သင်အံမှုအားလုံးဆီကိုတောင် မလည်ပတ်နိုင်ဘူး။ ကလေးတွေကလည်း ‘ခေးလက်ဘ် ဗီဒီယို’ကျွန်းတစ်ကျွန်းမှ အကူအညီတောင်းသံ
၂၀၁၄၊ ဧပြီလမှာ ကွန်ဂို (ကင်ရှာဆာ) နိုင်ငံ ဌာနခွဲရုံးဟာ ကီဗူရေကန်ကြီး
ထဲက အီဘင်ဂျာကျွန်းမှာနေထိုင်တဲ့ တံငါသည်တွေဆီကနေ အားရှိစရာစာတစ်စောင် လက်ခံရရှိခဲ့တယ်။ တံငါသည်တွေဟာ အနီးနားမြို့တွေဆီကို အလုပ်ကိစ္စနဲ့သွားတတ်ကြတယ်။ တစ်ကြိမ်မှာ ဘူကာဗူမြို့ကိုသွားရင်း ယေဟောဝါသက်သေတွေနဲ့တွေ့တယ်။ သက်သေခံတွေက သူတို့ကို သတင်းကောင်းပြောပြပြီး ကျမ်းစာတစ်အုပ်နဲ့စာပေတချို့ ပေးလိုက်တယ်။တံငါသည်တွေဟာ သူတို့ဖတ်ရှုခဲ့ရာကို သိပ်တန်ဖိုးထားပြီး ကျွန်းသူကျွန်းသားတွေကိုလည်း ပြောပြတယ်။ စိတ်ဝင်စားသူများလာတဲ့အတွက် တံငါသည်တစ်ယောက်က သက်သေခံတွေကိုရှာပြီး အီဘင်ဂျာကျွန်းဆီခေါ်လာဖို့ ဘူကာဗူမြို့ကို ပြန်သွားတယ်။ ဒါပေမဲ့ သက်သေခံတွေကို ရှာမတွေ့ခဲ့လို့ ဌာနခွဲရုံးကို သူ အခုလိုစာရေးခဲ့တယ်– “ကျေးဇူးပြုပြီး ကျွန်တော်တို့ကိုကူညီပေးဖို့ သက်သေခံတွေပို့ပေးပါ။ သက်သေခံတွေ ကျမ်းစာအကြောင်းနားလည်သလို ကျွန်တော်တို့လည်း နားလည်ချင်တယ်။ ထာဝရအသက်ရဖို့ ဘာလုပ်ရမလဲဆိုတာ သင်ယူချင်တယ်။ သူတို့လာရင် တည်းခိုဖို့ အဆင်သင့်ပါပဲ။ ချာ့ခ်ျဆောက်ဖို့ ကျွန်တော့်ခြံကိုလည်း လှူမယ်။ ခင်ဗျားတို့ရဲ့စာပေတွေထဲက ကျမ်းချက်တွေကို ဖတ်ကြည့်လိုက်တော့ ဘုန်းကြီးတွေ၊ ဓမ္မဆရာတွေရဲ့သွန်သင်ချက်ဟာ အလိမ်အညာပဲဆိုတာ သိလာတယ်။ အခုတော့ စစ်မှန်တဲ့ဘာသာကိုတွေ့ပြီဆိုတာ ကျွန်တော်တို့ယုံကြည်တယ်။ ဒီကျွန်းမှာ ကျမ်းစာလေ့လာချင်သူတွေ၊ ယေဟောဝါသက်သေဖြစ်ချင်သူတွေ အများကြီးပဲ။”
အဲဒီကျွန်းမှာ စိတ်၀င်စားသူ အယောက် ၄၀ လောက်ရှိတယ်လို့ စာထဲမှာဖော်ပြထားတယ်။ ကျွန်းပေါ်မှာ လူဦးရေ ၁၈,၀၀၀ ကျော်ရှိပေမဲ့ သက်သေခံတစ်ယောက်မှ မရှိဘူး။ ဒါကြောင့် ဌာနခွဲရုံးက ဒေသခံဘာသာစကားပြောတတ်တဲ့ အထူးရှေ့ဆောင်နှစ်ယောက်ကို ချက်ချင်းစေလွှတ်ခဲ့တယ်။
အခုတော့ ဓမ္မဆရာလက်ခံပြီ
တောင်အာဖရိကနိုင်ငံက အထင်ကရပရိုတက်စတင့် ဓမ္မဆရာတစ်ယောက်ဟာ “အခုကစပြီး အောက်မေ့ရာပွဲကို မပျက်မကွက်တက်တော့မယ်” လို့ပြောခဲ့တယ်။ ၂၀၁၄၊ ဧပြီလမှာကျင်းပတဲ့ အောက်မေ့ရာပွဲကိုတက်ရောက်
ဖို့ သူ့ကို ဘာကလှုံ့ဆော်ပေးခဲ့တာလဲ။ အဖြစ်အပျက်ကတော့ အမှုဆောင်မှာ လူမျိုးမတူတဲ့ညီအစ်ကိုနှစ်ယောက် သူ့အိမ်ကိုရောက်သွားတာကနေ စခဲ့တာပေါ့။ သက်သေခံတွေကို သူ စကားပြောချင်မှာမဟုတ်ဘူးဆိုတာ ညီအစ်ကိုတွေသိထားတယ်။ ဘာဆက်ဖြစ်တယ်ဆိုတာ ညီအစ်ကိုအားဒန် အခုလိုပြောပြတယ်– “သူက တံခါးလာဖွင့်ပေးပြီး အိမ်ထဲဖိတ်ခေါ်တော့ ကျွန်တော်တို့ အံ့သြသွားတာပဲ။ သူနဲ့ အကြာကြီးဆွေးနွေးဖြစ်တယ်။ လူမည်းရပ်ကွက်မှာ လူဖြူတစ်ယောက် ဟောနေတာ၊ သူ့ကိုလည်း ဒေသခံဘာသာစကားနဲ့ပြောနေတာ တွေ့ရလို့ အံ့ဩနေတယ်။ အဲဒီအချိန်ကစပြီး ကျမ်းစာကို ပုံမှန်လေ့လာတော့တယ်။”ညီအစ်ကိုအားဒန် အခုလိုဆက်ပြောတယ်– “သူက သာသနာပြုနဲ့ဓမ္မဆရာအဖြစ် အနှစ် ၄၀ ကျော်လုပ်ခဲ့ပေမဲ့ အသက် ၈၀ ရောက်မှပဲ သိချင်တဲ့မေးခွန်းအားလုံးရဲ့ အဖြေကို ရှာတွေ့ခဲ့တယ်။ သူတို့ရဲ့ယုံကြည်ခြင်းကိုတုပပါ စာအုပ်ကို သူသိပ်ကြိုက်တာ။ ကျမ်းစာလေ့လာတဲ့အချိန်မှာ တချို့အချက်တွေကို မှတ်ထားပြီး ချာ့ခ်ျမှာ ပြန်ဟောတယ်။ အသင်းသားတွေကိုလည်း သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာကဘာလဲ စာအုပ်ကိုပြပြီး ‘ယေဟောဝါသက်သေတွေ မင်းတို့အိမ်ကိုလာပြီး ဒီစာအုပ်ဝေငှရင် လက်ခံပါ။ သူတို့ပြောတာတွေကို နားထောင်ပါ။ ဒီစာအုပ်ထဲမှာ အမှန်တရားရတနာတွေ အပြည့်ရှိတယ်’ လို့ပြောတယ်။”
ချာ့ခ်ျခေါင်းဆောင်တွေက ချာ့ခ်ျမှာ သက်သေခံတွေအကြောင်း မဟောဖို့ ပြင်းပြင်းထန်ထန်သတိပေးတယ်လို့ ညီအစ်ကိုအားဒန်ကို သူပြောပြတယ်။ သူဘာလုပ်ရမှန်းမသိတော့ဘူး။ ဒါနဲ့ ညီအစ်ကိုအားဒန်က ၂၀၁၃ ယေဟောဝါသက်သေတွေရဲ့နှစ်ချုပ်စာအုပ် မှာပါတဲ့ မြန်မာနိုင်ငံက ဓမ္မဆရာတစ်ယောက်အကြောင်း သတိရသွားတယ်။ ညီအစ်ကိုအားဒန်က အဲဒီတွေ့ကြုံမှုကိုဖတ်ပြတော့ သူက “ကျွန်တော်နဲ့တိုက်ဆိုင်လိုက်တာ။ အခု ကျွန်တော် ပြတ်ပြတ်သားသား ဆုံးဖြတ်ရတော့မယ်” လို့ပြောခဲ့တယ်။
၂၀၁၄၊ ဧပြီ ၁၄ ရက်မှာကျင်းပတဲ့ အောက်မေ့ရာပွဲကို ဦးဆုံးအကြိမ်တက်ရောက်ပြီးနောက် အထက်မှာဖော်ပြခဲ့တဲ့အတိုင်း ‘အခုကစပြီး မပျက်မကွက်တက်တော့မယ်’ လို့ပြောခဲ့တယ်။ အယူမှားဘာသာရေးနဲ့ဆက်နွှယ်သမျှကို ဖြတ်တောက်ပစ်ဖို့ ဆုံးဖြတ်လိုက်ပြီလို့လည်း သူပြောတယ်။
ကိုကိုးစိုက်ခင်းတွေထဲမှာ ရှာဖွေခြင်း
အထူးရှေ့ဆောင်ညီအစ်ကိုတွေဖြစ်တဲ့ ဘာဖာနဲ့အာရွန်တို့ဟာ ဂါနာနိုင်ငံအနောက်ပိုင်း၊ ကိုကိုးစိုက်ပျိုးတဲ့ဒေသ ဘိုကာဗိုမှာ အမှုဆောင်နေကြတယ်။ အဲဒီဒေသမှာ အိမ်လေးတွေက ဟိုတစ်စုဒီတစ်စု ကျိုးတိုးကျဲတဲရှိနေပြီး စိုက်ခင်းတွေကြားမှာရှိတဲ့ မြွေလိမ်မြွေကောက်လမ်းကျဉ်းတွေကနေ သွားရတယ်။ ဒါကြောင့် လမ်းမှားဖို့အရမ်းလွယ်တယ်။ တစ်ရက်မှာတော့၊ ဘာဖာနဲ့အာရွန်တို့ဟာ သွားနေကျလမ်းကမဟုတ်ဘဲ နောက်တစ်လမ်းကိုသွားပြီး တစ်ခါမှမရောက်ဖူးသေးတဲ့အိမ်လေးတွေဆီ လည်ပတ်ခဲ့တယ်။ အဲဒီမှာ မိုက်ကယ်နဲ့ပေးရှန့်ဆိုတဲ့ဇနီးမောင်နှံက သတင်းကောင်းကိုစိတ်၀င်စားပြီး ကျမ်းစာလေ့လာဖို့ လိုလိုလားလားလက်ခံတယ်။ နောက်ပိုင်းမှာ မိုက်ကယ် အခုလိုပြောပြတယ်– “ချာ့ခ်ျမှာ ကျမ်းစာသွန်သင်ချက်နဲ့ မကိုက်ညီတာတွေ တွေ့ရလို့ ချာ့ခ်ျမတက်တာ နှစ်နှစ်ရှိသွားပြီ။ အဲဒီအချိန်ကစပြီး ကျွန်တော်နဲ့ပေးရှန့်က ကျမ်းစာကို ကိုယ့်ဘာသာကိုယ်လေ့လာပြီး သိချင်တဲ့မေးခွန်းတွေရဲ့အဖြေကို ရှာကြတယ်။ အမှန်တရားကို တွေ့အောင်ကူညီပေးပါလို့ ဆုတောင်းခဲ့ကြတယ်။” သူတို့က စိုက်ခင်းတွေကိုဖြတ်ပြီး အဝေးကြီးလမ်းလျှောက်လာရပေမဲ့ စည်းဝေးတွေကို ချက်ချင်းစတက်ကြတယ်။ မနှစ်တုန်းက သူတို့ဇနီးမောင်နှံ နှစ်ခြင်းခံပြီး မှန်မှန်ရှေ့ဆောင်စလုပ်တယ်။ အခု သူတို့လည်း ကိုကိုးစိုက်ခင်းတွေအနှံ့ လျှောက်သွားပြီး “အမှန်တရားကို တွေ့အောင်ကူညီပေးပါလို့ ဆုတောင်း” သူတွေကို ရှာဖွေနေကြတယ်။
[အောက်ခြေမှတ်ချက်]
^ စာပိုဒ်၊ 2 မြန်မာလို ‘အောင်အောင် ဗီဒီယို။’