မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

၂၀၁၅ နှစ်ချုပ်ကျမ်းချက်

‘ယေဟောဝါက ကောင်းမြတ်တဲ့အတွက် ကိုယ်တော့်ကို ကျေးဇူးတင်ချီးမွမ်းကြပါ။’ ဆာလံ ၁၀၆:၁ကဘ

၂၀၁၅ နှစ်ချုပ်ကျမ်းချက်

အစ္စရေးတွေဟာ ပင်လယ်နီမှာ ဖာရောနဲ့သူ့စစ်တပ်တွေရဲ့လက်ကနေ ကယ်တင်ခံရပြီးနောက် ယေဟောဝါကို ကျေးဇူးတင်ချီးမွမ်းခဲ့ကြတယ်။ ကျွန်တော်တို့လည်း ယေဟောဝါကို ရွှင်လန်းစွာ ကျေးဇူးတင်ချီးမွမ်းနိုင်ပါတယ်။ ခက်ခဲတဲ့အခြေအနေတွေရင်ဆိုင်ရချိန်မှာ အလွယ်တကူ စိတ်ပျက် အားလျော့လာနိုင်တယ်ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ အဲဒီလိုအချိန်တွေမှာ ကျွန်တော်တို့ရရှိထားတဲ့ကောင်းချီးတွေကို တွေးတောဆင်ခြင်ခြင်းအားဖြင့် နှစ်သိမ့်မှုနဲ့ခွန်အားရရှိနိုင်တယ်။

ကျွန်တော်တို့တန်ဖိုးအထားဆုံး ကောင်းချီးတစ်ခုကတော့ နာကျင်ကြေကွဲစရာတွေ၊ အခက်အခဲတွေအားလုံးကနေ လွတ်မြောက်မယ်ဆိုတဲ့ သေချာတဲ့မျှော်လင့်ချက်ပါပဲ။ ဘယ်လိုအခက်အခဲဒုက္ခတွေပဲ ကြုံတွေ့ရပါစေ ကျွန်တော်တို့ကို ယေဟောဝါ ဘယ်တော့မှ စွန့်ပစ်မှာမဟုတ်ဘူးဆိုတာ သိထားကြတယ်။ မေတ္တာပြည့်ဝတဲ့သိုးထိန်း ဘုရားသခင်က သူ့ကို သစ္စာရှိရှိဝတ်ပြုနိုင်ဖို့ လိုအပ်တဲ့အရာမှန်သမျှကို ထောက်ပံ့ပေးထားတယ်။ ကိုယ်တော်ဟာ ကျွန်တော်တို့ရဲ့ ‘ခိုလှုံရာ၊ အစွမ်းခွန်အား’ ဖြစ်ပြီး ‘ဒုက္ခရောက်ချိန်မှာ ကူညီပေးဖို့အသင့်ရှိတယ်။’ (ဆာ. ၄၆:၁ကဘ) အဲဒီလိုကောင်းချီးတွေကို ဆက်အာရုံစိုက်နေတာက အဆိုးရွားဆုံးအခြေအနေတွေ ကြုံရတဲ့အခါမှာတောင် ရင်ဆိုင် ဖြေရှင်းနိုင်ဖို့ ကူညီပေးပါလိမ့်မယ်။ ဒီနှစ်တစ်လျှောက်လုံး ကျွန်တော်တို့ရရှိထားတဲ့ကောင်းချီးတွေကို ရွှင်လန်းစွာ တွေးတောဆင်ခြင်ကြရအောင်။ ‘ယေဟောဝါက ကောင်းမြတ်တဲ့အတွက်၊ ကိုယ်တော်ရဲ့ ခိုင်မြဲတဲ့မေတ္တာက ထာဝစဉ်တည်မြဲတဲ့အတွက် ကိုယ်တော့်ကို ကျေးဇူးတင်ချီးမွမ်း’ ကြရအောင်။ —ဆာ. ၁၀၆:၁ကဘ။