မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဂျော်ဂျီယာ

လူလုပ်အတားအဆီးတွေကို မေတ္တာ ကျော်ဖြတ်

လူလုပ်အတားအဆီးတွေကို မေတ္တာ ကျော်ဖြတ်

ဆာနဲ မမွေးဖွား​ခင်​ကတည်းက ဆရာဝန်​တွေ​က ဒီ​ကလေး မွေး​လာ​ရင်တောင် ကျန်းမာ​မှာ မဟုတ်ဘူးလို့ မိဘတွေ​ကို ပြောထားတယ်။ မွေး​မွေးချင်း​နေ့​မှာပဲ ဆာနဲ​ကို ခွဲစိတ်ကုသ​ဖို့ လိုအပ်​ခဲ့တယ်။ ဂျော်ဂျီယာ​ရဲ့ အပိုင်​မဟုတ်ဘူးလို့ ကြေညာ​ထားတဲ့ အဘခါဇီယာ​ပြည်နယ်​မှာ နေထိုင်တဲ့ မိဘတွေက သွေး​မပါဘဲ ခွဲစိတ်​ကုသ​ပေးမယ့် ဆရာဝန်​ကို ရှာ​မ​တွေ့​နိုင်ခဲ့​ကြဘူး။

ဒါနဲ့ ဒေသခံ ဆေးရုံ​ဆက်သွယ်ရေး ကော်မတီ (ဆ​ဆ​က) ကို ဆက်သွယ်​ခဲ့တယ်။ * ဆ​ဆ​က ညီအစ်ကိုတွေ​က ဂျော်ဂျီယာ​ရဲ့ မြို့တော် တ​ဘီလီ​ဆီမှာ ပူးပေါင်း​လုပ်ဆောင်​တဲ့ ဆရာဝန်​ကို ချက်ချင်း ရှာတွေ့နိုင်​ခဲ့လို့ စိတ်သက်သာရာ​ရခဲ့​ကြ​တယ်။ ဒါပေမဲ့ ဆာနဲ​ရဲ့ မိခင်​က မီးဖွား​ပြီးနောက် လုံးလုံး ပြန်​မကျန်းမာ​သေး​တဲ့အတွက် ခရီး​မသွား​နိုင်​သေး​ဘူး။ ဒါကြောင့် ဆာနဲ​ရဲ့ သက်သေခံ အဖွား​တွေ ဆာနဲ​ကို တ​ဘီလီ​ဆီ​မြို့မှာ​ရှိတဲ့ ဆေးရုံ​ကို ခေါ်သွား​ဖို့ ဆုံးဖြတ်​ခဲ့ကြတယ်။

အနုစိတ်​နိုင်​လှတဲ့ ခွဲစိတ်မှု အောင်မြင်​ခဲ့တယ်။ မကြာခင်​မှာ အဖွား​တွေ ဒီလို​ရေးခဲ့တယ်– “ဆေးရုံမှာ ရက် ၂၀ ကျော် နေခဲ့ရ​တဲ့​အချိန်အတွင်း ကျွန်မတို့​ဆီ​ကို ဂျော်ဂျီယာမှာ​ရှိတဲ့ ညီအစ်ကို/မများ​စွာ လာ​လည်ပတ်၊ အကူအညီ​ပေး​ကြပြီး ကိုယ်ချင်းစာ​ကြောင်း ပြော​ကြ​တယ်။ ညီအစ်ကိုအသင်းအပင်း တင်ပြ​တဲ့ မေတ္တာ​အကြောင်း ဖတ်​ခဲ့ဖူး​ပေ​မဲ့ အခုတော့ လက်တွေ့​ခံစား​ခဲ့ရတယ်။”

^ စာပိုဒ်၊ 4 ဂျော်ဂျီယာမှာ ဆ​ဆ​ကမှာ ထမ်းဆောင်​တဲ့ အကြီးအကဲတွေ​က သွေး​မဲ့ ခွဲစိတ်​ပေးဖို့ သဘောတူ​တဲ့ ခွဲစိတ်ဆရာဝန် ၂၅၀ ကျော်​နဲ့ ဆက်သွယ်​ထားတယ်။