ဂျော်ဂျီယာ | ၁၉၉၈-၂၀၀၆
ခြိမ်းခြောက်မှုတွေက အမှုဆောင်ခြင်းကို မရပ်တန့်စေ
ညီအစ်ကို/မတွေ ကြောက်ပေမဲ့ အစည်းအဝေး မပျက်ကြဘူး။ ကြေညာသူတွေကို ကာကွယ်ပေးဖို့ အကြီးအကဲတွေ ပညာရှိရှိ စီစဉ်ပေးကြတယ်။ အဲဒီနှစ်တွေအတွင်း ညီအစ်ကိုတွေကို ကာကွယ်ပေးတဲ့ ကနေဒါလူမျိုး ရှေ့နေ ညီအစ်ကို အန်ဒြေ ကာဘိုနော ဒီလိုပြောတယ်– “ညီအစ်ကိုတစ်ယောက်ကို အစည်းအဝေး ကျင်းပတဲ့နေရာနားမှာ လက်ကိုင်ဖုန်းတစ်လုံးနဲ့ နေရာချပေးလေ့ရှိတယ်။ လူအုပ်လာနေတာကို မြင်တာနဲ့ အကြီးအကဲတွေကို ချက်ချင်း အကြောင်းကြားရမယ်။”
ဆူပူတိုက်ခိုက်မှု ဖြစ်ပြီးတိုင်း ညီအစ်ကိုတွေကို အားပေးဖို့ ဌာနခွဲရုံးက ကိုယ်စားလှယ်နှစ်ယောက် လည်ပတ်တယ်။ “အစည်းအဝေးမှာ ညီအစ်ကို/မတွေရဲ့ ပြုံးရွှင်တဲ့ မျက်နှာထားကို မြင်ရလေ့ရှိလို့ ဌာနခွဲကိုယ်စားလှယ်တွေ အံ့ဩခဲ့ရတယ်” လို့ အန်ဒြေ ပြောတယ်။
ကျမ်းစာသင်သားတွေ အပါအဝင် တိုက်ရိုက် တိုက်ခိုက်မခံရသူတွေလည်း အလားတူ သဘောထားမျိုး တင်ပြကြတယ်။ နှစ်ခြင်းမခံရသေးတဲ့ ကြေညာသူ ဖြစ်ခါနီး အမျိုးသမီးတစ်ယောက်နဲ့ စကားပြောတာကို အန်ဒြေ မှတ်မိနေတုန်းပဲ။ “အဲဒီတိုက်ခိုက်မှုတွေကို တီဗီမှာ မြင်ရတော့ ခရစ်ယာန်စစ်
နဲ့ အတုအယောင်တွေရဲ့ ကွာခြားမှုကို မြင်ခဲ့ရတယ်။ ကျွန်မ ခရစ်ယာန်စစ် ဖြစ်ချင်တယ်” လို့ အဲဒီအမျိုးသမီး ပြောတယ်။ယုံကြည်သူချင်းတွေကို သတ္တိရှိရှိ ကာကွယ်ပေးခြင်း
အဲဒီခက်ခဲတဲ့ နှစ်တွေအတွင်း ကြေညာသူတွေဟာ ဟောပြောခြင်းလုပ်ငန်းမှာ အလုပ်များနေခြင်းအားဖြင့် ထူးခြားတဲ့ ယုံကြည်ခြင်းနဲ့ ရဲစွမ်းသတ္တိ တင်ပြခဲ့ကြတယ်။ တရားရုံးမှာ ညီအစ်ကို/မတွေကို ခုခံကာကွယ်ပေးခဲ့သူတွေလည်း အလားတူ ယုံကြည်ခြင်းမျိုး တင်ပြခဲ့ကြတယ်။
သက်သေခံတွေဟာ မိသားစုဖြိုခွဲသူ၊ ဆေးကုသမှု ငြင်းပယ်သူ၊ နိုင်ငံတော် ဆန့်ကျင်သူတွေအဖြစ် သတင်းမီဒီယာတွေမှာ လွဲမှားစွာ ဖော်ပြ ခံရလေ့ရှိတယ်။ သူတို့ဘက်ကနေ ကာကွယ်ပေးတဲ့ ရှေ့နေတွေအနေနဲ့ မိမိတို့ရဲ့ နာမည်ကောင်းနဲ့ အလုပ်အကိုင် ထိခိုက်နိုင်တယ်။
အဲဒီနှစ်တွေအတွင်း ဂျော်ဂျီယာမှာရှိတဲ့ ညီအစ်ကိုတွေကို ကူညီပေးခဲ့တဲ့ ကနေဒါဌာနခွဲက ရှေ့နေ ဂျွန် ဘားန် ဒီလိုပြောတယ်– “ရှေ့နေအလုပ်လုပ်တဲ့ ဒေသခံညီအစ်ကိုညီအစ်မတွေဟာ မိမိတို့ကိုယ်ကို အသုံးတော်ခံခဲ့ကြတယ်။ အလုပ်အကိုင်နဲ့ပတ်သက်ပြီး နောက်ဆက်တွဲ ဆိုးကျိုးတွေရှိနိုင်ပေမဲ့ တရားရုံးသွားပြီး ကိုယ့်ကိုယ်ကိုယ် ယေဟောဝါသက်သေအဖြစ် မကြောက်မရွံ့ ဖော်ပြခဲ့ကြတယ်။” “သတင်း ကောင်း ဟောပြောခွင့်ကို ခုခံကာကွယ်ပြီး တရားဥပဒေအရ အတည်ဖြစ်ဖိ. ၁:၇။
အောင်” လုပ်နိုင်ဖို့ အဲဒီသတ္တိရှိတဲ့ သက်သေခံတွေ ကူညီပေးခဲ့ကြတယ်။—အကြမ်းဖက်မှုကို ဂျော်ဂျီယာတွေ ပြစ်တင်ပြောဆို
ဒီအတောအတွင်း အကြမ်းဖက်လုပ်ရပ်တွေကို သက်သေခံတွေ ဆက်ကြုံခဲ့ရတယ်။ ဒါကြောင့် အုပ်စုလိုက် တိုက်ခိုက်မှုတွေကနေ အကာအကွယ် ရစေတဲ့၊ ငြိမ်းချမ်းစွာ နေထိုင်သူတွေကို တိုက်ခိုက်သူတွေအပေါ် တရားစွဲထားတဲ့ အသနားခံစာကို ၂၀၀၁ ခုနှစ်၊ ဇန်နဝါရီ ၈ ရက်စပြီး သက်သေခံတွေ ဖြန့်ဝေခဲ့တယ်။
အသနားခံစာရဲ့ ရည်ရွယ်ချက်ကို ညီအစ်ကို ဘားန် ဒီလိုရှင်းပြတယ်– “ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်က ယေဟောဝါသက်သေတွေအပေါ် အကြမ်းဖက်တာကို ဂျော်ဂျီယာလူမျိုးအများစု မနှစ်သက်ကြောင်း၊ ဒီလိုလုပ်ရပ်အတွက် ဘာသာရေးအစွန်းရောက် အုပ်စုမှာ တာဝန်ရှိကြောင်း ဖော်ထုတ်ဖို့ ဖြစ်တယ်။”
နှစ်ပတ်အတွင်း ဂျော်ဂျီယာဒေသ အားလုံးက ဩသဒေါ့ အများစုပါဝင်တဲ့ လူကြီး ၁၃၃,၃၇၅ ယောက်က အသနားခံစာမှာ လက်မှတ်ထိုးခဲ့တယ်။ အသနားခံစာဟာ သမ္မတ ရှီဗာနာဇီဆီ ရောက်သွားပေမဲ့ အကြမ်းဖက်မှုကတော့ ရပ်မသွားဘူး။ ဘာသာရေးအစွန်းရောက်တွေက သက်သေခံတွေကို တမင်သက်သက် ပစ်မှတ်ထား တိုက်ခိုက်နေဆဲပဲ။
ဒီအတောအတွင်း မိမိလူမျိုးကို ယေဟောဝါ ဆက်ကောင်းချီးပေးခဲ့တယ်။ ဘုရားသခင့်လူမျိုးကို ဘာသာရေး အစွန်းရောက်တွေ ဆက်ဒုက္ခပေးပေမဲ့ ယေဟောဝါဘုရားကတော့ မှားယွင်းတဲ့ဘာသာထဲက စိတ်ရင်းမှန်သူများစွာကို ဆက်ခေါ်ထုတ်ခဲ့တယ်။
မှားယွင်းတဲ့ဘာသာကနေ လွတ်မြောက်ခြင်း
ဘာဘီလီနာ ခါရာတီရှဗီလီဟာ တစ်ဘဝလုံးနီးပါး တက်ကြွထက်သန်တဲ့ ဂျော်ဂျီယာ ဩသဒေါ့ချာ့ခ်ျ အဖွဲ့ဝင် ဖြစ်ခဲ့တယ်။ အသက် ၃၀ ဝန်းကျင်လောက်မှာ တစ်မြို့ပြီး တစ်မြို့၊ တစ်ရွာပြီး တစ်ရွာ လှည့်လည်ပြီး သူတော်စင်တွေရဲ့ ဘဝအသက်တာအကြောင်း လူတွေကို သင်ပေးတယ်။
ဒါပေမဲ့ ဘုရားသခင်အကြောင်း ဘာဘီလီနာ ပိုသိချင်တယ်။ ဒါကြောင့် ဂျော်ဂျီယာ ဩသဒေါ့ ကျမ်းစာကျောင်းတက်ဖို့ ဆုံးဖြတ်လိုက်တယ်။ တစ်ကြိမ်မှာ ဘုန်းတော်ကြီးက ထာဝရအသက် ရစေသော အသိပညာ စာအုပ်ကို ပြပြီး ယေဟောဝါသက်သေတွေဆီက တစ်အုပ်ရယူဖို့ နားထောင်သူတွေကို အားပေးခဲ့တယ်။ “ဒီစာအုပ်က ကျမ်းစာအကြောင်း အများကြီး သင်ပေးလိမ့်မယ်” လို့ပြောတယ်။
ဘာဘီလီနာ တော်တော်အံ့ဩသွားတယ်။ သက်သေခံတွေကို သူ တစ်ချိန်လုံး ရှောင်လာခဲ့တာ။ အခုတော့ ဘုန်းတော်ကြီးက သူတို့ရဲ့ စာအုပ်ကို ထောက်ခံအားပေးနေတယ်။ ‘ဘုရားသခင်အကြောင်းကို ယေဟောဝါသက်သေတွေဆီကနေ သင်ယူရမယ်ဆိုမှတော့ ဒီမှာ ဘာလုပ်တော့မှာလဲ’ လို့ ကိုယ့်ကိုယ်ကိုယ် ပြောမိတယ်။ ပိုတီမြို့မှာရှိတဲ့ သက်သေခံတွေနဲ့ ချက်ချင်း ဆက်သွယ်ပြီး ကျမ်းစာ စလေ့လာခဲ့တယ်။
ကျမ်းစာအကြောင်း ဘာဘီလီနာ ပိုသိလာတဲ့အခါ ဘဝမှာ အရေးကြီးတဲ့ ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်ခဲ့တယ်။ “ရုပ်တုကိုးကွယ်တာ မှားမှန်း ကျမ်းစာကနေ ကိုယ်တိုင်မြင်တွေ့မှ ရုပ်တုကိုးကွယ်မှုပုံစံအားလုံးကို ရှောင်နိုင်မယ်။ ဒါ လုပ်သင့်လုပ်ထိုက်ရာဖြစ်မှန်း ငါယုံကြည်တယ်” လို့ တစ်ချိန်က သူပြောခဲ့ဖူးတယ်။ အသက် ၈၀ ပြည့်ခါနီးမှာ ယေဟောဝါသက်သေလုပ်ဖို့ ဆုံးဖြတ်ခဲ့တယ်။
ဝမ်းနည်းစရာကတော့ ၂၀၀၁ ခုနှစ်မှာ ဘာဘီလီနာ နေမကောင်းဖြစ်ပြီး နှစ်ခြင်းမခံခင် သေဆုံးသွားတယ်။ ဒါပေမဲ့ မြေးမလေး အစ်ဇဘဲလာကတော့ နောက်ပိုင်း နှစ်ခြင်းခံလိုက်ပြီး အခု ယေဟောဝါကို သစ္စာရှိရှိ ဝတ်ပြုနေတယ်။
သီလရှင် ဖြစ်ချင်ခဲ့သူ
အဲလီဆို ဒဇီဒဇီရှဗီလီဟာ အသက် ၂၈ နှစ်အရွယ်တုန်းက သီလရှင် ဖြစ်ချင်ခဲ့တယ်။ ဇာတိမြို့ တကီဘူလီမှာ သီလရှင်ကျောင်း မရှိတဲ့အတွက် ၂၀၀၁ ခုနှစ်မှာ တဘီလီဆီမြို့ကို ပြောင်းရွှေ့ခဲ့တယ်။ သီလရှင်ကျောင်းမှာ လစ်လပ်တဲ့နေရာကို ရှာရင်း စာပြတဲ့ အချိန်ပိုင်းအလုပ် လုပ်တယ်။ သူ့ရဲ့ တပည့်တစ်ယောက်က နူးနူးဆိုတဲ့ ညီအစ်မတစ်ယောက်ရဲ့ သမီး ဖြစ်နေတယ်။
အဲလီဆို ဒီလိုပြောတယ်– “ကျမ်းစာအကြောင်း ကျွန်မတို့ ပြောလေ့ရှိတယ်။ ဩသဒေါ့ဘာသာကို ကျွန်မ အစွမ်းကုန် ကာကွယ်ပြောတဲ့အခါ နူးနူးက ကျမ်းချက် တစ်ချက်ပြီးတစ်ချက် စိတ်ရှည်ရှည် ပြပေးတယ်။ တစ်နေ့၊ ကျွန်ုပ်တို့ထံမှ ဘုရားသခင် အဘယ်အရာ တောင်းဆိုတော်မူသနည်း ဆိုတဲ့ ဘရိုရှာတစ်စောင် ဖတ်ဖို့ ပေးတယ်။ အပိုဒ်တွေကို ဖတ်ပြီး ကျမ်းချက်တွေ ဖွင့်ကြည့်တဲ့အခါ ရုပ်တုကိုးကွယ်တာက ဘုရားသခင့်ပညတ်ကို တိုက်ရိုက်ချိုးဖောက်တာပဲဆိုတာ ကျွန်မ သိသွားတယ်။”
နောက်ပိုင်း အဲလီဆိုက ဒေသခံချာ့ခ်ျတစ်ခုကို သွားပြီး ဘုန်းတော်ကြီးကို မေးခွန်းတချို့ မေးတယ်။ သူ့အဖြေကို ကြည့်ပြီး ချာ့ခ်ျသွန်သင်ချက်တွေဟာ ကျမ်းစာကို အခြေမခံမှန်း အဲလီဆို နားလည်သွားတယ်။ (မာ. ၇:၇၊ ၈) အမှန်တရား တွေ့ပြီဆိုတာ ယုံကြည်စိတ်ချတဲ့အတွက် ယေဟောဝါသက်သေတွေနဲ့ ကျမ်းစာစလေ့လာပြီး မကြာခင်မှာပဲ နှစ်ခြင်းခံလိုက်တယ်။
ဆန့်ကျင်မှုကြား နိုင်ငံတော်ခန်းမတွေ ဆောက်လုပ်ခြင်း
၂၀၀၁ ခုနှစ်မှာ အသင်းတော် အရေအတွက် တိုးများလာတဲ့အတွက် ဝတ်ပြုဖို့ သင့်တော်တဲ့နေရာတွေ လိုအပ်လာတယ်။ ခန့်မှန်းခြေအရ ဧဇ. ၃:၃။
နိုင်ငံတော်ခန်းမ ၇၀ လောက် လိုအပ်နေတယ်။ ဒါကြောင့် နိုင်ငံအတွင်း ဆန့်ကျင်မှုတွေကြား နိုင်ငံတော်ခန်းမ ဆောက်လုပ်ရေး စီမံကိန်းကို အစပြုခဲ့တယ်။—မကြာခင်မှာပဲ တဘီလီဆီမြို့မှာ အသင်းတော် အတော်များများ အသုံးပြုခဲ့တဲ့ အဆောက်အအုံတစ်ခုကို ဆောက်လုပ်ရေးအဖွဲ့တွေ ပြန်ပြုပြင်ခဲ့ကြတယ်။ ချက်ချင်း စီမံကိန်းနှစ်ခုကို လုပ်ဆောင်ခဲ့တယ်။ တစ်ခုက တဘီလီဆီမြို့မှာဖြစ်ပြီး နောက်တစ်ခုက ဂျော်ဂျီယာ အနောက်ပိုင်း၊ ချီယာတူရာမြို့မှာ ဖြစ်တယ်။
ချီယာတူရာမြို့ စီမံကိန်းမှာ လုပ်ဆောင်ခဲ့တဲ့ ညီအစ်ကို တမာဇီ ခူတစီရှဗီလီ ဒီလိုပြောတယ်– “ဆိုက်ထဲမှာ နေ့တိုင်း ကျွန်တော်တို့ ဆယ့်ငါးယောက် အလုပ်လုပ်တယ်။ ခန်းမအသစ် ဆောက်နေမှန်း မကြာခင်မှာပဲ တစ်မြို့လုံး သိသွားတယ်။ ဆန့်ကျင်သူတွေ လာပြီး ခန်းမကို ဖျက်ဆီးမယ်ဆိုတဲ့ ကောလာဟလတွေ တစ်ခါတစ်ခါ ကြားရတယ်။”
ဒီလိုဆန့်ကျင်မှုတွေကြောင့် ဆောက်လုပ်ရေး စီမံကိန်း ဘယ်လို အောင်မြင်နိုင်မလဲ။ တာမာဇီ ဒီလိုပြောတယ်– “ကျွန်တော်တို့ ဆက်လုပ်ပြီး *
နိုင်ငံတော်ခန်းမကို သုံးလနဲ့ အပြီးသတ်နိုင်ခဲ့တယ်။ ခြိမ်းခြောက်မှုတွေ ရှိပေမဲ့ ဘယ်ဆန့်ကျင်သူမှ ရောက်မလာခဲ့ဘူး။”ကြာရှည်စွာ စောင့်မျှော်ခဲ့ရတဲ့ သက်သာခြင်း
၂၀၀၃၊ အောက်တိုဘာလမှာ ဆမ်ထရီဒီယာမြို့မှာ ဆောက်လုပ်ရေးစီမံကိန်းတစ်ခု စတင်ခဲ့တယ်။ ဒီတစ်ကြိမ်လည်း ဒေသခံညီအစ်ကိုတွေကို ဘာသာရေး အစွန်းရောက်တွေ ခြိမ်းခြောက်ပြန်တယ်။ ဆန့်ကျင်သူတွေ ရောက်လာပြီး အဆောက်အအုံကို ဖြိုချတဲ့အချိန်မှာ နံရံထောင်ပြီးစပဲ။ ဘိလပ်မြေတောင် မခြောက်သေးဘူး။
၂၀၀၃ ခုနှစ်၊ နိုဝင်ဘာလမှာ ဂျော်ဂျီယာနိုင်ငံရဲ့ ပြောင်းလဲမှုတစ်ခုကြောင့် ညီအစ်ကို/မတွေ သက်သာရာရခဲ့တယ်။ အစိုးရအပြောင်းအလဲ
ကြောင့် ဘာသာရေး သည်းခံခွင့်ပြုမှု ပိုများလာတယ်။ ရလဒ်အနေနဲ့ ယေဟောဝါသက်သေတွေကို တိုက်ခိုက်ခဲ့တဲ့ ဩသဒေါ့ အစွန်းရောက်အုပ်စုဝင် အတော်များများ အဖမ်းခံခဲ့ရတယ်။ဘုရားသခင့်လူမျိုး ကောင်းချီးခံစားရ
နှိပ်စက်ညှဉ်းပန်းမှု အဆုံးသတ်သွားပြီး မကြာခင်မှာ ဂျော်ဂျီယာမှာရှိတဲ့ ယေဟောဝါရဲ့ လူမျိုးဟာ ကောင်းချီးများစွာ ခံစားခဲ့ရတယ်။ ၂၀၀၄ ခုနှစ်၊ ခရိုင်အစည်းအဝေးမှာ ဂျော်ဂျီယာ ဘာသာစကားနဲ့ ကမ္ဘာသစ် ဘာသာပြန် ခရစ်ယာန် ဂရိကျမ်းစာ ထုတ်ဝေခဲ့တယ်။
၂၀၀၆ ခုနှစ်၊ “ကယ်နုတ်ချိန် နီးပြီ!” ခရိုင်အစည်းအဝေးမှာ မမေ့နိုင်စရာ နောက်ဖြစ်ရပ်တစ်ခု ဖြစ်ခဲ့တယ်။ အုပ်ချုပ်ရေးအဖွဲ့ဝင် ဂျက်ဖရီ
ဂျက်ဆင် ဟောမယ်လို့ ကြေညာချိန်မှာ ပရိသတ်တွေ တော်တော်စိတ်လှုပ်ရှားခဲ့ကြတယ်။ ဂျော်ဂျီယာ ဘာသာစကားနဲ့ ကမ္ဘာသစ် ဘာသာပြန်ကျမ်း အပြည့်အစုံကို ထုတ်ဝေလိုက်ကြောင်း ညီအစ်ကို ဂျက်ဆင် ကြေညာတဲ့အခါ အံ့ဩဝမ်းသာလိုက်ကြတာ။ပရိသတ်အများစု ကျေးဇူးတင်လို့ ဝမ်းသာမျက်ရည်တွေ ကျခဲ့ကြတယ်။ “ကျမ်းစာအပြည့်အစုံကို ရလို့ ဘယ်လောက်ပျော်တယ်ဆိုတာ မပြောပြတတ်လောက်အောင်ပါပဲ။ . . . တကယ့် သမိုင်းဝင်ဖြစ်ရပ်ပါပဲ” လို့ ညီအစ်မတစ်ယောက် ပြောတယ်။ ဂျော်ဂျီယာမှာရှိတဲ့ ယေဟောဝါ့လူမျိုးရဲ့ သမိုင်းမှတ်တိုင်ဖြစ်ခဲ့တဲ့ ဒီပွဲကြီးကို လူ ၁၇,၀၀၀ ကျော် တက်ရောက်ခဲ့တယ်။
^ စာပိုဒ်၊ 29 ၂၀၀၁ ခုနှစ်ကနေ ၂၀၀၃ ခုနှစ်အတွင်း တစ်နိုင်ငံလုံးမှာ နိုင်ငံတော်ခန်းမ ခုနစ်လုံး ဆောက်လုပ်နိုင်ခဲ့တယ်။