မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဂျော်ဂျီယာ

မနားတမ်းကို ဖတ်နေတော့တာ

မာ​ရီ​နာ ကိုပါလီအာနီ

မနားတမ်းကို ဖတ်နေတော့တာ
  • မွေးဖွား​တဲ့​နှစ် ၁၉​၅၇

  • နှစ်ခြင်းခံ​တဲ့​နှစ် ၁၉​၉၀

  • ကိုယ်ရေးမှတ်တမ်း​အကျဉ်း မာ​ရီ​နာ​နဲ့ ခင်ပွန်း ဘာ​ဒရီ​တို့ဟာ သား​နှစ်ယောက်​ကို ကျွေးမွေးပြုစု​နေတဲ့ ထက်သန်တဲ့ ကြေညာ​သူ​တွေ ဖြစ်တယ်။ ဘာ​ဒရီ​ဟာ နောက်ပိုင်း​မှာ တိုင်းပြည်​ကော်မတီဝင်​အဖြစ် အမှု​ဆောင်​ပြီး ကွယ်လွန်ချိန် ၂၀​၁၀ ပြည့်နှစ်​အထိ သစ္စာရှိရှိ အမှုဆောင်​ခဲ့တယ်။

၁၉​၈၉ ခုနှစ်မှာ ကျွန်မ​နဲ့ ကျွန်မ​ခင်ပွန်းဟာ အိမ်နား​မှာပဲ သက်သေခံ​တွေနဲ့ တွေ့ခဲ့​တယ်။ ကျွန်မတို့​ရဲ့ အိမ်နီးချင်း​ကို ကျမ်းစာသင်ပေး​တဲ့ ညီအစ်ကို ဂီဗီ ဘာ​နာ​ဇီ​မှာ ကိုယ်ပိုင်ကျမ်းစာ မရှိဘူး။ အဲဒီအချိန်​တုန်းက ဂျော်ဂျီယာ​ကျမ်းစာအုပ် ရဖို့ သိပ်​ခက်တယ်။

ကြား​ရတဲ့​အရာ​ကို လေးမြတ်​တော့ ကျမ်းစာ ရ​ချင်​ခဲ့တယ်။ ကျွန်မ​ခင်ပွန်း သူ့​ညီ​နဲ့ တွေ့​တဲ့အခါ ကျမ်းစာ​တစ်အုပ် ရှာ​နေတယ်​လို့ ပြောပြ​လိုက်တယ်။ ညီ​က သိပ်​မကြာသေးခင်က​မှ ဂျော်ဂျီယာ​ကျမ်းစာ​အသစ် တစ်အုပ်​ဝယ်ထား​တာ လက်ဆောင်​ပေးမယ်​ပြော​လို့ သူ​အံ့ဩ​သွားတယ်။

ဘာ​ဒရီ အိမ်ပြန်ရောက်​တော့ ကျမ်းစာကို ထိုင်ပြီး​ဖတ်​နေ​လိုက်တာ နေဝင်​သွားတဲ့​အထိ​ပဲ။ နောက်​တစ်နေ့ အိပ်ရာ​က​ထ​တော့ ဖတ်ပြန်​တယ်။ ကျွန်မ အလုပ်​က​နေ​ပြန်လာ​တော့​လည်း ကျမ်းစာဖတ်​နေတုန်းပဲ။ မနားတမ်း​ကို ဖတ်​နေ​တော့​တာ။ ရက်​အနည်းငယ်​လောက် ခွင့်ယူ​ပြီး အပြီး​ဖတ်ဖို့ ကျွန်မ အကြံပေး​လိုက်တယ်။ မကြာခင်​မှာ ကျမ်းစာ​တစ်အုပ်လုံး အပြီး​ဖတ်​လိုက်တယ်။

နောက်ပိုင်း ညီအစ်ကို ဘာ​နာ​ဇီ​နဲ့ ထာဝရအသက်​သို့ ပို့ဆောင်​သော သမ္မာတရား စာအုပ် လေ့လာတဲ့အခါ ကိုယ်ပိုင်ကျမ်းစာ ရှိ​ထား​လို့ သိပ်ပျော်​ခဲ့ကြတယ်။ ကျွန်မတို့​မှာ သမ္မာတရား​စာအုပ် ကိုယ်ပိုင် မရှိဘူး။ ကျမ်းစာ​သင်ပေး​သူ​မှာ ကိုယ်ပိုင်ကျမ်းစာ မရှိ​လို့ အဆင်ပြေ​သွားတယ်။ တစ်နှစ်​လောက်​ကြာပြီး​နောက်မှာ ဘာ​ဒရီ​နဲ့ ကျွန်မ နှစ်ခြင်းခံ​လိုက်တယ်။