မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အထက် ဆဗာနက်တီဒေသ

ဂျော်ဂျီယာ

ဂျော်ဂျီယာနိုင်ငံအကြောင်း ခြုံငုံသုံးသပ်ချက်

ဂျော်ဂျီယာနိုင်ငံအကြောင်း ခြုံငုံသုံးသပ်ချက်

စပျစ်သီးခူးချိန်မှာ ပျော်ရွှင်ကြ

နယ်မြေ ဂျော်ဂျီယာ​နိုင်ငံ​ဟာ မြင့်မား​လှတဲ့ တောင်​စဉ်​တောင်တန်း​တွေ၊ နှင်း​ဖုံး​နေတဲ့ တောင်ထိပ်​တွေ​ကြောင့် ထင်ရှား​ကျော်ကြား​လှပါတယ်။ တချို့​တောင်​တွေ​ဆိုရင် ပေ ၁၅,၀၀၀ ကျော် မြင့်​တယ်။ ပထဝီ​အနေအထား​အရ အရှေ့​ ဂျော်ဂျီယာ​နဲ့ အနောက်​ဂျော်ဂျီယာ​ဆိုပြီး နှစ်​ပိုင်း​ကွဲ​နေတယ်၊ တစ်ပိုင်း​ဆီမှာ မ​တူညီ​တဲ့ ရာသီ​ဥတု၊ ဓလေ့​ထုံးစံ၊ တေး​ဂီတ၊ အက၊ အစားအစာ​တွေ ရှိတယ်။

လူမျိုး ၃.၇ သန်း​ထဲက အများစု​ဟာ ဂျော်ဂျီယာ​လူမျိုး​တွေ။

ဘာသာရေး အများစု​က ဩသ​ဒေါ့​ ခရစ်ယာန်ဘာသာ​ဝင်၊ ၁၀ ရာခိုင်နှုန်း​က မွတ်​စ​လင်​ ဘာသာဝင်​တွေ။

ဘာသာစကား ဂျော်​ဂျီ​ယာ​ ဘာသာ​စကား​ဟာ အိမ်နီးချင်း​နိုင်ငံ​ တွေ​ရဲ့ ဘာသာစကား​နဲ့ မ​နီးစပ်​ဘူး။ ဂျော်ဂျီယာ​စာလုံး​တွေ​ကို ခရစ်​သက္ကရာဇ် မတိုင်မီ​က တီထွင်​ခဲ့တယ်​လို့ သမိုင်း​ကြောင်း​က ဖော်ပြ​တယ်။

အသက်​မွေး​ဝမ်း​ကျောင်း လူများစွာ​ဟာ စိုက်ပျိုးရေး​လုပ်ငန်း​နဲ့ အသက်မွေး​ကြ​တယ်။ မကြာသေး​ခင်​က​တော့ ဂျော်ဂျီယာ​နိုင်ငံ​ရဲ့ စီးပွားရေး​မှာ ခရီးသွား​လုပ်ငန်း​က အရေး​ပါ​လာတယ်။

ရာသီဥတု နိုင်ငံ​ရဲ့ အရှေ့ဘက်​ပိုင်း​မှာတော့ ရာသီဥတု သင့်တင့်​မျှတ​တယ်။ အနောက်​ဂျော်ဂျီယာ​မှာရှိတဲ့ ပင်လယ်​နက်​ကမ်းရိုးတန်း​မှာတော့ အေးမြ​ပြီး ရှောက်မျိုးဝင်​အသီး​တွေ ဖြစ်​ထွန်း​တယ်။

ကာခေတီဒေသ စပျစ်သီးခူးချိန်

အစားအစာ နပ်​တိုင်းမှာ ပေါင်မုန့် ပါ​တယ်။ ရိုးရာ​ပေါင်မုန့်​ကို ရွှံ့​မီးဖို​မှာ ဖုတ်​တယ်။ အဓိက​အစားအစာက ဟင်းခတ်​အ​မွှေး​အကြိုင် ခတ်​ထားတဲ့ ဟင်းသီးဟင်းရွက် ပြုတ်​ချက်​ပါ။ ဝိုင်​လုပ်​တဲ့ အစဉ်​အလာ ရှိခဲ့တယ်။ ဝိုင်​ကို မြေအိုး​ကြီး​တွေ​ထဲမှာ အချ​ဉ်​ဖောက်​ပြီး သိုလှောင်​တယ်။ မိသားစု​များစွာ​ဟာ ကိုယ်ပိုင်​စပျစ်​ခြံ​တွေ​နဲ့ ဝိုင်​ဖောက်​ကြ​တယ်။ ဂျော်ဂျီယာ​မှာ စပျစ်​မျိုး​ပေါင်း ၅၀၀ ကျော် ရှိ​တယ်။

ရိုးရာပေါင်မုန့် ပြုလုပ်နေစဉ်