ပြီးခဲ့တဲ့နှစ်ရဲ့ ပေါ်လွင်ချက်များ
၁ ကော. ၁၅:၅၈) ကမ္ဘာတစ်ဝန်းက ယေဟောဝါသက်သေတွေ “ယေဟောဝါကို ယုံကြည်ကိုးစားပြီး ကောင်းတာကို လုပ်” နေကြောင်း၊ “သစ္စာရှိရှိ ပြုမူ” နေကြောင်း အောက်ပါမှတ်တမ်းတွေက ဖော်ပြပါတယ်။—ဆာ. ၃၇:၃။
စာတန့်လောကက ဘေးဆိုးတစ်ခုပြီးတစ်ခု ကြုံတွေ့နေချိန်မှာ ယေဟောဝါကို ဝတ်ပြုကိုးကွယ်သူတွေကတော့ ‘သခင့်အလုပ်မှာ ဆက်အလုပ်များနေကြ’ တယ်။ (ကမ္ဘာ့ဌာနချုပ်နဲ့ ဌာနခွဲရုံး နေရာပြောင်းရွှေ့ခြင်း
နယူးယောက်ပြည်နယ်၊ ဝေါလ်ကီး အဆောက်အအုံ တိုးချဲ့မှု ပြီးစီးသွားတဲ့အတွက် အမေရိကန်ပြည်ထောင်စု ဌာနခွဲကော်မတီ၊ လုပ်ငန်းတော်ဌာန၊ တခြားဌာနတွေ အဲဒီကို ပြောင်းရွှေ့ခဲ့တယ်။ ဝေါဝစ်မှာရှိတဲ့ ကမ္ဘာ့ဌာနချုပ်အသစ် ဆောက်လုပ်မှုလည်း ပြီးစီးနေပြီဖြစ်လို့ ဘရွတ်ကလင် ဗေသလမိသားစုဝင်တွေဟာ နယူးယောက်မြို့ကနေ စတင် ပြောင်းရွှေ့နေကြပါပြီ။
၂၀၁၇ ခုနှစ်၊ ဧပြီ ၃ ရက်၊ တနင်္လာနေ့မှာ ဝေါဝစ်၊ ကမ္ဘာ့ဌာနချုပ်ကို လည်ပတ်ကြည့်ရှုဖို့ ဖွင့်လှစ်ပါတော့မယ်။ ကိုယ့်ဘာသာကိုယ် လိုက်လံကြည့်ရှုရမယ့် နေရာသုံးခုနဲ့ ဧည့်လမ်းညွှန် လိုက်ပြပေးမယ့် နေရာတစ်ခုတို့ ပါဝင်တယ်။
-
၁။ “ကျမ်းစာနဲ့ ဘုရားသခင့်နာမည်” ဆိုတဲ့ ကဏ္ဍမှာ ရှားပါးကျမ်းစာတွေကို ပြသထားပြီး ကျမ်းစာမှာ ဘုရားသခင့်နာမည် ပါရှိတာကို အလေးပေးဖော်ပြထားတယ်။
-
၂။ “ယေဟောဝါရဲ့ နာမည်အတွက် လူမျိုးတစ်မျိုး” ဆိုတဲ့ ကဏ္ဍမှာ ယေဟောဝါသက်သေတွေရဲ့ အမွေအနှစ် သမိုင်းကြောင်းကို ပြသထားပြီး မိမိအလိုတော် ထမ်းဆောင်ဖို့ လူမျိုးတော်ကို ယေဟောဝါ အဆင့်ဆင့် လမ်းပြ၊ သွန်သင်၊ စီစဉ်ဖွဲ့စည်းပေးပုံကို ဖော်ပြထားတယ်။
-
၃။ “ကမ္ဘာ့ဌာနချုပ်—ယုံကြည်ခြင်းလုပ်ရပ်” ဆိုတဲ့ ကဏ္ဍမှာ ယေဟောဝါရဲ့ လူမျိုး အတူစုဝေးနိုင်အောင်၊ တပည့်ဖြစ်စေနိုင်အောင်၊ ကျမ်းစာအကြောင်းအရာတွေ ရရှိနိုင်အောင်၊ အချင်းချင်း မေတ္တာပြနိုင်အောင် ကူညီပေးဖို့ အုပ်ချုပ်ရေးအဖွဲ့ ကော်မတီတွေရဲ့ လုပ်ဆောင်မှုတွေကို ရှင်းပြထားတယ်။
ကိုယ့်ဘာသာကိုယ် လိုက်လံကြည့်ရှုရမယ့် အဲဒီသုံးခုကို တနင်္လာနေ့ကနေ သောကြာနေ့၊ မနက် ၈:၀၀ ကနေ ညနေ ၄:၀၀ အထိ ကြည့်ရှုနိုင်ပါမယ်။ ဧည့်လမ်းညွှန် လိုက်ပြပေးမယ့် မိနစ် ၂၀ ကြာ လည်ပတ်ကြည့်ရှုမှုကတော့ ရုံးအဆောက်အအုံရဲ့ တချို့အပိုင်းတွေနဲ့ ဗေသလဝင်းခြံ ဖြစ်ပါတယ်။ ဒီအကျဉ်းချုပ်လည်ပတ်မှုကိုတော့ တနင်္လာနေ့ကနေ သောကြာနေ့၊ မနက် ၈:၀၀ ကနေ ၁၁:၀၀ အထိ၊ နေ့လယ် ၁:၀၀ ကနေ ညနေ ၄:၀၀ အထိ လည်ပတ်ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။
လည်ပတ်ဖို့ မစီစဉ်ခင် jw.org ဝက်ဘ်ဆိုက်ထဲက ကျွန်ုပ်တို့အကြောင်း > ရုံးများနဲ့ လည်ပတ်ကြည့်ရှုနိုင်တဲ့ အစီအစဉ်များ > အမေရိကန်ပြည်ထောင်စုမှာ ဝင်ကြည့်ပါ။
ဒီအပိုင်းမှာ
ကမ္ဘာချီ ဟောပြောခြင်းလုပ်ငန်းကို ဦးစားပေးခြင်း
ဗေသလအိမ်သားဟောင်းတွေ လယ်ကွင်းမှာ အခြေအနေသစ်နဲ့အညီ ဘယ်လို ပြုပြင်ပြောင်းလဲခဲ့ကြသလဲ
“အကောင်းဆုံး အိမ်နီးချင်းတွေပါပဲ”
၂၀၁၆၊ မေ ၇ နဲ့ ၈ ရက်မှာ နယူးယောက်၊ ဘရွတ်ကလင်ဟိုက်မှာ ကျင်းပတဲ့ သမိုင်းဝင်ကျမ်းစာပြပွဲက ရပ်ကွက်မှာ သက်သေခံချက်ကောင်း ဖြစ်ခဲ့ပြီး ဘုရားနာမည် ထင်ရှားခဲ့တယ်။
ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း အစည်းအဝေးသစ်
၂၀၁၆ ဇန်နဝါရီလမှာ ကမ္ဘာတစ်ဝန်းက ကြားရက် အသင်းတော် အစည်းအဝေးတွေကို ပြောင်းလဲခဲ့တယ်။
JW ရုပ်သံအစီအစဉ်က ‘အားရှိစေပြီး လန်းဆန်းမှု ဖြစ်စေ’
၂၀၁၄ မှာ JW ရုပ်သံ စတင်ထုတ်လွှင်ခဲ့တယ်။ အခု ဘာသာစကား ၉၀ ကျော်နဲ့ ထုတ်လွှင့်နေပြီ။ ကြည့်ရှုသူ ဘယ်လောက်ရှိပြီလဲ။
ဌာနခွဲ အပ်နှံပွဲများ
အာမေးနီးယားနဲ့ ကာဂျစ္စတန် ဌာနခွဲသစ် အပ်နှံပွဲတွေက ဒေသခံ သက်သေခံတွေအတွက် စိတ်လှုပ်ရှားစရာအချိန်အခါဖြစ်တယ်။
တရားရေးသတင်း
၂၀၁၆ အတွင်း သက်သေခံတွေ ဘာအမှုတွေ ရင်ဆိုင်ခဲ့ကြသလဲ
ကမ္ဘာတစ်ဝန်းက သတင်းထူးများ
ဂျာမနီ, ဘလိဇ်, ဘူရွန်ဒီ, နီပေါ, အီတလီ, အာဂျင်တီးနား, ယူဂန္ဓာ, ကွန်ဂို (ကင်ရှာဆာ), ပါပူဝါ နယူးဂီနီက ယေဟောဝါသက်သေများရဲ့ လုပ်ဆောင်မှု နောက်ဆုံးသတင်းများ။