အုပ်ချုပ်ရေးအဖွဲ့ဆီက စာ
ချစ်ရတဲ့ ညီအစ်ကိုညီအစ်မတို့–
ဘီစီ ခုနစ်ရာစုတုန်းက ပရောဖက် ယေဇကျေလဟာ ထူးဆန်းတဲ့ စိတ် အာရုံတစ်ခု မြင်ခဲ့ရတယ်။ စကြဝဠာအချုပ်အခြာအာဏာပိုင်ရှင်ရဲ့ ထိန်း ချုပ်မှုအောက်မှာရှိတဲ့ ဧရာမ ကောင်းကင်ရထားကြီးကို မြင်ခဲ့ရတယ်။ အထူးခြားဆုံးကတော့ ကောင်းကင်ရထားကြီးရဲ့ ရွေ့လျားပုံပါပဲ။ အလင်းရဲ့အမြန်နှုန်းနဲ့ ရွေ့လျားနေပြီး အရှိန်လျှော့စရာ၊ ကွေ့စရာမလိုဘဲ ဦးတည်ရာလမ်းကြောင်း ပြောင်းနိုင်တယ်။—ယေဇ. ၁:၄၊ ၉၊ ၁၂၊ ၁၄၊ ၁၆-၂၇။
ယေဟောဝါ့ စကြဝဠာ အဖွဲ့အစည်းရဲ့ ကောင်းကင်ဆိုင်ရာအပိုင်းဟာ ရှေ့ကို ရွေ့လျားနေကြောင်း သတိရစေပါတယ်။ မြေကြီးဆိုင်ရာအပိုင်းကော။ မြေကြီးပေါ်မှာရှိတဲ့ ဖွဲ့စည်းထားတဲ့ မိမိရဲ့လူတွေကို အံ့ဖွယ်အရှိန်နှုန်းနဲ့ ယေဟောဝါ ရွေ့လျားနေစေတယ်ဆိုတာ လွန်ခဲ့တဲ့ လုပ်ငန်းတော်နှစ် မှတ်တမ်းက အထင်အရှား ဖော်ပြပါတယ်။
အမေရိကန်နိုင်ငံက ဗေသလမိသားစုဝင်တွေဟာ ဘရွတ်ကလင်ကနေ ဝေါဝစ် ဌာနချုပ်အသစ်၊ တခြားအဆောက်အအုံတွေနဲ့ အမှုဆောင်လယ်ကွင်းတွေဆီ ပြောင်းရွှေ့နေကြတယ်။ တခြားဌာနခွဲတွေက ဗေသလအိမ်သားတချို့လည်း ဆောက်လုပ်ရေး၊ ပြုပြင်မွမ်းမံရေး၊ တခြားနေရာဒေသတွေဆီ ပြောင်းရွှေ့ရေးနဲ့ အလုပ်များနေကြပါတယ်။ သင်ကော။ နေရာဒေသအရ မပြောင်းရွှေ့ရရင်တောင် တခြားနည်းတွေနဲ့ အလုပ်များနေမှာပါ။
ကမ္ဘာတစ်ဝန်းက ဘုရားသခင့်လူတွေ ယေဟောဝါရဲ့ အဖွဲ့အစည်းနဲ့ အမီလိုက်ဖို့ ခါတိုင်းထက် အလုပ်များနေတာကို မြင်တွေ့ရလို့ အုပ်ချုပ်ရေးအဖွဲ့၁ ကော. ၉:၂၄။
ဟာ တကယ်စိတ်နှလုံးထိမိပြီး အားရှိပါတယ်။ တချို့က ပိုလိုအပ်တဲ့ဒေသတွေမှာ ပြောင်းရွှေ့အမှုဆောင်ကြတယ်။ တချို့ကျတော့ ဘာသာခြားစကားပြော လယ်ကွင်းမှာ အမှုဆောင်ကြတယ်။ တချို့ကျတော့ သူတို့အတွက် အသစ်အဆန်းဖြစ်ပြီး လုပ်နေကျမဟုတ်တဲ့ သက်သေခံနည်းမှာ ပါဝင်လုပ်ဆောင်နေကြတယ်။ တချို့ကတော့ တခြားနည်းတွေနဲ့ အမှုဆောင်လုပ်ငန်းကို တိုးချဲ့နေကြတယ်။ အသက်ကြီးသူတွေ၊ အိုမင်းမစွမ်းတွေ အပါအဝင် သစ္စာရှိ ခရစ်ယာန်အားလုံးဟာ ယေဟောဝါရဲ့ အမှုတော်မှာ တိုးချဲ့ပါဝင်ခြင်း၊ စာတန်ကို မုသာကောင်အဖြစ် ဖော်ထုတ်ခြင်းအားဖြင့် အသက်ပြေးပွဲမှာ သစ္စာရှိရှိ ပြေးနေကြတယ်။—သင်တို့ပြတဲ့ စိတ်သဘောထားကို ယေဟောဝါ မမြင်ဘဲမနေဘူးဆိုတာ စိတ်ချပါ။ (ဟီ. ၆:၁၀) သင်တို့ရဲ့ တလိုတလားစိတ်ဓာတ်က အာဗြဟံနဲ့ စာရာကို ပြန်အမှတ်ရစေပါတယ်။ အာဗြဟံဟာ အသက် ၇၀ ကျော်မှာ မိသားစုကို ဦးဆောင်ပြီး ခါလဒဲပြည်၊ ဥရမြို့ကနေ ဝေးလံလှတဲ့ ခါနန်ပြည်ကို ပြောင်းရွှေ့ခဲ့တယ်။ အသက်တစ်ရာကျော်တဲ့အထိ ကျန်တဲ့ သက်တမ်းတစ်လျှောက်လုံး အဲဒီမှာပဲ တဲနဲ့ နေရမှာဖြစ်တယ်။ သူနဲ့ သူ့ဇနီးပြခဲ့တဲ့ တလိုတလားစိတ်ဓာတ်ပါပဲ။—က. ၁၁:၃၁။ တ. ၇:၂၊ ၃။
သင်ကော အဲဒီလို စိတ်ဓာတ်မျိုး ပြနေသလား။ ခက်ခဲတဲ့ ဒီကာလမှာ သစ္စာရှိရှိ ခံရပ်နေတဲ့ သင်တို့ဟာ ယေရှုရဲ့ မိန့်မှာချက်အတိုင်း လုပ်ဆောင်နေကြတယ်။ “ဒါကြောင့် လူမျိုးတကာဆီ သွားပြီး လူတွေကို ကျွန်တော့်တပည့် ဖြစ်လာအောင် သွန်သင်ပေးကြပါ။ အဖဘုရားရဲ့နာမည်၊ သားတော်ရဲ့နာမည်၊ သန့်ရှင်းသော စွမ်းအားတော်ရဲ့နာမည်နဲ့ နှစ်ခြင်းပေးကြပါ” လို့ ယေရှုပြောခဲ့တယ်။—မ. ၂၈:၁၉။
“သွား” ဆိုတဲ့ စကားလုံးကို ယေရှု သုံးခဲ့တဲ့အတွက်ကြောင့် တက်ကြွလှုပ်ရှားနေရမယ်ဆိုတဲ့ သဘောပါပဲ။ လွန်ခဲ့တဲ့ လုပ်ငန်းတော်နှစ်အတွင်းမှာ ခရစ်တော်ရဲ့ ထက်သန်တဲ့ နောက်လိုက်တွေကြောင့် ပြီးမြောက်ခဲ့ရာတွေကို မြင်ရတာ ကျေနပ်အားရစရာ ကောင်းလှပါတယ်။ လူမျိုးအပေါင်းကို နိုင်ငံတော်သတင်းကောင်း ဟောပြောခြင်းလုပ်ငန်းမှာ ယေဟောဝါရဲ့ အားကြီးတဲ့လက်တော် ကောင်းချီးပေးနေတယ်ဆိုတာ အလွယ်တကူ မြင်တွေ့နိုင်ပါတယ်။—မာ. ၁၃:၁၀။
သတင်းတရားကို လူများစွာ တုံ့ပြန်နေကြတယ်။ လွန်ခဲ့တဲ့နှစ်မှာ အများဆုံးကြေညာသူ နှုန်းသစ်က ၈,၃၄၀,၈၄၇ ယောက် ဖြစ်ပြီး လတိုင်း ပျမ်းမျှကျမ်းစာသင်အံမှု ၁၀,၁၁၅,၂၆၄ ခုရှိတယ်။ ကောင်းကင်ရထားနဲ့ သင်ရွေ့လျားနေတယ်ဆိုတာ ထင်ရှားပါတယ်။ ကယ်တင်ခြင်းတံခါးကို ယေဟောဝါ မပိတ်ခင် လက်ကျန် အချိန်တိုအတွင်း ဒီအလုပ်မွန်မှာ ဆက်ကြိုးစားပါဝင်နေပါ။
‘ယေဟောဝါကို ယုံကြည်ကိုးစားပြီး ကောင်းတာကို လုပ်ပါ’ ဆိုတဲ့ နှစ်ချုပ်ကျမ်းချက်က သင့်တော်လှပါတယ်။ (ဆာ. ၃၇:၃) ဒီစကားတွေကို နာခံပြီး ယေဟောဝါရဲ့ အမှုတော်မြတ်မှာ ပါဝင်နေတာက ဘုရားကို ယုံကြည်ကိုးစားနေတာဖြစ်တယ်။ သင်တစ်ယောက်တည်း မဟုတ်ဘူးဆိုတာ အမြဲသတိရပါ။ “လောကစနစ်နိဂုံးပိုင်းအထိ ခင်ဗျားတို့နဲ့အတူ ကျွန်တော် အမြဲရှိနေမယ်” ဆိုတဲ့ စကားက အမြဲမှန်ကန်နေပါလိမ့်မယ်။—မ. ၂၈:၂၀။
၂၀၁၇ ခုနှစ်အတွက် နှစ်ချုပ်ကျမ်းချက်–
‘ယေဟောဝါကို ယုံကြည်ကိုးစားပြီး ကောင်းတာကို လုပ်ပါ’
သင်တို့ သစ္စာရှိရှိ အမှုဆောင်နေတာကို ယေဟောဝါ ဆက်ကောင်းချီးပေးနေမယ်ဆိုတာ စိတ်ချပါ။ သင်တို့ရဲ့ ပါဝင်မှုဟာ နည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ ယေဟောဝါအတွက် အရေးကြီးတာက စိတ်ရင်းမှန်နဲ့ အကောင်းဆုံးကို ပေးဆက်နေဖို့ပါပဲ။ ဒီလိုလက်ဆောင်မျိုးက ကိုယ်တော့်စိတ်နှလုံးကို ထိမိစေပြီး ကိုယ်တော့်မျက်နှာသာ အပြုံး ရရှိစေပါတယ်။ (၂ ကော. ၉:၆၊ ၇) ဒါကြောင့် မှန်မှန် ဆုတောင်းခြင်း၊ ကျမ်းစာလေ့လာခြင်း၊ အစည်းအဝေးတွေ တက်ရောက်ခြင်း၊ အမှုဆောင်လုပ်ငန်းမှာ တက်ကြွစွာ ပါဝင်ခြင်းအားဖြင့် ချစ်ရတဲ့ဖခင်နဲ့ ဆက်ရင်းနှီးအောင် လုပ်ပါ။
ဆိုးညစ်တဲ့ ပုန်ကန်သူ မာရ်နတ်ဟာ ကျန်ရှိနေတဲ့ ‘အချိန်အနည်းငယ်’ အတွင်းမှာ ယေဟောဝါအပေါ် ကျွန်တော်တို့ရဲ့ သစ္စာသမာဓိလမ်းစဉ်ကို ချိုးဖျက်ဖို့ ရှိသမျှနည်းလမ်းကို အသုံးပြုနေမှာဖြစ်တယ်။ (ဗျာ. ၁၂:၁၂) ယေဟောဝါနဲ့ နီးနီးကပ်ကပ်နေပါ၊ စာတန့်ကြိုးစားမှု မှန်သမျှ ၡုံးနိမ့်ရပါလိမ့်မယ်။ (ဆာ. ၁၆:၈) သင်တို့ကို ကျွန်တော်တို့ သိပ်ချစ်မြတ်နိုးကြောင်း၊ ဒီနောက်ဆုံးကာလမှာ သခင့်နိုင်ငံတော်လုပ်ငန်း တိုးတက်ဖို့ လုပ်ဆောင်ရာမှာ သင်တို့ရဲ့ ကူညီမှုကို ကျေးဇူးတင်လေးမြတ်ကြောင်း စိတ်ချပါ။
သင်တို့ရဲ့ ညီအစ်ကိုများ၊
Governing Body of Jehovah’s Witnesses (ယေဟောဝါသက်သေတွေရဲ့ အုပ်ချုပ်ရေးအဖွဲ့)