ဘုရားသခင့်နိုင်ငံတော်က စီးပွားရေး အကျပ်အတည်းတွေကို ဘယ်လိုဖြေရှင်းပေးမလဲ
ကမ္ဘာတစ်ဝန်းမှာ လူများစွာ စားဝတ်နေရေးအတွက် ပိုပြီး ရုန်းကန်နေရတယ်။ ငွေရှာရတာ ခက်သည်ထက် ခက်လာတယ်။
မကြာသေးခင်က ရရှိခဲ့တဲ့ ကမ္ဘာချီအစီရင်ခံစာ a အရ ငွေကြေးဖောင်းပွမှုကြောင့် “လူတွေရဲ့ လစဉ်ဝင်ငွေတန်ဖိုး သိသိသာသာ ကျဆင်းသွားတယ်။” ဒီကိစ္စကို မဖြေရှင်းဘဲထားရင် “ပိုက်ဆံရှိတဲ့သူက ပိုရှိပြီး ဆင်းရဲတဲ့သူက ပိုဆင်းရဲလာမယ်၊” “အလုပ်သမားတွေနဲ့ မိသားစုဝင်တွေရဲ့ လူနေမှုအဆင့်အတန်း” ကျဆင်းသွားမယ်လို့ အစီရင်ခံစာမှာ သတိပေးထားတယ်။
အစိုးရတွေက အခုလို စီးပွားရေးဘေးကျပ်နံကျပ် အခြေအနေတွေကို တိုးတက်အောင်လုပ်ဖို့ နေနေသာသာ ဖြေတောင် ဖြေရှင်းနိုင်ပါ့မလား။
ဆင်းရဲချမ်းသာ ကွာဟမှုအပါအဝင် စီးပွားရေးပြဿနာအားလုံးကို ဖြေရှင်းနိုင်တဲ့၊ ဖြေရှင်းပေးမယ့် အစိုးရတစ်ခုရှိကြောင်း ကျမ်းစာမှာ ဖော်ပြထားတယ်။ ‘ကောင်းကင်အုပ်စိုးရှင် ဘုရားသခင်က နိုင်ငံတစ်ခုကို တည်ထောင်လိမ့်မယ်၊’ အဲဒီအစိုးရတစ်ခုတည်းက ကမ္ဘာ့ပြဿနာအားလုံးကို ဖြေရှင်းပေးမယ်လို့ ကျမ်းစာဆိုတယ်။ (ဒံယေလ ၂:၄၄) ဘုရားသခင့်နိုင်ငံတော်ရဲ့ အုပ်ချုပ်မှုလက်အောက်မှာ ဘယ်သူမှ မေ့လျော့ ပစ်ပယ်ခံရမှာ မဟုတ်ဘူး။ (ဆာလံ ၉:၁၈) ဘဝမှာပျော်ရွှင်ဖို့ လိုအပ်တာမှန်သမျှ ရကြမယ်။ ကိုယ့်လုပ်အားရဲ့ အကျိုးကျေးဇူးကို ကောင်းကောင်း ခံစားရမယ်။—ဟေရှာယ ၆၅:၂၁၊ ၂၂။
a အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ ကမ္ဘာတစ်ဝန်း လုပ်အားခ အစီရင်ခံစာ ၂၀၂၂-၂၃