မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘယ်– Olena Yefremkina/stock.adobe.com; center: lunamarina/stock.adobe.com; ညာ– Rido/stock.adobe.com

သတိနဲ့ စောင့်နေကြပါ

ဘယ်သူ့ကို ယုံကြည်အားကိုးနိုင်သလဲ—ကျမ်းစာအဆိုက ဘာလဲ

ဘယ်သူ့ကို ယုံကြည်အားကိုးနိုင်သလဲ—ကျမ်းစာအဆိုက ဘာလဲ

 ကိုယ်ယုံကြည်အားကိုးတဲ့သူကို ယုံကြည်လို့ မရမှန်း သိသွားတဲ့အခါ စိတ်ပျက်ရတယ်။ ဥပမာ၊

  •    နိုင်ငံရေးသမားတွေက ပြည်သူတွေအကျိုးထက် ကိုယ့်အကျိုးကို ရှာတဲ့အခါ

  •    သတင်းမီဒီယာတွေက ဘက်လိုက်တဲ့ သတင်းတွေ၊ သတင်းမှားတွေ တင်ဆက်တဲ့အခါ

  •    သိပ္ပံပညာရှင်တွေက လူထုအကျိုးအတွက် မလုပ်ဆောင်ပေးတဲ့အခါ

  •    ဘာသာရေးခေါင်းဆောင်တွေက ဘုရားတရားလုပ်မယ့်အစား နိုင်ငံရေးဘက်မှာပဲ ပါဝင်ပတ်သက်နေတာတွေကို မြင်ရတဲ့အခါ

 လူတွေ အယုံအကြည် ပျက်သွားကြတယ်။ ဘယ်သူ့ကို ယုံကြည်အားကိုးမလဲဆိုတာ သတိထား ရွေးချယ်သင့်ပါတယ်။ သမ္မာကျမ်းစာမှာ ဒီလို သတိပေးထားတယ်–

  •    “လူတို့၏ခေါင်းဆောင်များကို မကိုးစားကြနှင့်။ အဘယ်လူသားမျှ သင်တို့ကို မကယ်တင်နိုင်။”—ဆာလံ ၁၄၆:၃ခေတ်သုံးမြန်မာသမ္မာကျမ်း။

သင် ယုံကြည်အားကိုးနိုင်သူ

  သင် ယုံကြည်အားကိုးနိုင်တဲ့သူ ရှိတယ်လို့ ကျမ်းစာ ဆိုတယ်။ ယေရှုခရစ်ပါပဲ။ ယေရှုဟာ လွန်ခဲ့တဲ့ အနှစ် နှစ်ထောင်ခန့်က အသက်ရှင်ခဲ့တဲ့ လူကောင်းတစ်ယောက်လောက်ပဲ မဟုတ်ဘူး။ ဘုရားသခင်က ယေရှုကို ဘုရင်အဖြစ် ခန့်အပ်တယ်။ ယေရှုဟာ “ထာဝစဉ် အုပ်စိုးလိမ့်မယ်။ သူ့ရဲ့အုပ်ချုပ်မှုဟာ အဆုံးတိုင်မှာ မဟုတ်ဘူး။” (လုကာ ၁:၃၂၊ ၃၃) ကောင်းကင်မှာ တည်ထောင်ထားတဲ့အစိုးရဖြစ်တဲ့ ဘုရားသခင့်နိုင်ငံတော်မှာ ယေရှုက ဘုရင်အဖြစ် အခု အုပ်ချုပ်နေပါတယ်။—မဿဲ ၆:၁၀