အောက်မေ့ရာကင်ပိန်း
ရာဇဝတ်မှုတွေကို ယေရှု အဆုံးတိုင်စေမယ်
ယေရှုကိုယ်တိုင် ရာဇဝတ်မှု၊ မတရားမှုတွေ ကြုံခဲ့ရလို့ အဲဒီလိုကြုံရသူတွေကို ကောင်းကောင်းကိုယ်ချင်းစာတယ်။ ယေရှုဟာ မဟုတ်မမှန် စွပ်စွဲခံရတယ်၊ မတရား ဖမ်းဆီးရိုက်နှက်ခံရတယ်၊ အပြစ်ရှိတယ်လို့ မှားယွင်းစွာ စီရင်ခံရပြီး ရက်စက်စွာ အသတ်ခံခဲ့ရတယ်။ မိမိမှာ အပြစ်မရှိပေမဲ့ “လူအများအတွက် ရွေးဖိုးအဖြစ် အသက်ကိုပေးဖို့” လိုလိုလားလား အနစ်နာခံခဲ့တယ်။ (မဿဲ ၂၀:၂၈။ ယောဟန် ၁၅:၁၃) အခုအချိန်မှာ ယေရှုဟာ ဘုရားသခင့်နိုင်ငံတော်ရဲ့ ဘုရင်ဖြစ်နေပြီ။ မကြာခင် မြေကြီးတစ်ခွင်မှာ ရာဇဝတ်မှုအားလုံးကို အပြီးပိုင်ဖယ်ရှားပေးပြီး တရားမျှတမှု ဆောင်ကြဉ်းပေးပါတော့မယ်။—ဟေရှာယ ၄၂:၃။
အဲဒီအချိန်ကျရင် ကမ္ဘာမြေရဲ့အခြေအနေ အခုလိုပြောင်းလဲသွားမယ်လို့ ကျမ်းစာဆိုတယ်–
“မကြာခင် လူဆိုးတွေ လုံးဝ ရှိတော့မှာ မဟုတ်ဘူး။ သူတို့ရှိတတ်တဲ့နေရာမှာ သွားကြည့်ရင်တောင် ရှိကြတော့မှာ မဟုတ်ဘူး။ စိတ်နူးညံ့သူတွေကတော့ ကမ္ဘာမြေကို ပိုင်ဆိုင်ရလိမ့်မယ်။ များပြားလှတဲ့ ငြိမ်သက်ခြင်းကြောင့် ပျော်ရွှင်ကြည်နူးရလိမ့်မယ်။”—ဆာလံ ၃၇:၁၀၊ ၁၁။
ကျွန်တော်တို့အတွက် ယေရှု လုပ်ဆောင်ပေးခဲ့ရာတွေ၊ လုပ်ဆောင်ပေးမယ့်အရာတွေအတွက် ကျေးဇူးတင်ကြောင်း ဘယ်လိုပြနိုင်သလဲ။ လုကာ ၂၂:၁၉ မှာ ယေရှုက မိမိရဲ့သေခြင်းကို သတိရအောက်မေ့ဖို့ နောက်လိုက်တွေကို မှာခဲ့တယ်။ ဒါကြောင့် ယေဟောဝါသက်သေတွေက နှစ်စဉ်နှစ်တိုင်း ယေရှုရဲ့သေခြင်းနှစ်ပတ်လည်နေ့မှာ စုဆုံစည်းဝေးကြတာပါ။ ၂၀၂၄ ခုနှစ်၊ မတ် ၂၄ ရက်၊ တနင်္ဂနွေနေ့မှာ ကျင်းပမယ့် ယေရှုရဲ့သေခြင်းအောက်မေ့ရာနေ့ကို တက်ရောက်ဖို့ ဖိတ်ခေါ်ပါတယ်။