မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သတိနဲ့ စောင့်နေကြပါ

ရုပ်တု၊ ရုပ်ပုံတွေကို ဝတ်ပြုကိုးကွယ်ခြင်း​—⁠သမ္မာကျမ်းစာ အဆိုက ဘာလဲ

ရုပ်တု၊ ရုပ်ပုံတွေကို ဝတ်ပြုကိုးကွယ်ခြင်း​—⁠သမ္မာကျမ်းစာ အဆိုက ဘာလဲ

 ကက်သလစ် သတင်းဌာနအဆိုအရ ၂၀၂၂၊ မတ်လ ၂၅ ရက်၊ စိန့် ပီတာ ဘုရားကျောင်းမှာ ကျင်းပတဲ့ အခမ်းအနားမှာ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က မာရိရုပ်တုရှေ့မှာ “မျက်စိမှိတ်၊ ဦးညွတ်ဂါရဝ ပြုပြီး အသံတိတ် ဆုတောင်း” တယ်လို့ ဖော်ပြထားတယ်။ ငြိမ်သက်ခြင်း ပေးသနားဖို့ “မာရိဆီ အသနားခံ” ခဲ့တယ်။ ဗာတီကန်သတင်းတစ်ခုမှာ “ပုပ်ရဟန်းမင်းကြီးက လူသားမျိုးနွယ် အထူးသဖြင့် ရုရှားနဲ့ ယူကရိန်း အရေးကိစ္စအတွက် မာရိရဲ့ စိတ်နှလုံးထဲရောက်အောင် ဆုတောင်းခဲ့တယ်” လို့ ဆိုတယ်။

 သင် ဘယ်လို ထင်ပါသလဲ။ ရုပ်တု၊ ရုပ်ပုံတွေရှေ့ ဆုတောင်းတာ၊ ဝတ်ပြုရေးမှာ ရုပ်တု၊ ရုပ်ပုံတွေကို အသုံးပြုတာ သင့်လျော်ပါသလား။ အောက်ပါ ကျမ်းချက်တွေကို သုံးသပ်ပါ–

  •   “အထက်မိုးကောင်းကင်ပေါ်က၊ အောက်အရပ်မြေကြီးပေါ်က၊ မြေအောက် ရေထဲက အရာတစ်ခုခုနဲ့ ပုံသဏ္ဌာန်တူတာကိုဖြစ်စေ၊ ရုပ်တုကိုဖြစ်စေ မလုပ်နဲ့။ အဲဒါတွေကို ဦးမချနဲ့။ ဝတ်မပြုနဲ့။ မင်းတို့ရဲ့ဘုရားသခင် ငါယေဟောဝါဟာ ငါတစ်ပါးတည်းကိုပဲ ကိုးကွယ်ဆည်းကပ်ဖို့ တောင်းဆိုတဲ့ဘုရား[ပဲ။]”​—⁠ထွက်မြောက်ရာ ၂၀:​၄၊ ၅ a

  •   “သူတို့ရဲ့ ဘုရားတွေကတော့ ရွှေငွေနဲ့လုပ်ထားတဲ့ ရုပ်တုတွေပဲ။ လူ့လက်နဲ့ လုပ်ထားတာတွေပဲ။ အဲဒီရုပ်တုတွေမှာ ပါးစပ်ရှိပေမဲ့ စကားမပြောတတ်ဘူး။ မျက်စိရှိပေမဲ့ မမြင်ဘူး။ နားရှိပေမဲ့ မကြားဘူး။ နှာခေါင်းရှိပေမဲ့ အနံ့မခံနိုင်ဘူး။ လက်ရှိပေမဲ့ မထိတွေ့နိုင်ဘူး။ ခြေထောက်ရှိပေမဲ့ လမ်းမလျှောက်နိုင်ဘူး။ လည်ချောင်းနဲ့လည်း အသံမပြုနိုင်ဘူး။ ရုပ်တုလုပ်တဲ့သူတွေရော ယုံကြည်ကိုးစားသူတွေပါ အဲဒီရုပ်တုတွေလိုပဲ ဖြစ်သွားလိမ့်မယ်။”​—⁠ဆာလံ ၁၁၅:​၄-၈

  •   “ငါဟာ ယေဟောဝါပဲ။ ဒါဟာ ငါ့နာမည်ပဲ။ ငါ့ရဲ့ဘုန်းအသရေကို ဘယ်သူ့ကိုမှ မပေးဘူး။ ငါရထိုက်တဲ့ ချီးမွမ်းခြင်းကိုလည်း ရုပ်တုတွေကို မပေးဘူး။”​—⁠ဟေရှာယ ၄၂:⁠၈

  •   “ရုပ်တုကိုးကွယ်ခြင်းကို ဝေးဝေးရှောင်ကြပါ။”​—⁠၁ ကောရိန္သု ၁၀:⁠၁၄

  •   “ရုပ်တုဆင်းတုကို ဝေးဝေးရှောင်ကြပါ။”​—⁠၁ ယောဟန် ၅:⁠၂၁

 ဝတ်ပြုရေးမှာ ရုပ်တု၊ ရုပ်ပုံသုံးတာနဲ့ပတ်သက်ပြီး ကျမ်းစာအဆိုကို ထပ်လေ့လာဖို့ “သမ္မာကျမ်းစာရှုထောင့်​—⁠ရုပ်ပုံတော်များ” ဆောင်းပါးကို ဖတ်ပါ။ ဒါမှမဟုတ် ဝတ်ပြုရေးမှာ ရုပ်တုတွေ အသုံးပြုခြင်းကို ဘုရားသခင် နှစ်သက်သလား ဗီဒီယိုကို ကြည့်ပါ။

 အောက်ပါအကြောင်းအရာတွေနဲ့ပတ်သက်တဲ့ ကျမ်းစာအဆိုကိုလည်း သင် စိတ်ဝင်စားပါလိမ့်မယ်။

Photo credit: Vincenzo Pinto/AFP via Getty Images

a ယေဟောဝါဆိုတာ ဘုရားသခင်ရဲ့ နာမည် ဖြစ်တယ်။ (ဆာလံ ၈၃:၁၈) “ယေဟောဝါဆိုတာ ဘယ်သူလဲ” ဆောင်းပါးကို ကြည့်ပါ။