မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

Thai Liang Lim/E+ via Getty Images

သတိနဲ့ စောင့်နေကြပါ

လူမှုမီဒီယာကြောင့် သင့်ကလေး ထိခိုက်နေသလား—မိဘတွေအတွက် ကျမ်းစာထဲက အကူအညီ

လူမှုမီဒီယာကြောင့် သင့်ကလေး ထိခိုက်နေသလား—မိဘတွေအတွက် ကျမ်းစာထဲက အကူအညီ

 “လူငယ်တွေ စိတ်ကျန်းမာရေးပြဿနာ ကြုံနေကြတယ်။ ဒီကိစ္စကို အရေးတကြီး ကိုင်တွယ်ဖြေရှင်းဖို့လိုနေပြီ။ ပြဿနာဖြစ်ရတဲ့ အကြောင်းတစ်ခုဟာ လူမှုမီဒီယာကြောင့်ပဲ။—အမေရိကန် ပြည်သူ့ကျန်းမာရေးဆိုင်ရာ အရာရှိချုပ် ဒေါက်တာ ဗီဗက် မာသီ၊ နယူးယောက်တိုင်းမ်၊ ဇွန် ၁၇၊ ၂၀၂၄။

 သားသမီးတွေကို လူမှုမီဒီယာရဲ့အန္တရာယ်ကနေ မိဘတွေ ဘယ်လိုကာကွယ်ပေးကြမလဲ။ ကျမ်းစာထဲက ပညာရှိအကြံပြုချက်တွေကို သုံးသပ်ကြည့်ပါ။

မိဘတွေ လုပ်ဆောင်နိုင်ရာ

 အောက်ပါကျမ်းစာအခြေခံမူတွေကို သုံးသပ်ကြည့်ပါ။

 “အမြော်အမြင်ရှိသူကတော့ ခြေလှမ်းတိုင်းကို စဉ်းစားဆင်ခြင်တတ်တယ်။”—ပညာအလိမ္မာ ၁၄:၁၅

 လူမှုမီဒီယာကြောင့် ကလေးတွေကို မထိခိုက်စေချင်ရင် ပေးမသုံးဖို့ ဆုံးဖြတ်နိုင်တယ်။ ပေးသုံးမယ်ဆိုရင်လည်း ကလေးက လူမှုမီဒီယာမှာ မကြည့်သင့်တာမကြည့်ဖို့၊ မိတ်ဆွေကောင်းတွေနဲ့ပဲ ဆက်သွယ်ဖို့၊ အချိန်အကန့်အသတ်နဲ့ကြည့်ဖို့ ကိုယ့်ကိုယ်ကိုယ် ကြပ်မတ်နိုင်လောက်တဲ့အထိ ရင့်ကျက်နေပြီလားဆိုတာ သုံးသပ်ရမယ်။

 “အချိန်ကို အကျိုးရှိရှိ အသုံးချကြပါ။”—ဧဖက် ၅:၁၆

 ကလေးကို လူမှုမီဒီယာ ပေးသုံးမယ်ဆိုရင် စည်းမျဉ်းသတ်မှတ်ထားပါ။ စည်းမျဉ်းတွေကြောင့် ဘယ်လိုအကာအကွယ်ရသလဲဆိုတာလည်း ရှင်းပြပါ။ ကလေးရဲ့အပြုအမူကို မျက်စိရှင်ရှင်ထားကြည့်ပါ။ တစ်ခုခုပြောင်းလဲသွားတာ သတိထားမိရင် လူမှုမီဒီယာ လျှော့သုံးခိုင်းပါ။

ထပ်လေ့လာကြည့်ပါ

 “အလွန် ခက်ခဲကျပ်တည်း” တဲ့အချိန်မှာ ကျွန်တော်တို့ အသက်ရှင်နေရတယ်လို့ ကျမ်းစာဆိုတယ်။ (၂ တိမောသေ ၃:၁-၅) ဒါပေမဲ့ ကျမ်းစာအကူအညီနဲ့ အခက်အခဲတွေကို ရင်ဆိုင်နိုင်ပါတယ်။ ဆယ်ကျော်သက် စိတ်ကျန်းမာရေး ဆိုတဲ့ အပိုင်းမှာ မိဘနဲ့သားသမီးတွေအတွက် ပြင်ဆင်ထားတဲ့ ကျမ်းစာအခြေပြုဆောင်းပါး ၂၀ ကျော်ကို ဖတ်ရှုနိုင်တယ်။