အထီးကျန်ဝေဒနာကို ဘယ်လို ကုစားရပါ့မလဲ
တစ်ကိုယ်တည်း ဖြစ်နေတယ်၊ အထီးကျန်လိုက်တာလို့ ခံစားနေရပါသလား။ ဒါဆိုရင် “အိမ်မိုးပေါ်မှာ အထီးကျန်နေတဲ့ ငှက်လိုပါပဲ” လို့ပြောခဲ့တဲ့ ဆာလံဆရာလို ခံစားနေရနိုင်တယ်။ (ဆာလံ ၁၀၂:၇) ကျမ်းစာမှာပါတဲ့ အကြံပြုချက်တွေက အထီးကျန်ဝေဒနာကို ကုစားဖို့ ကူညီပေးနိုင်တယ်။
ဘုရားသခင်နဲ့ ရင်းနှီးနေအောင် ကြိုးစားပါ
တစ်ကိုယ်တည်း ဖြစ်နေချိန်မှာတောင် ဘုရားသခင်ကို မှီခိုဖို့ လိုအပ်မှန်း အသိအမှတ်ပြုမယ်၊ ဘုရားနဲ့ ရင်းနှီးအောင် ကြိုးစားနေမယ်ဆိုရင် ပျော်ရွှင်နိုင်မယ်။ (မဿဲ ၅:၃၊ ၆) အောက်ပါအချက်တွေက အကူအညီ ဖြစ်စေနိုင်တယ်။
တိကျမှန်ကန်ပြီး ဖတ်ရလွယ်တဲ့ အွန်လိုင်းကျမ်းစာ
ဘဝနဲ့ပတ်သက်တဲ့ အရေးကြီး မေးခွန်းတွေကို ဖြေဆိုထားတဲ့ အွန်လိုင်း ကျမ်းစာသင်ခန်းစာများ
အရေးကြီး ကျမ်းစာသွန်သင်ချက်တွေပါတဲ့ ဗီဒီယိုအတိုများ
“ကျမ်းစာမေးခွန်းများရဲ့ အဖြေ”—မေးလေ့ရှိတဲ့ မေးခွန်းတွေရဲ့ တိုက်ရိုက်အဖြေများ
“သူတို့ရဲ့ ယုံကြည်ခြင်းကို တုပပါ”—ကျမ်းစာပါ သစ္စာရှိ အမျိုးသား/သမီးတွေရဲ့ ဘဝ တစေ့တစောင်း ဆောင်းပါးတွဲ
“အလိုလို ဖြစ်လာနိုင်ပါ့မလား”—သဘာဝလောကရဲ့ လှပဆန်းကြယ်ပုံ ဆောင်းပါးတွဲ
အားရှိစရာ ကျမ်းချက်တွေ ဖတ်ပါ
အောက်ပါ ကျမ်းချက်တွေက လူများစွာကို အားရှိစေတယ်။ တစ်ထိုင်တည်း ကျမ်းချက်အများကြီး ဖတ်မယ့်အစား တစ်ကိုယ်တည်း ရှိနေချိန်မှာ ကျမ်းပိုဒ်တစ်ပိုဒ်စီကို အချိန်ယူ တွေးတောပါ။ ဆုတောင်းပါ။—မာကု ၁:၃၅။
ကမ္ဘာ့အခြေအနေ ဘာကြောင့် ဆိုးနေမှန်း သိအောင် လေ့လာပါ
ကမ္ဘာ့အခြေအနေတွေ ဆိုးနေရတဲ့ အကြောင်းရင်း၊ ဘုရားသခင် အရေးယူ လုပ်ဆောင်တော့မယ့်အကြောင်းတွေကို သိထားရင် အခက်အခဲတွေကို ကောင်းစွာ ရင်ဆိုင်ဖြေရှင်းနိုင်မယ်။—ဟေရှာယ ၆၅:၁၇။
မလိုအပ်တဲ့ စိုးရိမ်ပူပန်စရာတွေကို ခေါင်းထဲက ထုတ်လိုက်ပါ
အောက်ပါ အကြောင်းအရာတွေနဲ့ပတ်သက်တဲ့ ဆောင်းပါးတွေက အထီးကျန်ဝေဒနာကြောင့် စိတ်ဖိစီးလာတဲ့အခါ ကိုင်တွယ်ဖြေရှင်းနိုင်အောင်၊ ဆက် “မစိုးရိမ်” တော့အောင် ကူညီပေးနိုင်တယ်။—မဿဲ ၆:၂၅။
မိတ်ဆွေကောင်း ဖွဲ့ပါ
မိတ်ဆွေတွေက စိတ်ကို ကျန်းမာကြံ့ခိုင်စေတယ်။ လူချင်း တွေ့ဖို့ ခက်နေချိန်မှာ ပိုလိုအပ်တယ်။ အိမ်တွင်းအောင်းနေရချိန်မှာ ဗီဒီယိုချိတ်ဆက်ခြင်း၊ ဖုန်းဆက်ခြင်းအားဖြင့် မိတ်ဆွေနှောင်ကြိုး ဆက်ခိုင်မြဲစေနိုင်သလို မိတ်ဆွေသစ်တွေ ဖွဲ့နိုင်ပါတယ်။ အောက်ပါ ဆောင်းပါးတွေက မိတ်ဆွေစစ် ရှာတွေ့နိုင်ဖို့၊ ကိုယ်တိုင် မိတ်ဆွေစစ် ဖြစ်နိုင်ဖို့ ကူညီပေးတယ်။—ပညာအလိမ္မာ ၁၇:၁၇။
ကိုယ်လက်လှုပ်ရှား အားကစား လုပ်ပါ
‘ကာယလေ့ကျင့်ခန်း လုပ်တာ အကျိုးရှိတယ်’ လို့ ကျမ်းစာမှာ ပြောတယ်။ (၁ တိမောသေ ၄:၈) ကာယလေ့ကျင့်ခန်းက အထူးသဖြင့် တစ်ကိုယ်တည်း ဖြစ်နေချိန်မှာ စိတ်ကို ကျန်းမာကြံ့ခိုင်စေတယ်။ အိမ်ပြင် မထွက်ရရင်လည်း လန်းဆန်းပေါ့ပါးနေစေဖို့ လုပ်ဆောင်နိုင်စရာတွေ ရှိတယ်။