မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘယ်– ဟာရီကိန်း အီယန်၊ ဖလော်ရီဒါပြည်နယ်၊ အမေရိကန်၊ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ (Sean Rayford/Getty Images)။ အလယ်– ထွက်ပြေးလာတဲ့ သားအမိနှစ်ယောက်၊ ဒွန်းညက်ဒေသ၊ ယူကရိန်း၊ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ (Alex Chan Tsz Yuk/SOPA Images/LightRocket via Getty Images)။ ညာ– ကိုဗစ် စစ်နေ၊ ပေကျင်းမြို့၊ တရုတ်၊ ၂၀၂၂ ခုနှစ်၊ ဧပြီလ (Kevin Frayer/Getty Images)

သတိနဲ့ စောင့်နေကြပါ

၂၀၂၂၊ ကသောင်းကနင်းနိုင်လှတဲ့ နှစ်—ကျမ်းစာအဆိုက ဘာလဲ

၂၀၂၂၊ ကသောင်းကနင်းနိုင်လှတဲ့ နှစ်—ကျမ်းစာအဆိုက ဘာလဲ

 ၂၀၂၂ ခုနှစ်အတွင်းမှာ စစ်၊ စီးပွားရေး အကျပ်အတည်း၊ သဘာဝဘေးအန္တရာယ်တွေအကြောင်း သတင်းတွေမှာ မပြတ် ကြားခဲ့ရတယ်။ ဒါတွေဖြစ်ရတဲ့ နောက်ကွယ်က အကြောင်းရင်းကို သမ္မာကျမ်းစာကပဲ ရှင်းပြနိုင်ပါတယ်။

၂၀၂၂ အဖြစ်အပျက်တွေရဲ့ နောက်ကွယ်က အကြောင်းရင်း

 ၂၀၂၂ အဖြစ်အပျက်တွေက ကျမ်းစာမှာ ပြောထားတဲ့ “နောက်ဆုံးကာလ” အတွင်း ကျွန်တော်တို့ အသက်ရှင်နေရတယ်ဆိုတာ ပိုသိသာထင်ရှားသွားစေပါတယ်။ (၂ တိမောသေ ၃:၁) နောက်ဆုံးကာလဟာ ၁၉၁၄ ခုနှစ်မှာ စတင်တယ်။ ကျမ်းစာကြိုဟောချက်နဲ့ လတ်တလောဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေ ကိုက်ညီနေပုံကို သတိပြုကြည့်ပါ–

 “စစ်မက်သတင်းတွေ။”မဿဲ ၂၄:၆

  •   “ဥရောပမှာ ကြောက်စရာကောင်းတဲ့ စစ်ဒဏ်ကို ၂၀၂၂ မှာ တစ်ကျော့ပြန် ခံစားရ။” a

 “ယူကရိန်းကို ရုရှား ကျူးကျော်ဝင်ရောက်” ဆောင်းပါးကို ကြည့်ပါ။

 “အစာခေါင်းပါးတာ။”မဿဲ ၂၄:၇

  •   “၂၀၂၂ ခုနှစ်ဟာ မကြုံစဖူး အငတ်ဘေး ကြုံရတဲ့ နှစ်ပဲ။” b

 “ကပ်ရောဂါဘေးတွေ။”လုကာ ၂၁:၁၁

  •   “ပြန်ခေါင်းထောင်လာတဲ့ ပိုလီယိုရောဂါ၊ ကူးစက်ပျံ့နှံ့လာတဲ့ မျောက်ကျောက်ရောဂါ၊ ဆက်ပြီးဒုက္ခပေးနေတဲ့ ကိုဗစ်-၁၉ ရောဂါတွေကြောင့် ကူးစက်ရောဂါရဲ့ အန္တရာယ်ကို အထင်းသား မြင်နေရပြီး လူသားတွေ အလူးအလဲ ခံနေရတယ်။” c

 ကိုဗစ်ကြောင့် လူ ၆ သန်း သေဆုံး” ဆောင်းပါးကို ဖတ်ပါ။

 “ကြောက်လန့်စရာ မြင်ကွင်းတွေ။”လုကာ ၂၁:၁၁

  •   “အပူလှိုင်း၊ မိုးခေါင်ရေရှားမှု၊ တောမီး၊ ရေကြီးရေလျှံမှုများ။ ၂၀၂၂ နွေရာသီကို ပြင်းထန်တဲ့ ရာသီဥတု ဖြစ်ရပ်များစွာနဲ့ တွဲမှတ်မိနေကြပါလိမ့်မယ်။ အကြီးအကျယ် ပျက်စီးခဲ့တယ်၊ လူထောင်နဲ့ချီ သေဆုံးခဲ့တယ်၊ သန်းနဲ့ချီတဲ့သူတွေ အိုးအိမ်တွေ ဆုံးရှုံးသွားရတယ်။” d

 “ဆူပူအုံကြွတဲ့သတင်းတွေ။”လုကာ ၂၁:၉

  •   “စီးပွားရေးအကျပ်အတည်း၊ အထူးသဖြင့် ငွေကြေးဖောင်းပွမှုကြောင့် လူတွေ ဒေါသထွက်ပြီး ၂၀၂၂ ခုနှစ်အတွင်းမှာ အစိုးရကို ဆန္ဒပြမှုတွေ ပိုတိုးလာတယ်။” e

နောက်နှစ်မှာ ဘာတွေ ဖြစ်လာမလဲ

 ၂၀၂၃ ခုနှစ်အတွင်း ဘာတွေဖြစ်လာမယ်ဆိုတာကိုတော့ ဘယ်သူမှ တတ်အပ်မပြောနိုင်ဘူး။ ဒါပေမဲ့ သိပ်မကြာခင် ဘာတွေ ဖြစ်လာမယ်ဆိုတာကိုတော့ သိထားပါတယ်။ ကောင်းကင်မှာ တည်ထောင်ထားတဲ့ ဘုရားသခင့်အစိုးရက ကမ္ဘာ့အခြေအနေတွေကို ပြောင်းလဲပေးပါတော့မယ်။ (ဒံယေလ ၂:၄၄) လူသားတွေကို ဆင်းရဲဒုက္ခရောက်စေတဲ့ အရာတွေကို ဖယ်ရှားမယ်။ ဘုရားအလိုတော် ကမ္ဘာပေါ်မှာ ပြည့်စုံလာမှာ သေချာတယ်။—မဿဲ ၆:၉၊ ၁၀

 ကမ္ဘာ့အဖြစ်အပျက်တွေက ကျမ်းစာကြိုဟောချက်တွေ ပြည့်စုံနေတာဖြစ်လို့ “သတိနဲ့ စောင့်နေကြပါ” လို့ ပြောခဲ့တဲ့ ယေရှုခရစ်ရဲ့ အကြံပြုချက်ကို လိုက်နာကြဖို့ အားပေးပါတယ်။ (မာကု ၁၃:၃၇) အခုအချိန်မှာ သင်နဲ့ သင့်မိသားစု ကျမ်းစာကနေ အကူအညီ ရနိုင်ပုံ၊ ကောင်းမွန်တဲ့ အနာဂတ်မျှော်လင့်ချက် ရရှိနိုင်ပုံတို့ကို ပိုသိချင်ရင် ကျေးဇူးပြု၍ ယေဟောဝါသက်သေတွေကို ဆက်သွယ်ပါ

a AP သတင်း၊ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၈ ရက်၊ ဂျေးလ် လောလက်စ်ရဲ့ “ဥရောပမှာ ကြောက်စရာကောင်းတဲ့ စစ်ဒဏ်ကို ၂၀၂၂ မှာ တစ်ကျော့ပြန် ခံစားရ” ဆောင်းပါး။

b ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်က ထုတ်ပြန်တဲ့ “ကမ္ဘာချီ စားနပ်ရိက္ခာ အကျပ်အတည်း” ဆောင်းပါး။

c JAMA ကျန်းမာရေး ဖိုရမ်၊ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၂ ရက်၊ လောရန့် အို. ဂိုစတင်၊ ဂျေဒီ ရေးသားတဲ့ “ကပ်ရောဂါကာလအတွင်း အသက်ရှင်နေထိုင်ခြင်း—ကိုဗစ်-၁၉ မှ မျောက်ကျောက်၊ ပိုလီယို၊ နောက်ပေါ်လာနိုင်တဲ့ ရောဂါများ ဆီသို့” ဆောင်းပါး။

d Earth.Org၊ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၂၄ ရက်၊ မာတိနာ အစ်နီ ရေးသားတဲ့ “၂၀၂၂ နွေရာသီမှာ စံချိန်ချိုးခဲ့တဲ့ ပြင်းထန်ရာသီဥတု ဖြစ်ရပ်တွေနောက်ကွယ်မှာ ဘာရှိသလဲ” ဆောင်းပါး။

e အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးအတွက် ကာနကီ ထောက်ပံ့ရေးအဖွဲ့၊ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၈ ရက်၊ သောမတ် ကာရိုသာနဲ့ ဘင်ဂျမင် ဖလက်မန်း ရေးသားတဲ့ “စီးပွားရေးဒေါသကြောင့် ၂၀၂၂ မှာ ကမ္ဘာချီ ဆန္ဒပြမှုတွေ ဖြစ်ပွား” ဆောင်းပါး။