မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အလှူငွေတွေကို အသုံးပြုပုံ

စိတ်ချရရုံမက ယုံကြည်ခြင်း တိုးပွားစေတဲ့ သတင်းတွေ

စိတ်ချရရုံမက ယုံကြည်ခြင်း တိုးပွားစေတဲ့ သတင်းတွေ

၂၀၂၁၊ ဒီဇင်ဘာ ၁

 ယေဟောဝါသက်သေတွေဟာ ယုံကြည်သူချင်းတွေကို အလွန် ဂရုစိုက်ကြတယ်။ (၁ ပေတရု ၂:၁၇) “ကမ္ဘာတစ်ဝန်းက ညီအစ်ကို/မတွေ ဘယ်လို နေကြသလဲဆိုတာ ကျွန်မ သိပ်သိချင်တယ်” လို့ ပြောတဲ့ ကင်ညာနိုင်ငံက ညီအစ်မ တာနစ်လိုပဲ ကျွန်တော်တို့ ခံစားရတယ်။ တာနစ်နဲ့ သက်သေခံများစွာဟာ အဲဒီသတင်းတွေကို ဘယ်လို ရကြသလဲ။ ၂၀၁၃ ခုနှစ်ကတည်းက ကျွန်တော်တို့ရဲ့ jw.org ဝက်ဘ်ဆိုက်မှာ ပါတဲ့ သတင်းကဏ္ဍကြောင့် သိနိုင်တာပါ။

 ဒီသတင်းကဏ္ဍမှာ ဘာသာပြန်ကျမ်းသစ်တွေ ထုတ်ဝေမှု၊ သဘာဝဘေး ကယ်ဆယ်ရေးလုပ်ငန်း၊ ဆောက်လုပ်ရေး စီမံကိန်း၊ ထူးခြားတဲ့ အဖြစ်အပျက်စတဲ့ ယေဟောဝါသက်သေတွေနဲ့ပတ်သက်တဲ့ သတင်းအမှန်တွေကို ဖော်ပြထားတယ်။ ယုံကြည်ခြင်းကြောင့် ထောင်ကျနေတဲ့ ညီအစ်ကို/မတွေရဲ့ သတင်းကိုလည်း တွေ့ရတယ်။ ဟောပြောခြင်းကင်ပိန်း၊ အောက်မေ့ရာပွဲနဲ့ဆိုင်တဲ့ အားရှိစရာ တွေ့ကြုံမှုတွေကိုလည်း သိစေတယ်။ ဒီသတင်းဆောင်းပါးတွေကို ဘယ်သူတွေ ရှာဖွေလေ့လာပြီး ဘယ်လို ပြင်ဆင်ကြသလဲ။

သတင်းအဖြစ် တင်ဆက်ဖို့ ဆုံးဖြတ်ပြီး ပေးပို့ခြင်း

 သတင်းကဏ္ဍကို သတင်းအချက်အလက်ဌာန (OPI) က တာဝန်ယူတယ်။ ဒီဌာနက ကမ္ဘာ့ဌာနချုပ်၊ အုပ်ချုပ်ရေးအဖွဲ့ရဲ့ ညှိနှိုင်းရေးမှူး ကော်မတီ လက်အောက်မှာ ရှိတယ်။ OPI မှာ ညီအစ်ကို/မ ၁၀၀ ကျော်ဟာ စေတနာ့ဝန်ထမ်းအဖြစ် အဝေးကနေ အမှုဆောင်ကြတယ်။ စာရေးသူ၊ သုတေသနလုပ်သူ၊ ပုံဆွဲသူ၊ ဘာသာပြန်သူတွေ ဖြစ်ကြတယ်။ အစိုးရ အရာရှိတွေ၊ ပညာရှင်တွေ၊ မီဒီယာတွေနဲ့ ဆက်သွယ်ပေးတဲ့သူတွေလည်း ရှိတယ်။ ကမ္ဘာတစ်ဝန်း ဌာနခွဲတွေမှာ ရှိတဲ့ လူထုသတင်းအချက်အလက်ဌာန (PID) ၈၀ ကျော်က OPI ကို ကူညီတယ်။

 သတင်းတစ်ပုဒ် ပြင်ဆင်ဖို့ OPI နဲ့ PID ပူးပေါင်းလုပ်ဆောင်ကြတယ်။ ညီအစ်ကိုတွေက အဖြစ်အပျက်တစ်ခုကို သတင်းအဖြစ် တင်ဆက်ရင် ကောင်းမယ်လို့ ဆုံးဖြတ်လိုက်တဲ့အခါ အဲဒီအကြောင်းကို ရှာဖွေလေ့လာတယ်၊ စိတ်ချရတဲ့ သတင်းအချက်အလက်ကို စုစည်းတယ်။ လူတွေ့မေးမြန်းခန်းအပြင် ကျွမ်းကျင်သူတွေနဲ့ တိုင်ပင်ဆွေးနွေးကြတယ်။ အချက်အလက် စုံပြီဆိုရင် သတင်းဆောင်းပါးကို ရေးတယ်၊ တည်းဖြတ်တယ်၊ စာစစ်တယ်၊ ဓာတ်ပုံတွေ ထည့်တယ်။ ပြီးတဲ့နောက် ညှိနှိုင်းရေးမှူး ကော်မတီရဲ့ ခွင့်ပြုချက် ရဖို့ ပို့ပေးကြတယ်။

ကျေးဇူးတင်စကားများ

 သတင်းကဏ္ဍကို ညီအစ်ကို/မတွေ ဘယ်လို သဘောထားကြသလဲ။ ဖိလစ်ပိုင်နိုင်ငံက ညီအစ်မ ရှဲရယ်လ်က “တစ်နေ့တာအစမှာ ယေဟောဝါအဖွဲ့အစည်းနဲ့ ညီအစ်ကို/မတွေအကြောင်း ဖတ်ရလို့ သိပ်ပျော်တယ်” ဆိုပြီး ပြောတယ်။

 jw.org သတင်းကဏ္ဍက တခြားသတင်းမီဒီယာတွေနဲ့ ကွာခြားမှန်း စာရှုသူ အတော်များများ ပြောကြတယ်။ ကာဇက်စတန်နိုင်ငံမှာ နေတဲ့ တာတီယာနာက “jw.org သတင်းတွေက စိတ်ချရလို့ ကျေးဇူးတင်လိုက်တာ။ စိတ်ချရရုံမက အဖြစ်မှန်တွေပါ” လို့ ပြောတယ်။ မက္ကဆီကိုနိုင်ငံက ညီအစ်မ အယ်လ်မာက “ကြားနေကျ စိတ်ပျက်စရာသတင်းတွေနဲ့ ယှဉ်ရင် ကျွန်မတို့ရဲ့ သတင်းကဏ္ဍထဲက သတင်းတွေဟာ အားရှိစရာပဲ” လို့ ပြောတယ်။

 သတင်းကဏ္ဍက စိတ်ချရရုံမက ယုံကြည်ခြင်း ခိုင်ခံ့စေတယ်။ ကင်ညာနိုင်ငံမှာ နေတဲ့ ဘာနာဒ်က “သတင်းကဏ္ဍကြောင့် ကမ္ဘာတစ်ဝန်းမှာ ရှိတဲ့ ညီအစ်ကို/မတွေကို ကိုယ့်မိသားစုလို့ သဘောထားတတ်လာတယ်။ သူတို့ရဲ့ နာမည်တွေသာမက သူတို့ရဲ့ အခြေအနေတွေကိုပါ ထည့်ဆုတောင်းပေးနိုင်ပြီ” လို့ ပြောတယ်။ ကင်ညာနိုင်ငံက နောက်ညီအစ်မ ဘိုင်ဗရွန်ကလည်း “ကမ္ဘာသစ်ဘာသာပြန်ကျမ်းကို တခြားဘာသာစကားနဲ့ ထုတ်ဝေလိုက်ပြီဆိုတဲ့ ဆောင်းပါးတွေ တွေ့တိုင်း ကျွန်မ စိတ်လှုပ်ရှားတယ်။ ဒီဆောင်းပါးတွေက ယေဟောဝါဟာ မျက်နှာမလိုက်တဲ့ဘုရား ဖြစ်မှန်း သတိရစေတယ်” လို့ ပြောတယ်။

သတင်းကဏ္ဍကြောင့် ကမ္ဘာတစ်ဝန်းက ညီအစ်ကို/မတွေ ကြုံနေရတဲ့ အခက်အခဲတွေကို အတိအကျ ထည့်ဆုတောင်းပေးနိုင်တယ်

 နှိပ်စက်ညှဉ်းဆဲခံနေရတဲ့ ညီအစ်ကိုတွေရဲ့ သတင်းတွေကတောင် တကယ် အားရှိစေတယ်။ “သူတို့ရဲ့ ရဲစွမ်းသတ္တိအကြောင်း စဉ်းစားလိုက်ရင် ကျွန်မ ယုံကြည်ခြင်း ပိုခိုင်ခံ့လာတယ်။ သူတို့ ဘာကြောင့် ဒီလောက် ခံနိုင်ရည် ရှိသလဲဆိုတာ ကျွန်မ သိအောင် လေ့လာတယ်။ ‘သာမန်ကိစ္စ’ လို့ ထင်ရတဲ့ ဆုတောင်းတာ၊ ကျမ်းစာဖတ်တာ၊ သီချင်းဆိုတာတွေက သူတို့ကို ခွန်အားရှိစေတာ အမှန်ပဲ” ဆိုပြီး ကင်ညာနိုင်ငံက ညီအစ်မ ဂျက်လင် ပြောတယ်။

 ကော့စတာရီကာမှာ နေတဲ့ ညီအစ်မ ဘီအဲထရစ်ကတော့ သဘာဝဘေးအန္တရာယ် သတင်းတွေကို တန်ဖိုးထားတယ်။ “ကျွန်မတို့ရဲ့ အဖွဲ့အစည်းဟာ ညီအစ်ကိုတွေ လိုအပ်တာကို အချိန်တိုအတွင်း အကျိုးရှိရှိ၊ မေတ္တာပါပါ ကူညီထောက်ပံ့ပေးတဲ့အကြောင်း သတင်းကဏ္ဍကတစ်ဆင့် သိရတယ်။ ဒါဟာ ယေဟောဝါရဲ့ အဖွဲ့အစည်းပဲဆိုတာ ပိုယုံကြည်စိတ်ချလာတယ်” လို့ ပြောတယ်။

 ကမ္ဘာချီ ညီအစ်ကိုအသင်းအပင်းရဲ့ နောက်ဆုံးသတင်းတွေ ကြားသိရတာ ကျေးဇူးတင်စရာပါ။ donate.pr418.com ကတစ်ဆင့် ကမ္ဘာချီလုပ်ငန်းအတွက် ညီအစ်ကို/မတို့ ထည့်ဝင်တဲ့ အလှူငွေတွေကြောင့်သာ ဒါတွေကို လုပ်ဆောင်နိုင်ခြင်း ဖြစ်တယ်။ ညီအစ်ကို/မတို့ရဲ့ ရက်ရက်ရောရော လှူဒါန်းမှုတွေအတွက် ကျေးဇူးတင်ပါတယ်။