မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကလေးလို ဖြစ်ပါ

ကလေးလို ဖြစ်ပါ

ကူးယူပါ–

  1. ၁။ လောကရဲ့ မာနစိတ်

    ရှောင်ဖို့တွက် ကလေးလို ဖြစ်စို့

    ယေရှု တို့ သိအောင် အထပ်ထပ် ပြောခဲ့

    ကလေးရဲ့ စိတ်ကို မွေးဖို့ပေါ့

    တို့ မျက်နှာမလိုက်၊ တုပ တို့ဘုရား၊ အားလုံးပဲ တန်းတူထား

    (ထပ်ကျော့ပိုဒ်)

    ဖြူစင်စိတ်ရင်း တို့ချစ်ကြမယ် ကလေးလိုပဲ

    စာနာရင်း အချင်းချင်း ကောင်းကွက်ကိုပဲ ကြည့်မယ်

    ကြင်နာစိတ်ရင်း ရိုင်းပင်းကြမယ် ကလေးလိုပဲ

    ဘယ်လိုပဲ ကွာခြားလည်း တို့ မျက်ကွယ်ပြုထားမယ်

  2. ၂။ ခံစားချက်မဲ့လာ လောက

    လူတွေ အေးစက်မေတ္တာ စိမ်းကား

    သူများအရေး စာနာမှု ကင်းမဲ့လာ

    အရေးမစိုက် မငဲ့ကွက်ကြ

    နှိမ့်ချစွာ သူများ ကိုယ့်ထက် ပိုသာမှန်း သိမှတ်မပြုချင်ကြ

    (ထပ်ကျော့ပိုဒ်)

    ဖြူစင်စိတ်ရင်း တို့ချစ်ကြမယ် ကလေးလိုပဲ

    စာနာရင်း အချင်းချင်း ကောင်းကွက်ကိုပဲ ကြည့်မယ်

    ကြင်နာစိတ်ရင်း ရိုင်းပင်းကြမယ် ကလေးလိုပဲ

    ဘယ်လိုပဲ ကွာခြားလည်း တို့ မျက်ကွယ်ပြုထားမယ်

    ကလေးစိတ် မွေးမယ်

    (ဆက်ဆိုရန်)

    ရင့်ကျက်စွာ တို့ တွေး

    ဝတ်ပြုပျော်ရွှင်ရင်း

    ကိုယ့်ကျရာကဏ္ဍ

    ပေးဆက်မှုဆောင်ရင်း

    ကလေးတစ်ယောက်လို ဖြစ်ဖို့

    အစဉ် တို့ ကြိုးစားမယ်

    ကြင်နာနှိမ့်ချ ရိုင်းပင်းကူညီမယ်

    (ထပ်ကျော့ပိုဒ်)

    ဖြူစင်စိတ်ရင်း တို့ချစ်ကြမယ် ကလေးလိုပဲ

    စာနာရင်း အချင်းချင်း ကောင်းကွက်ကိုပဲ ကြည့်မယ်

    ကြင်နာစိတ်ရင်း ရိုင်းပင်းကြမယ် ကလေးလိုပဲ

    ဘယ်လိုပဲ ကွာခြားလည်း တို့ မျက်ကွယ်ပြုထားမယ်

    ကလေးစိတ် မွေးမယ်။