ခွင့်လွှတ်ကြပါ
ကူးယူပါ–
၁။ တို့အပေါ်ထားတဲ့ မေတ္တာကို နားလည်
ပြောမကုန်လောက်အောင် များလွန်းမှန်းလည်း သိတယ်
ရင့်သီးစွာပြောတဲ့စကားမှာ ရင်နာခဲ့
စိတ်ရှုပ်စရာလေးတွေ ကြုံတော့လည်း
စိတ်ညစ်နေတဲ့ အခိုက်အတန့်ဝယ်။
(ထပ်ကျော့ပိုဒ်)
နေမဝင်ခင် ပြေလည်ကြစို့လား
ဒေါသထွက်လည်း အပြစ်တော့ မလုပ်ပါနဲ့
မှားသွားခဲ့တာ ရှိရင်
တို့ကို ခွင့်လွှတ်ပါကွယ်
ခက်ပေမဲ့လည်း တောင်းပန်ပါတယ်။
၂။ စိတ်ဆိုးစရာလေးတွေ တို့ကြုံလာရချိန်
ဒေါသစကားကြောင့် စိတ်ထိခိုက်ခဲ့ရလည်း
စိတ်ပြေဖို့ရာ အကြောင်းတွေ ပေါ်လာခဲ့
ပြီးခဲ့တာ ပြီးပါစေတော့ကွယ်
ရှေ့ဆက်ကာ သင့်မြတ်ဖို့အတွက်။
(ထပ်ကျော့ပိုဒ်)
နေမဝင်ခင် ပြေလည်ကြစို့လား
ဒေါသထွက်လည်း အပြစ်တော့ မလုပ်ပါနဲ့
မှားသွားခဲ့တာ ရှိရင်
တို့ကို ခွင့်လွှတ်ပါကွယ်
ခက်ပေမဲ့လည်း တောင်းပန်ပါတယ်။
(ဆက်ဆိုရန်)
သူစိတ်ဆိုး ပြေပါစေ၊ တကယ်ဆို တို့ချစ်ခြင်းကို ခွဲဖို့ဆိုတာ မလွယ်
ကြည်ဖြူစွာနဲ့ ခွင့်လွှတ်ကာ ချေဖျက်
မိတ်ဆွေစစ်တွေ အမြဲဖြစ်ကြမယ်။
(ထပ်ကျော့ပိုဒ်)
နေမဝင်ခင် ပြေလည်ကြစို့လား
ဒေါသထွက်လည်း အပြစ်တော့ မလုပ်ပါနဲ့
မှားသွားခဲ့တာ ရှိရင်
တို့ကို ခွင့်လွှတ်ပါကွယ်
တို့ရင်မှာ တကယ် အပြစ်မယူပါတယ်
မေတ္တာတွေနဲ့ ခွင့်လွှတ်နေစေချင်ပါတယ်။