မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စမ်းသပ်မှုကို အောင်နိုင်ခဲ့

စမ်းသပ်မှုကို အောင်နိုင်ခဲ့

ကူးယူပါ–

  1. ၁။ စမ်းသပ်မှု၊ သွေးဆောင်မှု များလှ

    နေ့ရက်တိုင်းပေါ့ ကြုံရမယ် ကြိုတင်သိနေလို့

    စမ်းသပ်မှုများ ရင်ဆိုင်ရလည်း

    သတ္တိရှိရှိ ကျော်ဖြတ်မယ်၊ -ပြင်ဆင်ထားပြီမို့

    ဒီစမ်းသပ်မှုတွေ ကျော်ဖြတ်ဖို့ရယ်

    မြဲအသင့်ဖြစ်နေ ဘာလုပ်ရမယ်

    မြဲတွေးထား ငါ ဘာပြောမလဲ

    ဖိအားများဟာ သိပ်ပြင်းလို့

    သိပ်ခက်တယ် တွန်းလှန်နိုင်ဖို့တွက်

    စိတ်ချလို့ ဘုရားဆီ ဆုတောင်းမယ်

    (ထပ်ကျော့ပိုဒ်)

    ဒီလိုစမ်းသပ်မှု

    အောင်နိုင်ဖို့တွက် ကူပေးပါ

    -ငါလေ ဆုတောင်းမယ်

    အောင်နိုင်ဖို့တွက် ဆုတောင်းမယ်

  2. ၂။ လောကရဲ့ သွေးဆောင်ပုံသွင်းမှု

    ဖိအားများလည်း ကြုံရမယ် ငါကြိုသိနေလို့

    ဘုရား မကြိုက်တာ လုပ်ဖို့ လွယ်လေးမို့

    စမ်းကြည့်လိုက်ဖို့ တိုက်တွန်းလည်း၊ အကြိမ်ကြိမ် ပြောနေလည်း

    ငါတွဲကြည့်လိုက်ဖို့ ဖိအားပေးလည်း

    လောကနဲ့ ငါ မပတ်သက်ပါ

    ဘုရားရဲ့သက်သေ ငါဖြစ်ဖို့

    ဘုရားဘက် ရပ်တည်နိုင်ဖို့တွက်

    စမ်းသပ်မှုများကို ကျော်ဖြတ်မယ်

    ဒီ့အတွက် ငါ လုံးဝ မရှက်ဘူးဟေ့

    (ထပ်ကျော့ပိုဒ်)

    ဒီလိုစမ်းသပ်မှု

    အောင်နိုင်ခဲ့လို့ ပျော်မိတယ်

    ဒီလိုစမ်းသပ်မှု

    အောင်သွားလို့ ပျော်မိတယ်။