မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ထာဝစဉ်တည်တဲ့ တရားစကား

ထာဝစဉ်တည်တဲ့ တရားစကား

ကူးယူပါ–

  1. ၁။ အပေါ်ကို မျှော်ငေးကြည့်တော့

    ကြယ်ရောင်စုံတွေ လင်းလက်ပေါ့

    ကြင်နာတဲ့ လက်ရာရှင်ကို

    ခံ့ညားစိတ်နဲ့ ကျေးဇူးချီးမွမ်း

    နာမည် ခံယူခွင့်ပေး

    နိုင်ငံတော်မျှော်လင့်ချက်ပေး

    ကိုယ်တော်ရဲ့စကားတွေ တည်နေ

    ထာဝရ တို့အတွက် လမ်းပြလို့ပေး

    ကိုယ်တော်ကို မြတ်နိုးကြ

    ဂုဏ်ယူစွာ စဉ်ပေးဆက်ခဲ့ကြ

    ကိုယ်တော့်တရားစကား၊ ကာကွယ်စောင့်ထိန်းထား

    သေချာ ရေးသားပြုစုခဲ့ကြ။

    (ထပ်ကျော့ပိုဒ်)

    ကိုယ်တော့်တရားစကား တည်မြဲလို့

    နက်ရှိုင်းစွဲမြဲလို့နေ ရင်ထဲ

    ကြေညာတဲ့ သတင်းကောင်းက၊ ရင်မှာ လန်းဆန်းအေးမြ

    ကိုယ်တော့်တရားစကားအတိုင်း လိုက်လျှောက်ကြ။

  2. ၂။ အို ရန်သူတွေ ဘယ်လိုပင် တားတား

    မတားဆီးနိုင်ကြပါ

    ကိုယ်တော်ရဲ့စကား၊ အလွန်မြတ်နိုးကြ

    ယုံကြည်စိတ်အပြည့်နဲ့ ထိန်းသိမ်းကြ

    ဘယ်လိုပင် လှောင်ပိတ်မြစ်တားကြလည်း

    အသက်စွန့်ပြီး ကာကွယ်ခဲ့မြဲပဲ

    ယုံကြည်ချက် ပြင်းလွန်းလို့၊ ခိုင်မာစွာ ဆုံးဖြတ်လို့

    တရားစကားတစ်လုံးမှ ပျောက်ပျက်မသွား

    (ထပ်ကျော့ပိုဒ်)

    ကိုယ်တော်ရဲ့ တရားစကား တည်မြဲလို့

    နက်ရှိုင်းစွဲမြဲလို့နေ ရင်ထဲ

    ကြေညာတဲ့ သတင်းကောင်းက၊ ရင်မှာ လန်းဆန်းအေးမြ

    ကိုယ်တော့်တရားစကားအတိုင်း လိုက်လျှောက်ကြ။

  3. ၃။ ကိုယ်တော်ပြောပြ ယေဟောဝါ နာမဖြစ်

    သမ္မာကျမ်းထဲမှာ ထင်ရှား

    မြတ်နာမနဲ့ ကတိများ

    မှန်ကန်ခမ်းနားလွန်းလှ

    ထာဝစဉ် အမြဲတမ်း ချီးမွမ်းရင်းနဲ့။

    (ထပ်ကျော့ပိုဒ်)

    တရားစကားများ ထာဝစဉ် တည်မြဲလို့

    နက်ရှိုင်းစွဲမြဲနေ ရင်ထဲထိ

    ကြေညာတဲ့ သတင်းကောင်းက၊ ရင်မှာ လန်းဆန်းအေးမြ

    ကိုယ်တော့်တရားစကားအတိုင်း လိုက်လျှောက်ကြ

    ဘဝတစ်သက်ပါပဲ။