ပေးအပ်ဖို့ အသင့်ဖြစ်နေပြီ
ကူးယူပါ–
၁။ ရွေးရမယ့်လမ်းတွေ တကယ်သိပ်များ
ဘယ်ဘဝလမ်းထဲ တို့ခြေချရမလဲ
ဆက်ကပ်မယ့်ကတိတွက် ပြင်ဆင်နိုင်ဖို့
ဘယ်ချိန် ကောင်းဆုံးလဲ တို့သိထားလို့
အမှုတော်ထမ်းရင် အလျှံပယ်ပဲ
-ကောင်းချီးတွေ ရမှာ
တခြားသူ ဆုံးဖြတ်စရာလည်း မလိုပါဘူး
ကိုယ်တိုင်ပဲ ဆုံးဖြတ်ချင်ပြီ။
(ထပ်ကျော့ပိုဒ်)
-ကိုယ်တိုင်သာ ဆုံးဖြတ်ချင်နေပြီ
ဘုရားဘက်က ရပ်တည်နိုင်ဖို့
ခံနိုင်အောင် ကိုယ်တော် ဖေးမမှာ သိထား
ရှိသမျှပေးကာ ပုံအပ်
ပေးအပ်ဖို့ အသင့်ဖြစ်နေပြီ
၂။ ရဲစွမ်းသတ္တိတွေ ပိုင်ဆိုင်နိုင်ဖို့
ထာဝရသက်ရဖို့ ကြိုးစားမယ်
တို့ရဲ့ဘုရား စစ်မှန်ကာ တည်ရှိပြီး
ကူညီဖို့ အသင့်ရှိတာ စိတ်ချတယ်
ဘဝလမ်းက မြဲတမ်း မစိုပြည်ဘူး
ခရီးကြမ်း အစပဲကွာ
ဒီဘဝကို ပေးဆက်ချင်တယ်၊ တို့ငယ်ရွယ်တုန်း
ကိုယ်တော်နဲ့ သားတော်တွက်ပဲ
(ထပ်ကျော့ပိုဒ်)
-ကိုယ်တိုင်သာ ဆုံးဖြတ်ချင်နေပြီ
ဘုရားဘက်က ရပ်တည်နိုင်ဖို့
ခံနိုင်အောင် ကိုယ်တော် ဖေးမမှာ သိထား
ရှိသမျှပေးကာ ပုံအပ်
ပေးအပ်ဖို့ အသင့်ဖြစ်နေပြီ
ပေးအပ်ဖို့ အသင့်ဖြစ်နေပြီ
တို့ပေးဖို့ အသင့်ဖြစ်နေပြီ။