ယုံကြည်စွာ ရှေ့ဆက် ကျော်ဖြတ်လိုက်
ကူးယူပါ–
၁။ ငါသောကစိတ် ပြည့်နှက်၊ ဘဝ မရေရာဘူး
သတင်းကောင်း ကြားရချိန် ငါပျော်မိခဲ့
ရင်မှာ ပေါ်လာ၊ ဆက်သိချင်စိတ်
စိတ်ရှုပ်ခဲ့သမျှတွေ အကုန်ပြေလည်ကာသွား
ဒီပူပန်မှုများအားလုံး ပြယ်လွင့်ကာသွား
ပူပန်မှုများ လွင့်ပျောက်လို့သွား။
(ထပ်ကျော့ပိုဒ်)
ဒီခရီးကြမ်းက ရှည်လွန်းလည်း
ရှေ့ကို ဆက်လျှောက်ကြမယ်
ယုံကြည်စွာ ရှေ့ဆက် ကျော်ဖြတ်လိုက်
ရှေ့ကို ဆက်လျှောက်ကြမယ်
ဖြတ်ကျော်နိုင်တယ်။
၂။ သိထားတဲ့အကြောင်းလေးတွေ ဝေမျှချင်နေပြီ
တို့ဟောဖို့ အသင့်ပဲလေ၊ တကယ် အသင့်ပဲလေ
သေချာပြီလေ
တို့ဟောဖို့ အသင့်ပဲ
ရင်ထဲတောက်တဲ့ မီးလို ခိုင်ခံ့နေ ယုံကြည်ခြင်း
မယိုင်အောင် ဆက်ထိန်းထားမယ်၊ မယိုင်လဲနဲ့
ခိုင်မာစွာပဲ လက်မလျှော့ပါနဲ့။
(ထပ်ကျော့ပိုဒ်)
ဒီခရီးကြမ်းက ရှည်လွန်းလည်း
ရှေ့ကို ဆက်လျှောက်ကြမယ်
ယုံကြည်စွာ ရှေ့ဆက် ကျော်ဖြတ်လိုက်
ရှေ့ကို ဆက်လျှောက်ကြမယ်
ဖြတ်ကျော်နိုင်တယ်။
(ဆက်ဆိုရန်)
ရင်မှာ နွမ်းလျ၊ သောက၊ မုန်တိုင်း ထန်နေလည်း
အကြိမ်ကြိမ် တောင်းလျှောက်၊ အသနားခံ၊ ယေဟောဝါဘုရား ကူညီပါ
“တကယ် စိတ်ချလက်ချ တောင်းခံရင်
ခံရပ်ဖို့ အစွမ်းများ ပေးမှာပါ
ဘယ်လိုပင် ခက်ခဲလွန်းလည်း
တို့ရင်ဆိုင်ကာ ကျော်လွှား။”
(ထပ်ကျော့ပိုဒ်)
ဒီခရီးကြမ်းက ရှည်လွန်းလည်း
ရှေ့ကို ဆက်လျှောက်ကြမယ်
ယုံကြည်စွာ ရှေ့ဆက် ကျော်ဖြတ်လိုက်
ရှေ့ကို ဆက်လျှောက်ကြမယ်။
(ထပ်ကျော့ပိုဒ်)
ယုံကြည်စိတ်နဲ့ ကျော်ဖြတ်ပေါ့
ရှေ့ကို ဆက်လျှောက်ကြမယ်
ယုံကြည်စွာ ရှေ့ဆက် ကျော်ဖြတ်လိုက်
ရှေ့ကို ဆက်လျှောက်ကြမယ်
ဖြတ်ကျော်နိုင်တယ်။