မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယုံထားလိုက်ပါကွာ

ယုံထားလိုက်ပါကွာ

ကူးယူပါ–

  1. ၁။ တို့မျှော်လင့်မထားတဲ့

    အပြောင်းလဲတွေ မြန်ဆန်လွန်းလှလို့

    ရှေ့ဆက် ဘယ်လို ရင်ဆိုင်ကျော်ဖြတ်ရမယ်

    ငါရင်တွေမောမိ တွေးမိတိုင်း။

    ငါတို့ ရင်ဆိုင်ရတဲ့

    ဒုက္ခတွေ ကိုယ်တော် သိဆုံးမို့

    လိုအပ်ချက်တွေကို ကူညီဖြည့်ဆည်းပေးမှာ

    ယုံကြည်စွာ ရှေ့ဆက်ကြစို့လား။

    (အကြိုထပ်ကျော့ပိုဒ်)

    တို့တတ်နိုင်၊ စွမ်းသလောက်

    ဘုရားရှင် တန်ဖိုးထားကာ မြတ်နိုးနေမြဲ။

    တို့ယောက်စီတိုင်းလည်းပဲ

    ဘုရားကို တုပစေချင်တာ။

    (ထပ်ကျော့ပိုဒ်)

    သူငယ်ချင်း၊ လိုနေချိန်တိုင်းမှာ

    နင်လေ ငါ့ဘေးနား ရှိကာ ကူပေးတာ။

    ဒီလိုပဲ

    နင်ဒုက္ခရောက်ချိန် အပြေးသာ လှမ်းခဲ့မှာ

    ငါဟာ သူငယ်ချင်းပဲ

    ယုံထားလိုက်ပါကွာ။

  2. ၂။ ငိုကြွေးသူကို နှစ်သိမ့်

    ဖေးမကူညီကာ အားပေးရင်း

    အို ဆို့နင့် ရင်မှာ၊ ကြွေကာဖြာဆင်း မျက်ရည်

    နာကျင်ခံစားရ ထပ်တူပါ။

    (အကြိုထပ်ကျော့ပိုဒ်)

    စိတ်ဓာတ်တွေကျချိန်မှာ

    ယေဟောဝါ ထူမပေးကာ လက်တွဲခေါ်တာ

    တို့လည်း ဘုရားနည်းအတိုင်း

    စာနာစွာ အချင်းချင်း ကူညီစို့။

    (ထပ်ကျော့ပိုဒ်)

    သူငယ်ချင်း၊ လိုနေချိန်တိုင်းမှာ

    နင်လေ ငါ့ဘေးနား ရှိကာ ကူပေးတာ။

    ဒီလိုပဲ

    နင်ဒုက္ခရောက်ချိန် အပြေးသာ လှမ်းခဲ့မှာ

    ငါဟာ သူငယ်ချင်းပဲ

    ယုံထားလိုက်စမ်းပါ။

    (ထပ်ကျော့ပိုဒ်)

    သူငယ်ချင်း၊ လိုနေချိန်တိုင်းမှာ

    နင်လေ ငါ့ဘေးနား ရှိကာ ကူပေးတာ။

    ဒီလိုပဲ

    နင်ဒုက္ခရောက်တိုင်း အပြေးသာ လှမ်းခဲ့မှာ

    ငါဟာ သူငယ်ချင်းပဲ

    ယုံထားလိုက်စမ်းပါ။