အချစ်စစ်
ကူးယူပါ–
၁။ ချစ်တဲ့စိတ်လေးဟာ ဘုရားဆီက
ဖိုးထိုက်လက်ဆောင်ပါ အဖိုးဖြတ်မရ
ထပ်တူညီနေပြီ ရင်ခုန်သံများ
ဒီလိုနဲ့စခဲ့ပေါ့ ချစ်ခရီးလမ်း
(ထပ်ကျော့ပိုဒ်)
နှစ်ကိုယ်တူ ရွှေလက်တွဲ ချစ်နဲ့ဆောက်တဲ့ဘဝထဲ
တို့ချစ်တွေ ခိုင်မာ
ပိုတိုးဖို့
သုံးလွန်းကြိုးလို တို့နှစ်ဦး ဘုရားလမ်းအတိုင်း လိုက်စို့
ကိုယ်တော်ရှင် ကျေးဇူးပါ ဒီအချစ်တွက်
ဒီချစ်သူမင်းတွက်
ချစ်တဲ့မင်းတွက်
၂။ ဘယ်လိုခက်ခဲလည်း
ဒီနှောင်ကြိုးတို့ ထပ်တိုး ချည်ရစ်ဆဲ
တို့ကို ဘယ်သူတွေ ဘယ်လိုပင် ဖျက်ဖျက်
ခိုင်မာတည်ဆောက်ထားပေါ့ တို့ရဲ့အချစ်များ
လုံးဝ ဖျက်မရပါ
(ထပ်ကျော့ပိုဒ်)
နှစ်ကိုယ်တူ ရွှေလက်တွဲ ချစ်နဲ့ဆောက်တဲ့ဘဝထဲ
တို့ချစ်တွေ ခိုင်မာ
ပိုတိုးဖို့
သုံးလွန်းကြိုးလို တို့နှစ်ဦး ဘုရားလမ်းအတိုင်း လိုက်စို့
ကိုယ်တော်ရှင် ဒီအချစ်တွက် ကျေးဇူးပဲ
ဒီချစ်သူမင်းတွက်
ချစ်သူမင်းတွက်။
(ဆက်ဆိုရန်)
တို့ရဲ့အချစ် မြဲခိုင်လွန်းလို့
ဘယ်လိုပင်ဖျက်ဖျက် ဖျက်မရ ဒီနှောင်ကြိုးလေး
ရင်မှာ ဒီချစ်ခြင်းတို့ အလွန်အင်အားကြီး
ကိုယ့်ရဲ့ ‘အရိုးနဲ့ အသား’ တကယ် တစ်ကိုယ်တစ်သားတည်း
နှလုံးသားလှတာ မွန်မြတ်ဆုံး၊ ကိုယ်တော် နှစ်သက်ဆုံး
ကိုယ်လေ ချစ်သွားပါ့မယ် တစ်သက်လုံး
၃။ ရင်မှာပေါ်လာ ဒီလိုချစ်များ
ကိုယ့်ရဲ့ချစ်စစ် မင်းတစ်ယောက်တည်းတွက်ပဲ
တကယ်ကို ကျေးဇူးပဲ ချစ်ဇနီးလေး
ကိုယ့်ဘဝထဲ ဝင်လာကာ ကူမပေး
ကျေးဇူးပဲ
(ထပ်ကျော့ပိုဒ်)
နှစ်ကိုယ်တူ ရွှေလက်တွဲ ချစ်နဲ့ဆောက်တဲ့ဘဝထဲ
တို့ချစ်တွေ ခိုင်မာ
ထပ်တိုးဖို့
သုံးလွန်းကြိုးလို တို့နှစ်ဦး ဘုရားလမ်းအတိုင်း လိုက်စို့
ကိုယ်တော်ရှင် ဒီအချစ်တွက် ကျေးဇူးပဲ
ဒီချစ်သူမင်းတွက်
ချစ်တဲ့မင်းတွက်
ကိုယ်တော်ပေးတဲ့ အချစ်တွက် ကျေးဇူးပဲ
ချစ်သူမင်းတွက်။